// | DailyBriefNews အပူလှိုင်း ရိုက်ခတ်ပြီးနောက် ဥရောပတောင်ပိုင်းတစ်လွှားရှိ တောမီးလောင်ကျွမ်းမှုများကို မီးသတ် သမားများ ငြှိမ်းသတ်နေရ -

အပူလှိုင်း ရိုက်ခတ်ပြီးနောက် ဥရောပတောင်ပိုင်းတစ်လွှားရှိ တောမီးလောင်ကျွမ်းမှုများကို မီးသတ် သမားများ ငြှိမ်းသတ်နေရ

ဇူလိုင်လ ၇ ရက်၊ ၂၀၂၆

ဥရောပတိုက်တစ်ဝန်း၌ မေလနှင့် ဇွန်လတို့အတွင်း အပူလှိုင်းတိုက်ခတ်မှုများကြောင့် လူထောင်နှင့်ချီ၍ သေဆုံးမှုများ ဖြစ်ခဲ့ရပြီးနောက် ဥရောပတောင်ပိုင်းဒေသများစွာတွင် လိုင်ဘေးရီးယားကျွန်းဆွယ်မှသည် ဘောလ်ကန်ဒေသအထိ တောမီးများ လောင်ကျွမ်းနေကြောင်း သိရပါတယ်။

၎င်းတောမီးများက ဥရောပဒေသအများစုတွင် ကြီးမားသော အပူလှိုင်းများ ဖြစ်ပေါပြီးနောက် ဆက်လက် ဖြစ်ပေါ်လာခြင်းလည်းဖြစ်ကြောင်း သိရပါတယ်။

ပေါ်တူဂီ၊ စပိန်၊ ပြင်သစ်၊ ဂရိနှင့် အခြားနိုင်ငံများတွင် တောမီးများကြောင့် လူအများအပြားကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရပြီး Tour de France စက်ဘီးစီး ပြိုင်ပွဲကျင်းပနိုင်မှုကိုပင် ခြိမ်းခြောက်နေသည်ဟုဆိုထားပါတယ်။

မြေ ဟက်တာ ၂၀,၀၀၀ ကျော်(ဧက ၅၀,၀၀၀ ခန့်) မှာလည်း တောမီးလောင်ကျွမ်းမှုကြောင် ပျက်စီးခဲ့ရပြီးဖြစ်ကာ ဥရောပ၌ လူထောင်ပေါင်းများစွာ သေဆုံးရသည့် အဓိက အပူလှိုင်းများမှ လွတ်မြောက်လာပြီးနောက် ဆက်လက် ဖြစ်ပေါ်လာခြင်းဖြစ်ပါတယ်။

ပြင်သစ်အနောက်တောင်ပိုင်း၊ ပိုင်ရီနီးစ် (Pyrenees) တောင်တန်းတွင် ဟက်တာ ၄,၆၀၀ ကျော် လောင်ကျွမ်းခဲ့သော တောမီးကြောင့် ပါပစ်နန်မြို (Perpignan) အနီးရှိ လူ ၁၀,၅၀၀ ကိုလည်း ၎င်းတို့၏နေအိမ်များမှ ဘေးလွတ်ရာသို့ စွန့်ခွာရန် အာဏာပိုင်များက ပြောကြားခဲ့ပါတယ်။

တောမီးလောင်ကျွမ်းမှုကြောင့် ပိုင်ရီနီးစ် တောင်တန်းတစ်လျှောက် Tour de France စက်ဘီးပြိုင်ပွဲ၏ တတိယအဆင့်ကို မီးအန္တရာယ်ကြားတွင် ပရိသတ်မပါဘဲသာကျင်းပရန် အာဏာပိုင်များက ပြောကြားခဲ့ပါတယ်။

စပိန်နိုင်ငံမှ ပြင်သစ်နိုင်ငံသို့ ၁၉၆ ကီလိုမီတာ (၁၂၂ မိုင်) ရှည်လျားသော စက်ဘီးစီးပြိုင်ပွဲလမ်းကြောင်းတစ်လျှောက်တွင် စီးနင်းသူများနှင့် ၎င်းတို့၏အသင်းယာဉ်များကိုသာ ပြိုင်ပွဲကျင်းပနေစဉ် သွားလာခွင့်ပြုမည်ဖြစ်ကြောင်း သိရပါတယ်။

ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူး ပိုင်ရီရက်နော့က သတင်းထောက်များအား “ကျွန်တော် ဒီလိုပြောရတာကို စိတ်မကောင်းပါဘူး။ အနည်းဆုံးတော့ ပြင်သစ်မှာဆိုရင် Tour de France ရဲ့ ပွဲစဉ်က ပရိသတ်မပါဘဲ ဖြစ်နေလိမ့်မယ်” ဟု ပြောကြားခဲ့ပါတယ်။

ပြင်သစ်နိုင်ငံအရှေ့တောင်ပိုင်း ဒရုမ်း (Drome) အုပ်ချုပ်မှုဌာန၏ တောင်ထူထပ်သောခရိုင်တစ်ခုတွင်လည်း နောက်ထပ်မီးလောင်မှုတစ်ခုကို မီးသတ်သမားရာပေါင်းများစွာက ငြှိမ်းသတ်နေရပါတယ်။

စပိန်နိုင်ငံ အရှေ့မြောက်ပိုင်း ဂီရိုနာ (Girona) ဒေသတွင် ဇူလိုင်လ ၃ ရက်က စတင်လောင်ကျွမ်းခဲ့ပြီးနောက် ကော့စတာ ဘရာဗာ ဒေသ၏ ခရီးသွားကမ်းခြေများကို ခြိမ်းခြောက်ခဲ့သော တောမီးသည် မြေဧက ၂,၂၀၀ နီးပါး (ဧက ၅,၄၀၀) လောင်ကျွမ်းခဲ့ပြီး ဇူလိုင်လ ၆ ရက်အထိ ထိန်းချုပ်နိုင်ခြင်း မရှိသေးပေ။

နိုင်ငံ၏ အချိုဒေသများတွင် အပူချိန်များသည် ၄၀ ဒီဂရီစင်တီဂရိတ် (၁၀၄ ဒီဂရီဖာရင်ဟိုက်) ကျော်အထိ မြင့်တက်လာပြီးနောက် မီးလောင်ကျွမ်းမှုအသစ်များအတွက် စိုးရိမ်မှုများ တိုးပွားလာစေခဲ့ရပါတယ်။

ဂရိနိုင်ငံတွင် တောမီးကြောင့် နိုင်ငံမြောက်ပိုင်း သက်ဆာလိုနီကီမြိုရှိ စက်ရုံနှစ်ရုံ မီးလောင်ပျက်စီးခဲ့ပြီး အာဏာပိုင်များက ပတ်ဝန်းကျင်ဒေသမှ လူများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ပြီး ဒေသခံများအား ပြတင်းပေါက်များ ပိတ်ထားရန် သတိပေးချက်များ ထုတ်ပြန်ခဲ့ပါတယ်။

ပေါ်တူဂီနိုင်ငံတွင် မြောက်ပိုင်းခရိုင်တစ်ခုရှိ သစ်တောနှင့် ချုံပုတ်မြေ ဟက်တာ ၁၃,၀၀၀ ခန့်ကို ဖျက်ဆီးခဲ့သော တောမီးကို ထိန်းချုပ်နိုင်ခဲ့ပြီဟု သတင်းများထွက်ပေါခဲ့သော်လည်း နိုင်ငံ၏ ဒေသလေးခုတွင် ဇူလိုင်လ ၆ ရက် အထိ အပူသတိပေးချက် ထုတ်ပြန်ထားဆဲဖြစ်ပါတယ်။

လူသားများ၏ ရုပ်ကြွင်းလောင်စာများကို လောင်ကျွမ်းစေခြင်းသည် အပူလှိုင်းများနှင့် အခြားပြင်းထန်သော ရာသီဥတုဖြစ်စဉ်များ ပိုမိုဖြစ်ပွားနိုင်ခြေနှင့် ပြင်းထန်လာစေသည့် ရာသီဥတုကို ပြောင်းလဲစေသည်ဟု သိပ္ပံပညာရှင်များက သဘောတူညီကြပါတယ်။ ထိုကြောင့် တောမီးလောင်ကျွမ်းမှုနှင့် ရေကြီးရေလျှံမှု နှစ်မျိုးလုံး၏ အန္တရာယ်ကို မြင့်တက်လာစေမည်ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ရန်ကုန်တိုင်းက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် တိုင်းနှင့်ပြည်နယ် စားပွဲတင်တင်းနစ်ပြိုင်ပွဲ စတင်
Next post အားကစားသည် နိုင်ငံ၏ဂုဏ်သိက္ခာနှင့် နိုင်ငံတကာချစ်ကြည်ရေး မြှင့်တင်ရာတွင် အရေးပါကြောင်း ဒုတိယဝန်ကြီးပြော