// | DailyBriefNews မြို့တော်၏ ဂုဏ်သိက္ခာမြှင့်တင်မည့် နေပြည်တော်မြို့အဝင်မုခ်ဦးကို ငလျင်ဒဏ်ခံနိုင်စံနှုန်းဖြင့် တည်ဆောက်ရန် နိုင်ငံတော်သမ္မတ မှာကြား -

မြို့တော်၏ ဂုဏ်သိက္ခာမြှင့်တင်မည့် နေပြည်တော်မြို့အဝင်မုခ်ဦးကို ငလျင်ဒဏ်ခံနိုင်စံနှုန်းဖြင့် တည်ဆောက်ရန် နိုင်ငံတော်သမ္မတ မှာကြား

ဇွန် ၂၆၊ ၂၀၂၀၆

နေပြည်တော်မြို့အဝင်မုခ်ဦးကို မြို့တော်အဝင် အထင်ကရအမှတ်အသားဖြစ်စေရန်၊ မြို့တော်အတွင်းသို့ ဝင်ရောက်လာသူများကို မင်္ဂလာရှိစွာကြိုဆိုရန်၊ နိုင်ငံရဲ့ မြို့ပြဂုဏ်သိက္ခာနဲ့ အဆင့်အတန်းကိုမြှင့်တင်နိုင်ရန်၊ မြန်မာ့ယဉ်ကျေးမှုနဲ့ သမိုင်းကြောင်းအားထိန်းသိမ်းဖော်ပြရန်ရည်ရွယ်တည်ဆောက်လျက်ရှိပါတယ်။

ထိုသို့ တည်ဆောက်နေမှုလုပ်ငန်းခွင်အား နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယမန်နေ့ ဇွန် ၂၅ ရက်နံနက်ပိုင်းမှာ ကြည့်ရှုစစ်ဆေးရာ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမျိုးသန့်က လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပါတယ်။

နိုင်ငံတော်သမ္မတက မြို့အဝင်မုခ်ဦးတည်ဆောက်ရာတွင် မုခ်ဦးအား မြန်မာမှုလက်ရာများဖြင့် ခမ်းခမ်းနားနား စနစ်တကျတည်ဆောက်ရန်၊ မုခ်ဦးအဆောက်အဦအား ငလျင်ဒဏ်ခံနိုင်စေရေးနဲ့ ခိုင်မာလှပသေသပ်စွာဆောင်ရွက်ရန် မှာကြားခဲ့ပါတယ်။

ဒါ့ပြင် ဆောက်လုပ်ရေးလုပ်ငန်းခွင်ကြောင့် ယာဉ်များသွားလာမှုမပျက်စေရေး ရှောင်ကွင်းလမ်းများစနစ်တကျဖောက်လုပ်ပေးရန်၊ လမ်းများအား ထောင့်ချိုးများအနည်းဆုံးဖြင့်တည်ဆောက်ရန်၊ အများပြည်သူများ အပန်းဖြေနေရာများနှင့် ကားရပ်နားရန်နေရာများကိုစနစ်တကျထည့်သွင်းတည်ဆောက်ရန်၊ လိုအပ်ပါက လူကူး Underpass များထည့်သွင်းလျာထားဖောက်လုပ်ရန်လည်း မှာကြားခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post အာဆီယံ ယူ-၁၉ အမျိုးသမီးဖူဆယ်ပြိုင်ပွဲအတွက် ပြင်ဆင်မှုများ ဆွေးနွေး
Next post မြန်မာအမျိုးသမီးလိဂ် Week-2 အကောင်းဆုံးကစားသမား (၅) ဦး ရွေးချယ်ခံရ၊ ဇင်မိုးပြည့် နှစ်ပတ်ဆက်တိုက် ပါဝင်