// | DailyBriefNews နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် Gateway of India, Mumbai အား ကြည့်ရှုလေ့လာ -

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် Gateway of India, Mumbai အား ကြည့်ရှုလေ့လာ

ဇွန်လ ၃ ရက်

အိန္ဒိယနိုင်ငံသို ရောက်ရှိနေတဲ့ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ဟာ ယနေ့ ဇွန်လ ၃ ရက် နံနက်ပိုင်းက မွမ်ဘိုင်းမြို့ရဲ့ အထင်ကရ သမိုင်းဝင် အဆောက်အအုံတစ်ခုဖြစ်တဲ့ Gateway of India အား သွားရောက်ကြည့်ရှုလေ့လာခဲ့ပါတယ်။

ထိုသို ကြည့်ရှုလေ့လာရာမှာ တာဝန်ရှိသူများက Gateway of India ရဲ့ သမိုင်းကြောင်း၊ ဗိသုကာလက်ရာဆိုင်ရာ ထူးခြားချက်များနှင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထင်ကရနေရာတစ်ခုအဖြစ် ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြခဲ့ကြပါတယ်။

ယင်းရှင်းလင်းတင်ပြချက်များအပေါ် နိုင်ငံတော်သမ္မတက သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရှိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် အိန္ဒိယသမ္မတအိမ်တော် ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် မှတ်တမ်းတင်လက်မှတ်ရေးထိုးခဲ့
Next post နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် နေပြည်တော်လေဆိပ်သို့ပြန်လည်ရောက်ရှိလာ