// | DailyBriefNews နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် နေပြည်တော်လေဆိပ်သို့ပြန်လည်ရောက်ရှိလာ -

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် နေပြည်တော်လေဆိပ်သို့ပြန်လည်ရောက်ရှိလာ

ဇွန်လ ၃ ရက်

အိန္ဒိယနိုင်ငံဝန်ကြီးချုပ် မိုဒီရဲ့ ဖိတ်ကြားချက်အရ အိန္ဒိယနိုင်ငံသို့ တရားဝင်ခရီးစဥ်သွားရောက်ပြီး အိန္ဒိယနိုင်ငံသမ္မတ၊ အိန္ဒိယနိုင်ငံဝန်ကြီးချုပ်တို့နှင့်တွေ့ဆုံပြီး နိုင်ငံအတွက်အကျိုးရှိတဲ့ ဆွေးနွေးမှုများပြုလုပ်ခဲ့ကာ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ဟာ ယနေ့ ဇွန် ၃ ရက်ညပိုင်းမှာ နေပြည်တော်လေဆိပ်သို့ ပြန်လည်ရောက်ရှိလာခဲ့ကြောင်း သိရပါတယ်။

နေပြည်တော်လေဆိပ်သို့ ရောက်ရှိလာတဲ့ နိုင်ငံတော်သမ္မတအား အစိုးရအဖွဲ့တာဝန်ရှိသူများ၊ ရန်ကုန်မြို့အခြေစိုက်အိန္ဒိယသံရုံးရဲ့ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ခဲ့ကြကြောင်း သိရပါတယ်။

နိုင်ငံတော်သမ္မတဟာ အိန္ဒိယနိုင်ငံ၊ မွမ်ဘိုင်းမြို့မှ မြန်မာနိုင်ငံသို့ အထူးလေယာဥ်ဖြင့် ပြန်လည်ထွက်ခွာချိန်မှာလည်း အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး၊ ကော်လ်ကတ္တားမြို့၊ မြန်မာကောင်စစ်ဝန်ချုပ်နှင့် ဝန်ထမ်းများ၊ မဟာရာ့ရှ်ထရာပြည်နယ်မှ အဆင့်မြင့်ကိုယ်စားလှယ်နှင့် တာဝန်ရှိသူများက ပို့ဆောင်နှုတ်ဆက်ခဲ့ကြကြောင်း သိရှိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် Gateway of India, Mumbai အား ကြည့်ရှုလေ့လာ
Next post မြေပေါ်မြေအောက်သယံဇာတများ၊ အရင်းအမြစ်ကောင်းများပိုင်ဆိုင်ထားသည့် မြန်မာနိုင်ငံ၌ အလုပ်အကိုင်အခွင့်အလမ်းများကို နိုင်ငံတော်ကဖော်ဆောင်ပေးမည်ဟု နိုင်ငံတော်သမ္မတ ပြော