ဗုဒ္ဓဘာသာဝင်များအထွဋ်အမြတ်ထားသည့် ဗုဒ္ဓဂါယာရှိ မဟာဗောဓီစေတီတော်ကို နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဖူးမြှော်ကြည်ညို

မေလ ၃၀ ရက်
အိန္ဒိယနိုင်ငံသို့ တရားဝင်ခရီးစဥ်ရောက်ရှိနေတဲ့ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ဟာ မေ ၃၀ ရက် နံနက်ပိုင်းက ဗုဒ္ဓဘာသာဝင်များအထွဋ်အမြတ်ထားတဲ့ ဗုဒ္ဓဂါယာယဥ်ကျေးမှုနယ်မြေရှိ မဟာဗောဓိစေတီတော်ကို ဖူးမြှော်ကြည်ညိုပြီး ရုပ်ပွားတော်မြတ်ကြီးအား ဆွမ်း၊ ရေချမ်းနှင့် ပန်းဆပ်ကပ်လှူဒါန်းခဲ့ပါတယ်။

နားနေဆောင်မှာ အလှူငွေများလှူဒါန်းပြီး ဗုဒ္ဓဂါယာ ယဥ်ကျေးမှုနယ်မြေအတွင်း လှည့်လည်ဖူးမြော်ကြည်ညိုခဲ့ပါတယ်။

ဗုဒ္ဓဂါယာသို့ နိုင်ငံ့ခေါင်းဆောင်များ သွားရောက်ဖူးမြော်ခြင်းဟာ ဘာသာရေးဆိုင်ရာအရေးပါမှုအပြင် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့် ယဉ်ကျေးမှုဆက်ဆံရေးမြှင့်တင်ရေးအတွက်လည်း အထူးအဓိပ္ပာယ်ရှိလှပါတယ်။

ဗုဒ္ဓဂါယာဟာ အိန္ဒိယနိုင်ငံ၊ ဘီဟာပြည်နယ်မှာရှိပြီး ဂေါတမဗုဒ္ဓဟာ ဗောဓိပင်အောက်မှာ သမ္မာသမ္ဗောဓိဉာဏ်တော်ရရှိခဲ့ပြီးဗုဒ္ဓဘာသာဝင်များရဲ့ အထွတ်အမြတ်ထားရာ သမိုင်းဝင်ဘုရားဖူးဒေသဖြစ်ကာ မဟာဗောဓိစေတီတော်နှင့် ဗောဓိပင်တော်တို့ဟာ ကမ္ဘာတစ်ဝန်းရှိ ဗုဒ္ဓဘာသာဝင်များရဲ့ ယုံကြည်ကိုးကွယ်ရာ အထင်ကရနေရာများဖြစ်ပြီး ၂၀၀၂ ခုနှစ်မှာ UNESCO ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဒေသအဖြစ်သတ်မှတ်ခံထားရပါတယ်။

မြန်မာနိုင်ငံအပါအဝင် သီရိလင်္ကာ၊ ထိုင်း၊ လာအို၊ က မ္ဘောဒီးယားနှင့် အခြားဗုဒ္ဓဘာသာနိုင်ငံများမှ ဘုရားဖူးများ နှစ်စဉ်လာရောက်ဖူးမြော်လေ့ရှိပြီး မြန်မာနိုင်ငံကလည်း ဗုဒ္ဓဂါယာဒေသမှာ ဘုန်းတော်ကြီးကျောင်းနှင့် သာသနာရေးအဆောက်အအုံများတည်ဆောက်ထားပါတယ်။
