// | DailyBriefNews ဗုဒ္ဓဂါယာရှိ မဟာဗောဓိဓမ္မရိပ်သာ မြန်မာဘုန်းတော်ကြီးကျောင်းမှ သံဃာတော်များကို နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဖူးမြှော် -

ဗုဒ္ဓဂါယာရှိ မဟာဗောဓိဓမ္မရိပ်သာ မြန်မာဘုန်းတော်ကြီးကျောင်းမှ သံဃာတော်များကို နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဖူးမြှော်

မေလ ၃၀ ရက်

အိန္ဒိယနိုင်ငံ၊ ဘီဟာပြည်နယ်၊ ဗုဒ္ဓဂါယာသို့ရောက်ရှိနေတဲ့ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ဟာ မေ ၃၀ ရက် နံနက်ပိုင်းက ဗုဒ္ဓဂါယာရှိ မဟာဗောဓိဓမ္မရိပ်သာ မြန်မာဘုန်းကြီးကျောင်းသို့သွားရောက်ခဲ့ပါတယ်။

ထိုသို သွားရောက်ပြီးနောက် မဟာဗောဓိဓမ္မရိပ်သာ မြန်မာဘုန်းကြီးကျောင်းရှိ ဆရာတော်၊ သံဃာများအား ဖူးမြော်ကြည်ညိုပြီး လှူဖွယ်ဝတ္ထုပစ္စည်းများဆပ်ကပ်လှူဒါန်းခဲ့ကြောင်း သိရပါတယ်။

ထိုပြင် နိုင်ငံတော်သမ္မတဟာ မြတ်စွာဘုရားရှင်ရဲ့ ဘဝအလှည့်အပြောင်းနှင့် ဆက်နွယ်တဲ့ သာသနာရေးဆိုင်ရာအထိမ်းအမှတ်နေရာဖြစ်တဲ့ သုဇာတာကျောင်းတော်နှင့် သုဇာတာအိမ်နေရာစေတီကုန်းတို့ကို ကြည့်ရှုလေ့လာခဲ့ကြောင်း သိရပါတယ်။

သုဇာတာကျောင်းတော်ဟာ အိန္ဒိယနိုင်ငံ၊ ဘီဟာပြည်နယ်၊ ဗုဒ္ဓဂါယာအနီး ဆေနာနိဂမ်ကျေးရွာအနီးမှာ တည်ရှိကာ မြတ်စွာဘုရားရှင်ရဲ့ သာသနာရေးသမိုင်းနှင့်ဆက်နွယ်တဲ့ အရေးပါတဲ့ ဘုရားဖူးနေရာတစ်ခုဖြစ်ပါတယ်။

မြတ်စွာဘုရားရှင်ဟာ သမ္မာသမ္ဗောဓိဉာဏ်တော်မရရှိမှီ အလွန်ပြင်းထန်တဲ့ တရားကျင့်စဉ်ကာလအတွင်း ခန္ဓာကိုယ်အားနည်းနေစဉ် သုဇာတာအမည်ရှိ အမျိုးသမီးက နိုထမင်းဆက်ကပ်လှူဒါန်းခဲ့သည်ဟု သမိုင်းနှင့် ဗုဒ္ဓစာပေများမှာ ဖော်ပြထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ဗုဒ္ဓဘာသာဝင်များအထွဋ်အမြတ်ထားသည့် ဗုဒ္ဓဂါယာရှိ မဟာဗောဓီစေတီတော်ကို နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဖူးမြှော်ကြည်ညို
Next post နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် နယူး​ဒေလီမြို့သို့​ရောက်ရှိ