နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် အိန္ဒိယနိုင်ငံသို့ ရောက်ရှိ

မေလ ၃၀ ရက်
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ဟာ အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် ရှရီ နာရန်ဒရာ မိုဒီရဲ့ ဖိတ်ကြားချက်အရ ယနေ့ မေ ၃၀ ရက်နံနက်ပိုင်းက အိန္ဒိယနိုင်ငံသို့ တရားဝင်ခရီးစဉ်အဖြစ် နေပြည်တော်လေဆိပ်မှ အထူးလေယာဥ်ဖြင့် ထွက်ခွာသွားခဲ့ပါတယ်။

ထိုနောက် နိုင်ငံတော်သမ္မတရဲ့ အထူးလေယာဥ်ဟာ အိန္ဒိယနိုင်ငံ၊ ဂါယာအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဆိုက်ရောက်ခဲ့ရာ အိန္ဒိယနိုင်ငံဘက်မှ တာဝန်ရှိသူများက အခမ်းအနားဖြင့် ကြိုဆိုနှုတ်ဆက်ခဲ့ကြပါတယ်။

နိုင်ငံတော်သမ္မတနှင့်အတူ နိုင်ငံတော်သမ္မတရုံး ပြည်ထောင်စုဝန်ကြီးဦးခင်မောင်ရီ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးတင်မောင်ဆွေ၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာကံဇော်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမင်းနောင်၊ စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများဖွံဖြိုးတိုးတက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါက်တာခင်နိုင်ဦး၊ ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးအရာရှိချုပ် ဒု-ဗိုလ်ချုပ်ကြီးမိုးမြင့်ဆွေ၊ ဒု-ဝန်ကြီးများနှင့် တာဝန်ရှိသူများလိုက်ပါသွားခဲ့ကြပါတယ်။

