// | DailyBriefNews “မတော်တဆ” Music Video အဆွေးသီချင်းရဲ့ စာသားလေးတွေက ပရိသတ်ရင်ကို ထိမှန်စေမှာပါလို့ ဖွင့်ဟလာတဲ့ ဝိုင်းစုခိုင်သိန်း -

“မတော်တဆ” Music Video အဆွေးသီချင်းရဲ့ စာသားလေးတွေက ပရိသတ်ရင်ကို ထိမှန်စေမှာပါလို့ ဖွင့်ဟလာတဲ့ ဝိုင်းစုခိုင်သိန်း

ဂီတလမ်းကြောင်းပေါ်မှာ ပရိသတ်အကြိုက်တွေ့စေတဲ့ တေးသီချင်းတွေကို သီဆိုတတ်တဲ့ အဆိုတော် ဝိုင်းစုခိုင်သိန်းရဲ့ “မတော်တဆ” Music Video အဆွေးသီချင်းရဲ့ စာသားလေးတွေက ပရိသတ်ရင်ကိုထိမှန်စေမှာပါလို့ ဖွင့်ဟလာပါတယ်။

 “မတော်တဆ သီချင်းလေးကတော့ အ‌ဆွေး သီချင်းလေးပါပဲ။ စာသားတွေကတော့ ပုံစံနည်းနည်း ပြောင်းထားပါတယ်။ ဗျတ္တရဲ့ စာသားတွေကတော့ သိတဲ့တိုင်းပဲလေ။ သစ္စာရှိတိုင်းအတွက်က မျက်ရည်၊ ဖောက်ပြန်သူတွေက ပျော်ရွှင်မှုဆိုတဲ့ စကားလုံးတိုင်းက ရင်ထဲထိခဲ့တာ။ စာသားအကြောင်းတိုင်းက ကောင်းတယ်။ အ သည်းကွဲ သီချင်းလေးကို နားထောင်ပေးကြပါ”လို့ အဆိုတော် ဝိုင်းစုခိုင်သိန်းက ပြောပါတယ်။

သူမအနေနဲ့ သီချင်းသစ်လေးတွေ ထွက်တာ အနည်းငယ်ခြားသွားပေးမယ့် အောက်တိုဘာ ၁၅ ရက် ည ၁၀ နာရီကျော်မှာ Wine Su Facebook Acc က ဒီသီချင်းလေးကို ပရိသတ်အတွက်တင်ပေးခဲ့ရာ Music Video အတိုလေးက ၂၄ နာရီမပြည့်ခင်မှာပဲ Million ချီပြီး အားပေးမှုတွေများခဲ့တာပါ။ ဝိုင်းစုခိုင်သိန်းကို တေးရေးဆရာ ဗျတ္တက ရေးပေးထားပြီး အကောင်းဆုံးရိုက်ကူးပုံဖော်ထားကာ YouTube (https://youtu.be/66XV3MOrP-Y?si=94e3qtURiEbVgHxh) မှာလည်း ကြည့်ရှုနိုင်တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post အခြေခံဥပဒေမှ ပြင်ဆင်၍ရသည်များကို ပြင်ဆင်ပေးသွားမည်ဖြစ်ပြီး တိုင်းပြည်ခွဲထွက်ရေးကို တပ်မတော်အနေဖြင့် လုံးဝလက်မခံကြောင်း ယာယီသမ္မတပြောကြား
Next post (၁၈-၁၀-၂၀၂၅) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်