// | DailyBriefNews (၁၈-၁၀-၂၀၂၅) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ် -

(၁၈-၁၀-၂၀၂၅) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်

(၁၈-၁၀-၂၀၂၅) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်ကို တင်ပြပေးလိုက်ပါတယ်။

ပြည်တွင်းသတင်းများ

၁။ ယာယီသမ္မတအား ဗီယက်နမ်-မြန်မာ ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌနှင့်အဖွဲက ဂါရဝါပြုတွေ့ဆုံ ရွေးကောက်ပွဲကျင်းပရန် ကြိုတင်ပြင်ဆင်နေမှုကိုဆွေးနွေး

၂။ ဝန်ကြီးဦးသန်းဆွေက နိုင်ငံ (၇) ခုမှ နိုင်ငံခြားရေးဝန်ကြီးများ၊ တာဝန်ရှိသူများနှင့် သီးခြားစီတွေ့ဆုံဆွေးနွေး

၃။ ရွေးကောက်ပွဲသည် နိုင်ငံတော်၏ အနာဂတ် ပြည်သူများ၏ အနာဂတ်ဖြစ်ကြောင်း ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဌ ဦးမျိုးဇော်သိမ်း ပြောကြား

၄။ သန်းခေါင်စာရင်း ပြည်ထောင်စုအဆင့်အစီရင်ခံစာကို အောက်တိုဘာ (၂၄) ရက်နေ့တွင် ထုတ်ပြန်မည်

၅။ သီပေါမြိုကို တပ်မတော် အပြီးသတ်ထိန်းချုပ်နိုင်ပြီဖြစ်ဟုဆို

၆။ အမ်း – ပဒါန်း လမ်းပိုင်း အကြမ်းဖက်ရှင်းလင်းရာ AA အကြမ်းဖက်သမား ၁၁လောင်း ရရှိ

၇။ TNLA အကြမ်းဖက်သောင်းကျန်းသူများက သီပေါမြိုရှိဌာနဆိုင်ရာဆိုင်ရာအဆောက်အအုံများနှင့် ပြည်သူလူထု၏နေအိမ်များအား မီးရှိထွက်ပြေး

၈။ အောက်တိုဘာလ ၁၇ ရက်နေ့ ငွေလဲလှယ်နှုန်း၊ ရွှေဈေးနှုန်းနှင့် စက်သုံးဆီဈေးနှုန်းများမှာ ရွှေ ၁၆ ပဲရည် တစ်ကျပ်သား ၅,၉၉၀,၀၀၀ ကျပ်၊ ဒေါ်လာစျေးနှုန်း အဝယ် ၂၁၀၀ ကျပ်၊ အရောင်း ၂၁၀၀ ကျပ်၊ Octane 92 – ၂၇၀၅ ကျပ်၊ Octane 95 – ၂၇၉၀ ကျပ်၊ Diesel – ၂၄၆၅ ကျပ်၊ Premium Diesel – ၃၀၀၀ ကျပ်

နိုင်ငံတကာသတင်းများ

၁။ တောင်ကိုးရီးယားအဓိကပါတီကြီးနှစ်ခုက ကမ္ဘောဒီးယားကိုစစ်ကြေညာရန်တောင်းဆို

၂။ အမေရိကန်အတွက် တိုမာဟော့ခ်ဒုံးကျည်များ လိုအပ်သည်ကိုယ်ပိုင်လက်နက်သိုလှောင်ရုံ ကုန်ခန်းအောင်လုပ်မည်မဟုတ်ဟု ထရမ့်ဆို

၃။ ဂျပန်မှာ ပါတီတွေ ညွှန့်ပေါင်းဖွဲပြီး အာဏာရဖို ကြိုးစားနေ

၄။ တရုတ်ကနိုင်ငံ့ဝန်ထမ်းအသက်ကန့်သတ်ချက်ကို ၃၈ နှစ်အထိ တိုးမြှင့်

၅။ ထရမ့် လုပ်သလိုမျိုး လိုက်မလုပ်ဖို IMF သတိပေးပြီ

၆။ အမေရိကန်သမ္မတ ဒေါ်နယ်ဒ် ထရမ့်ပ်နှင့် ရုရှားသမ္မတ ပူတင်တို ဟန်ဂေရီနိုင်ငံ၊ ဘူဒါပတ်စ်မြိုတော်မှာ ဒုတိယမြောက်တွေ့ဆုံကြမည်

အားကစားသတင်းများ

၁။ ဦးဆောင်ဂိုးတစ်ဂိုးနဲ့ အင်ဒိုနီးရှားအသင်းကို အနိုင်ရယူခဲ့ပြီး ‌အာရှဖလားခြေစစ်ပွဲအောင်မြင်ခဲ့ပြီဖြစ်တဲ့ မြန်မာ ယူ-၁၇ အမျိုးသမီးအသင်း

၂။ အာဂျင်တီးနား အတွက် ဦးဆောင်သူကောင်း ဖြစ်ကြောင်း ပြသခဲ့တဲ့ မက်ဆီရဲ့ အပြုအမူ

၃။ လမင်း ယာမယ်ကို လက်မှတ်ထိုးခိုင်းလိုမရတော့တဲ့ ပရိသတ်များ

၄။ ချဲလ်ဆီးနည်းပြ အန်ဇို မာရက်စ်ကာက ကိုးလ်ပါမားနဲ့ ဘာဒီယာချီးလ်တိုဟာ ဒီဇင်ဘာလအထိ အနားယူရဦးမယ်လို အတည်ပြုပြောဆိုသွားခဲ့

၅။ အင်္ဂလန်လက်ရွေးစင်ဂိုးသမား ဂျော်ဒန် ပစ်ဖိုဒ့်ကတော့ အဲဗာတန်အသင်းနဲ့ ၂၀၂၉ ခုနှစ်အထိ ဆက်ရှိစေမယ့် သက်တမ်းတိုး စာချုပ်တစ်ရပ် ချုပ်ဆိုနိုင်ခဲ့ပြီဖြစ်

အနုပညာသတင်းများ

၁။ မြတ်ကေသီအောင်ရဲ့ မျက်လုံး‌၊ အပြောအငိုတွေကြိတ်မနိုင်ခဲမရ အိုက်တင်တွေကို သဘောကျလို သုံးနားညီမှာရိုက်ကူးဖို ကမ်းလှမ်းခဲ့တာပါဆိုတဲ့ ခွန်သာချို

၂။ အသက် ၃၀ ပြည့်မွေးနေ့ အထိမ်းအမှတ်အဖြစ် ရန်ကုန်ပြည်သူ့ ဆေးရုံကြီးမှာ လူအယောက် ၅၀၀ စာ ထမင်းနဲ့ဟင်း အာဟာရဒါန ကုသိုလ်ပြုလှူဒါန်းခဲ့တဲ့ ဆောင်းဝတ်ရည်မေ

၃။ စက်ဘီးစီးတတ်တာ မယုံတဲ့ပရိသတ်တွေအတွက် နောက်နေ့မှ နောက်ကလူတင်ပြီးစီးပြဦးမယ် ဆိုတဲ့ ပိုးမမှီသာ

၄။ ဒါရိုက်တာကြည်ဖြူသျှင် ပြန်လည်ရိုက်ကူးမယ့် အချစ်ဒရာမာ ရသစုံ ဇာတ်လမ်းပုံစံ “ချမ်းမြေ့စေကြောင်း”ဇာတ်လမ်းတွဲ ကန်တော့ပွဲပေးပွဲကျင်းပ

Leave a Reply

Your email address will not be published. Required fields are marked *

Previous post “မတော်တဆ” Music Video အဆွေးသီချင်းရဲ့ စာသားလေးတွေက ပရိသတ်ရင်ကို ထိမှန်စေမှာပါလို့ ဖွင့်ဟလာတဲ့ ဝိုင်းစုခိုင်သိန်း
Next post (၁၈-၁၀-၂၀၂၅) ရက်နေ့​ ပြည်တွင်းရွှေစျေး၊ ငွေလဲလှယ်နှုန်းနှင့် စက်သုံးဆီဈေးနှုန်းများ