
သီတဂူဆရာတော်၏ လမ်းညွှန်မှုဖြင့် ကရင်ပြည်နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများအတွက် ငွေကျပ်သိန်းတစ်ထောင် ပေးအပ်လှူဒါန်း
သီတဂူဆရာတော် ဒေါက်တာဘဒ္ဒန္တဉာဏိဿရ၏ လမ်းညွှန်မှုဖြင့် ကရင်ပြည်နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများအတွက် ကရုဏာအလှူတော်ငွေ ကျပ်သိန်းတစ်ထောင်ပေးအပ်လှူဒါန်းပွဲကို ယမန်နေ့က ကရင်ပြည်နယ် ဘားအံမြို့ရှိ စိတ္တဝိဝေကတောရကျောင်းတိုက်၌ ကျင်းပသည်။

ပေးအပ်လှူဒါန်းပွဲသို့ စိတ္တဝိဝေကတောရကျောင်းဆရာတော် ဘဒ္ဒန္တသုစိတ္တအမှူးပြုသည့် ဆရာတော်၊ သံဃာတော်များ ကြွရောက်တော်မူကြပြီး ကရင်ပြည်နယ်မှ တာဝန်ရှိသူများ၊ သီတဂူဆရာတော်ကြီး၏ ကပ္ပိယဆရာငြိမ်း ဦးဆောင်သည့်အဖွဲ့ တက်ရောက်ကြသည်။

ထို့နောက် ကရင်ပြည်နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများအတွက် ကရုဏာအလှူတော်ငွေကျပ် သိန်းတစ်ထောင်ကို စိတ္တဝိဝေကတောရကျောင်းဆရာတော်နှင့် တာဝန်ရှိသူများထံ သီတဂူဆရာတော်ကြီး၏ ကပ္ပိယဆရာငြိမ်းဦးဆောင်သည့်အဖွဲ့က ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
More Stories
ယာယီသမ္မတ ဦးမြင့်ဆွေ၏ နိုင်ငံတော်အဆင့်ဈာပန အခမ်းအနားကို ဩဂုတ် ၁၁ ရက်၌ပြုလုပ်မည်
ယာယီသမ္မတ ဦးမြင့်ဆွေ၏နိုင်ငံတော်အဆင့် ဈာပန အခမ်းအနားကို ဩဂုတ် ၁၁ ရက်၊ နေ့လယ် ၁ နာရီခွဲအချိန်တွင် စတင်ပြုလုပ်မည်ဖြစ်သည်ဟု သိရသည်။ စျာပနအစီအစဉ်အရ ယာယီသမ္မတ ဦးမြင့်ဆွေ၏ ရုပ်ကလာပ်ကို အမှတ် (၂) တပ်မတော်ဆေးရုံကြီး ခုတင်...
ယာယီသမ္မတ ဦးမြင့်ဆွေ ကွယ်လွန်
ယာယီသမ္မတ ဦးမြင့်ဆွေသည် ယနေ့ ဩဂုတ် ၇ ရက်၊ မနက် ၈နာရီ ၂၈မိနစ်အချိန်တွင် အမှတ်(၂)တပ်မတော်ဆေးရုံကြီး၊ ခုတင်၁၀၀၀၌ ကွယ်လွန်သွားကြောင်း အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီက သတင်းထုတ်ပြန်လာသည်။ ကွယ်လွန်ချိန်တွင် အသက် (၇၄) နှစ် ရှိပြီဖြစ်ကာ...
ယာယီသမ္မတ ဦးမြင့်ဆွေ ကျန်းမာရေး အထူးစိုးရိမ်ဖွယ်ရာအခြေအနေကြောင့် အမှတ်(၂)တပ်မတော် ဆေးရုံကြီးမှာ အထူးကြပ်မတ်ကုသမှုခံယူလျက်ရှိ
ကျန်းမာရေးအခြေအနေကြောင့် ၂၀၂၄ ခုနှစ်၊ ဇူ လိုင် ၁၈ ရက်မှစတင်၍ နေအိမ်၌ဆေးခွင့်ဖြင့်အနားယူကာ ဆေးကုသမှုခံယူနေခဲ့ရသော ယာယီသမ္မတဦးမြင့်ဆွေသည် လက်ရှိအချိန် ၌ အထူးစိုးရိမ်ဖွယ်ရာအခြေအနေဖြင့် အမှတ်(၂)တပ်မတော်ဆေးရုံကြီး ခုတင်(၁၀၀၀)တွင် အထူးကြပ်မတ်ကုသမှုခံယူလျက်ရှိသည်ဟု အမျိုးသားကာကွယ်ရေးနှင့်လုံခြုံ ရေးကောင်စီက ယနေ့ သြဂုတ်...
ဝန်ကြီးများရုံးသည် ရှေးဟောင်းသမိုင်းဝင်အ ဆောက်အဦးဖြစ်၍ မူလလက်ရာအတိုင်းစဉ်ဆက်မပြတ်ထိန်းသိမ်းဆောင်ရွက်ရမည်
ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ပုဂ္ဂိုလ်များလုပ်ကြံခံခဲ့ရသည့် ရန်ကုန်မြို့၏ အထင်ကရနေရာဖြစ်သော ဗိုလ်တထောင်မြို့နယ်ရှိ ဝန်ကြီးများရုံး(အတွင်းဝန်ရုံး)၌ ခင်းကျင်းပြသထားရှိမှုများနှင့် ပြုပြင်ထိန်းသိမ်းထားရှိမှုများကို နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ သြဂုတ် ၄ ရက်နံနက်ပိုင်းက ကြည့်ရှုစစ်ဆေးခဲ့သည်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ခင်းကျင်းပြသထားသည့် သမိုင်းမှတ်တမ်းအထောက်အထား စာရွက်စာတမ်းများနှင့် ဓာတ်ပုံများထိန်းသိမ်းထားရှိမှုနှင့်...
ဘုရင့်နောင်မင်းတရားကြီးတည်ဆောက်ထားသည့် ကြီးကျယ်ခမ်းနားသော“ကမ္ဘောဇသာဒီ”ရွှေနန်းတော်
ဘုရင့်နောင်မင်းတရားကြီးသည် မြန်မာသက္ကရာဇ် ၉၁၅ (အေဒီ ၁၅၅၃ )ခုနှစ်တွင် ဟံသာဝတီဒေသ၌ အကျယ်အဝန်း (၃၄၀၀) စတုရန်းမီတာရှိကာ မြို့ရိုးပတ်လည် တစ်ဖက်တစ်ချက်စီတွင် မြို့တံခါး(၅) ပေါက်ပါရှိပြီး မြို့တံခါးပေါင်း(၂၀)ဖြင့် ကြီးကျယ်ခမ်းနားလှသည့် "ကမ္ဘောဇသာဒီ"ရွှေနန်းတော်သစ်ကြီးကိုတည်ဆောက်ခဲ့သည်။ အဆိုပါ "ကမ္ဘောဇသာဒီ"ရွှေနန်းတော်သစ်ကြီး၏ ရှေးဟောင်းယဉ်ကျေးမှုဆိုင်ရာ...
နစက နိုင်ငံတော်တာဝန်ယူစဥ် ကမ္ဘာ့အင်အားကြီး (၄)နိုင်ငံအနက်(၃)နိုင်ငံနှင့် ထိပ်သီးအဆင့်တွေ့ဆုံဆွေးနွေးမှုများဆောင်ရွက်ခဲ့
နိုင်ငံတော်တာဝန်အား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ တာဝန်ယူထားစဥ် နိုင်ငံတကာဆက်ဆံရေးကိုလွှမ်းမိုးထားသည့် ကမ္ဘာ့အင်အားကြီး(၄) နိုင်ငံအနက် တရုတ်၊ ရုရှား၊ အိန္ဒိယနိုင်ငံတို့နှင့် ထိပ်သီးအဆင့်တွေ့ဆုံဆွေးနွေးမှုများဆောင်ရွက်နိုင်ခဲ့သည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေမှ ဇူလိုင် ၃၁ ရက်နံနက်ပိုင်းက နေပြည်တော်၌ကျင်းပသည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေး (၃/၂၀၂၅)တွင် ဆွေးနွေးတင်ပြခဲ့ခြင်းဖြစ်သည်။...