
(၁၆-၇-၂၀၂၅)ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်
(၁၆-၇-၂၀၂၅)ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်ကို ဖော်ပြပေးလိုက်ပါတယ်။
ပြည်တွင်းသတင်းများ
၁။ အီလက်ထရွန်နစ် မဲပေးစက်အကြောင်း ဆရာ၊ ဆရာမများကို သင်တန်းပေးရန်ရှိနေ
၂။ ဗိုလ်ချုပ်ကြီးမြထွန်းဦးက ရုရှားနိုင်ငံ ရော့စ်ကွန်ဂရက် ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေအဖွဲ၏ ကိုယ်စားလှယ်အဖွဲအား နေပြည်တော်၌ လက်ခံတွေ့ဆုံ
၃။ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ရန်ကုန်တိုင်းခရိုင် (၄) ခရိုင်မှ ပါတီဝင်အသစ် (၃၈၇၅) ဦးအား အဆိုပြုလွှာပေးအပ်
၄။ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ပုသိမ်ပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများက ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်ပေးနေမှုများကို ကြည့်ရှုအားပေး
၅။ ရွှေအလေးချိန်စနစ်သစ် လိုက်နာမှု ရှိမရှိ ကွင်းဆင်းစစ်ဆေးမည်
၆။ NUG ဩဇာခံ ဂန့်ဂေါမြိုနယ် တောင်ပိုင်းတိုက်နယ် ပအဖတာ၀န်ခံက အသက်မပြည့်သေးသည့် ၁၄ နှစ်အရွယ် တူမတော်စပ်သူ မိန်းကလေးငယ်အား သက်ငယ်မုဒိမ်းကျင့်
၇။ ကောလင်း-ထီးချိုင့်နယ်စပ် ဒိုးပင်ကျေးရွာရှိ အကြမ်းဖက် KIA/PDF ထောက်ပိုစခန်းကို ဗုံးကြဲရှင်းလင်း
၈။ ဇူလိုင်လ ၁၅ ရက်နေ့ ငွေလဲလှယ်နှုန်း၊ ရွှေဈေးနှုန်းနှင့် စက်သုံးဆီဈေးနှုန်းများမှာ ရွှေ ၁၆ ပဲရည် တစ်ကျပ်သား ၅,၈၉၀,၀၀၀ ကျပ်၊ ဒေါ်လာစျေးနှုန်း အဝယ် ၂၁၀၀ ကျပ်၊ အရောင်း ၂၁၀၀ ကျပ်၊ Octane 92 – ၃၀၁၅ ကျပ်၊ Octane 95 – ၃၀၇၅ ကျပ်၊ Diesel – ၂၆၃၅ ကျပ်၊ Premium Diesel – ၃၂၆၅ ကျပ်
နိုင်ငံတကာသတင်းများ
၁။ ရက် ၅၀ အတွင်း ယူကရိန်းငြိမ်းချမ်းရေး သဘောတူညီမှု မရပါက ရုရှားကို ၁၀၀ ရာခိုင်နှုန်း အခွန်ကောက်မည်ဟု ထရန့် ခြိမ်းခြောက်
၂။ မော်စကိုနှင့် ပြုံယန်းကြား တိုက်ရိုက်လေယာဉ် ပျံသန်းပြေးဆွဲမှု ဇူလိုင် ၂၇ ရက်တွင် စတင်မည်
၃။ ထိုင်းနိုင်ငံနှင့် တင်းမာမှုကြောင့် ကမ္ဘောဒီးယားနိုင်ငံမှ ပြည်သူများ စစ်မှုထမ်းရမည့် ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၂၆ ခုနှစ်တွင် စတင်မည်ဟု ကမ္ဘောဒီးယားဝန်ကြီးချုပ် ပြောကြား
၄။ တရုတ် – အိန္ဒိယ ဆက်ဆံရေးက ဖြည်းဖြည်း ကောင်းလာမှာပါလို နိုင်ငံခြားရေး ဝန်ကြီးဆို
၅။ ကုန်သွယ်ရေးနှင့် လုံခြုံရေးကို သြဇီဝန်ကြီးချုပ်က ရှီနှင့်ဆွေးနွေးမည်
၆။ တရုတ်က ရုရှားနဲ့ နက်နက်ရှိင်းရှိင်း ပူးပေါင်းပါမယ်လို ကတိပြု
အားကစားသတင်းများ
၁။ အရှေ့တောင်အာရှအားကစားပြိုင်ပွဲအတွက် လူရွေးချယ်ခြင်းများကို ဇူလိုင်လကုန်အပြီး စိစစ်ရွေးချယ်ကာ ဝန်ကြီးဌာနသိုတင်ပြရန် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးတိုက်တွန်း
၂။ အမိမြေကို ရွှေတံဆိပ်(၁၀)ဆုအထိ ရယူပေးနိုင်ခဲ့သည့် မြန်မာလှေလှော်အဖွဲ ပြန်လည်ရောက်ရှိ
၃။ အာဆီယံ ယူ၂၃ ပြိုင်ပွဲတွင် မြန်မာအသင်းအနေဖြင့် ရလဒ်ကောင်းမွန်အောင် ပြင်ဆင်ထားသည်ဟု နည်းပြချုပ် ကူရိုဆာကီ ပြော
၄။ ရန်ကုန်ယူနိုက်တက်အသင်းနှင့် လာအိုကလပ် Ezra အသင်းတို ယှဥ်ပြိုင်ကစားမည့် AFC Challenge League 2025/26 (Preliminary stage) ပွဲစဥ်ကို မြန်မာနိုင်ငံတွင် ပြောင်းလဲကစားမည်
၅။ လာအိုအိမ်ကွင်း အဆင်မပြေမှုကြောင့် ရန်ကုန်ယူနိုက်တက်ဖြင့် ယှဉ်ပြိုင်မည့်ပွဲစဉ်ကို သု၀ဏ္ဏဘောလုံးကွင်း အတွင်းပြောင်းရွှေ့ယှဥ်ပြိုင်မည်
အနုပညာသတင်းများ
၁။ မြန်မာပြည်ကို အပြီးပြန်လာတာ အိပ်မက်မက်သလိုဖြစ်နေတယ်ဆိုတဲ့ ယွန်းဝတီလွင်မိုး
၂။ ဇူလိုင် ၁၈ ရက်မှာ ရုံတင်ပြသမယ့် ဟာသဇာတ်လမ်းပုံစံ“လူပျိုထောင်း” ရုပ်ရှင်ဇာတ်ကားကြီး Premiere Show ပွဲအခမ်းအနားကျင်းပ
၃။ ခင်လှိင်ရဲ့ JJ ဘောင်းဘီငှားဝတ်တာ ဂွပြဲပြီးနှစ်ခြမ်းကွဲသွားတယ်ဆိုတဲ့ မေပန်းချီ
၄။ သီချင်းဆိုတာကြိုက်ပေမယ့် တစ်ယောက်နှစ်ကြောင်းနှုန်း သီချင်းအသံသွင်းတာ မနက်ကနေ ည ၁၁ နာရီအထိ အသံသွင်းခဲ့ရတယ်ဆိုတဲ့ ရွှေသမီး
၅။ တောင်ကိုရီးယားရဲ့ နာမည်ကျော်မင်းသမီး ကန်ဆိုဟာ အသက် ၃၁ နှစ်အရွယ်မှာ အစာအိမ်ကင်ဆာကို လက်မြှောက်အရှုးပေးပြီး လူ့လောကကို စွန့်ခွာ