// | DailyBriefNews ဗဟိုဘဏ်က စက်သုံးဆီကဏ္ဍအတွက် အမေရိကန်ဒေါ်လာ (၃၃)သန်း ထပ်မံရောင်းချမည် -

ဗဟိုဘဏ်က စက်သုံးဆီကဏ္ဍအတွက် အမေရိကန်ဒေါ်လာ (၃၃)သန်း ထပ်မံရောင်းချမည်

မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားငွေကြေးဈေးကွက်တွင် စက်သုံးဆီလုပ်ငန်းရှင်များအတွက် အမေရိကန်ဒေါ်လာ (၃၃) သန်းရောင်းချပေးမည်ဖြစ်ကြောင်း သိရသည်။

ဇူလိုင် (၁) ရက်နှင့် (၈) ရက်တို့တွင်လည်း အလားတူ ရောင်းချမှုမျိုးရှိခဲ့ပြီး ယခုတစ်ကြိမ်သည် ဇူလိုင်လအတွင်း တတိယအကြိမ်မြောက် ထုတ်ရောင်းပေးခြင်းဖြစ်သည်။

လက်ရှိ ပြည်တွင်းဈေးကွက်၌ ဒေါ်လာငွေလဲနှုန်းနှင့် စက်သုံးဆီဈေးနှုန်းများ အနည်းငယ် ပြန်လည်ကျဆင်းလာသော်လည်း ဗဟိုဘဏ်က ဆက်တိုက်ထုတ်ရောင်းပေးခြင်းဖြစ်သည်။

မြန်မာကျပ်ငွေနှင့် ဒေါ်လာငွေလဲနှုန်းသည် တဒေါ်လာ ကျပ် (၄,၆၀၀) ကျော်မှ (၄,၄၇၀) ဝန်းကျင်သို့ ပြန်လည်ကျဆင်းနေပြီး စက်သုံးဆီဈေးနှုန်းသည်လည်း တလီတာ (၉၅) ကျပ်မှ ကျပ် (၂၀၀) အထိ နှစ်ပတ်ဆက်တိုက် ကျဆင်းလာကြောင်း သိရသည်။

ပြီးခဲ့သည့် ဇွန်လအတွင်း ဒေါ်လာ (၁၂၅) သန်းကို စက်သုံးဆီလုပ်ငန်းရှင်များအတွက် (၄)ကြိမ်ခွဲရောင်းချပေးခဲ့ကြောင်း ဗဟိုဘဏ်ထုတ်ပြန်ချက်အရ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၁၆-၇-၂၀၂၅)ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်
Next post (၁၆-၇-၂၀၂၅)ရက်နေ့​ ပြည်တွင်းရွှေစျေး၊ ငွေလဲလှယ်နှုန်းနှင့်စက်သုံးဆီဈေးနှုန်းများ