// | DailyBriefNews ဇူလိုင် ၁၈ ရက်မှာ ရုံတင်ပြသမယ့် ဟာသဇာတ်လမ်းပုံစံ “လူပျိုထောင်း” ရုပ်ရှင်ဇာတ်ကားကြီး Premiere Show ပွဲအခမ်းအနားကျင်းပ -

ဇူလိုင် ၁၈ ရက်မှာ ရုံတင်ပြသမယ့် ဟာသဇာတ်လမ်းပုံစံ “လူပျိုထောင်း” ရုပ်ရှင်ဇာတ်ကားကြီး Premiere Show ပွဲအခမ်းအနားကျင်းပ

TMW Film Productionက ပရိသတ်တွေ ဘဝအမောပြေစေမယ့် ဟာသဇာတ်လမ်းပုံစံ“လူပျိုထောင်း” ရုပ်ရှင်ဇာတ်ကားကြီး Premiere Show ပွဲအခမ်းအနားကို ဇူလိုင် ၁၄ ရက် ညနေပိုင်းက ရန်ကုန်မြို့ သမ္မတအဆင့်မြင့်ရုပ်ရှင်ရုံမှာ ကျင်းပခဲ့ပါတယ်။

“ဒီဇာတ်ကားက လူပျိုလေးထောင်းတဲ့ လူပျိုထောင်းကတော့ ထူးအောင်ရဲ့ ခေါင်းဆောင်မင်းသားကားပါ။ ဒီတစ်ကားလုံးကိုတော့ မျိုးတို့ကို ဒါရိုက်တာ အိကနေ ဦးဆောင်ပြီးတော့ ပရိသတ်တွေ ရယ်မောအောင် စိတ်အပန်းပြေအောင် ရိုက်ထားပေးတာပါ။ ဒီကားရိုက်ရတဲ့ အဓိက ရည်ရွယ်ချက်တွေက စိတ်အပန်းပြေစေဖို့ပါ။ မျိုးတို့ မွေးကတည်းက အသက်ရှင်ရတဲ့အချိန်မှာ ပျော်ရွှင်ရတာထက် စိတ်ညစ်ရတဲ့အချိန်က ပိုများပါတယ်။ ဒီအချိန်အခိုက်အတန့်လေး တစ်ခုမှာ ပျော်ရွှင်စေချင်တာပါ”လို့ အကယ်ဒမီ မယ်လိုဒီက ပြောပါတယ်။

ဒီဇာတ်ကားကို ဇာတ်ညွှန်း ရာဇဝင်ကို၊ ဇာတ်လမ်းနဲ့ဒါရိုက်တာ အိ(အရုဏ်ဦး)က ရိုက်ကူးပြီး သရုပ်ဆောင်တွေဖြစ်တဲ့ ထူးအောင်၊ အကယ်ဒမီမယ်လိုဒီ၊ ယုသန္တာတင်၊ နော်ဖောအယ်ထား၊ မေပန်းချီ၊ အထူးဧည့်သည်သရုပ်ဆောင် အကယ်ဒမီမြင့်မြတ်၊ တိုင်ရွန်၊ သိန်းလင်းစိုး၊ ခင်လှိုင်၊ဇော်ဝင်းနိုင်(မန်း)၊ ဆင်မ၊ လျန်းထက်အောင်၊ ကျော်ထူး၊ Kညီ၊ သွက်လက်၊ အကယ်ဒမီတက္ကသိုလ်ဂွမ်းပုံ၊ အောင်သီဟ၊ မောင်ကင်း၊ မင်းလူနတ်(ဇော်ကြီး)၊ ရန်ပြေနဲ့ သရုပ်ဆောင်များစွာပါဝင်ထားကြပါတယ်။

လူပျိုထောင်း ရုပ်ရှင်ဇာတ်ကားကြီးကိုလာမယ့် ဇူလိုင် ၁၈ ရက်နေ့မှာ မြန်မာတစ်ပြည်လုံးရှိ ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post မွမ်ဘိုင်းဆိပ်ကမ်းမှ ရန်ကုန်ဆိပ်ကမ်းသို့ ကုန်သွယ်မှုလမ်းကြောင်းသစ်တိုးချဲ့ရေးအတွက် တွေ့ဆုံဆွေးနွေး
Next post (၁၆-၇-၂၀၂၅)ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်