
အဆိုတော်ဟဲလေးရဲ့ “Karaoke” Music Video Watch Party အခမ်းအနားကျင်းပ
အဆိုတော်ဟဲလေးရဲ့ “Karaoke” Music Video Watch Party အခမ်းအနားကို ဇူလိုင် ၃ ရက် ညနေပိုင်းက ရန်ကုန်မြို့ အလုံမြိုနယ်ရှိ Modern Radio Bar မှာ ကျင်းပခဲ့ပါတယ်။

“ကျွန်တော်က ဒီသီချင်းလေးကို ဆိုထားတာပါ။ ညီလေး ထွန်းထွန်းကတော့ သီချင်းကို ပါဝင်သရုပ်ဆောင်ပေးထားတာပါ။ အဓိက မင်းသားနေရာက ပါဝင်ထားတာပါ။ အရင်ထုတ်နေကြ သီချင်းတွေနဲ့လည်း မတူအောင် စဥ်းစားရင်းနဲ့ ဒီနာမည်ပေးလိုက်တာပါ။ ချစ်ကြိုက်ကွဲညား သီချင်းပုံစံမဟုတ်ဘဲ ဖန်တီးထားတာပါ။ ဇူလိုင် ၄ ရက်မှာ ကျွန်တော့်အသက် ၄၄ နှစ်ပြည့်မွေးနေ့မှာ ထွက်ရှိမှာပါ”လို့ အဆိုတော်ဟဲလေးက ပြောပါတယ်။

အဆိုပါ အခမ်းအနားကို အဆိုတော် သရုပ်ဆောင်တွေဖြစ်ကြတဲ့ ထွန်းထွန်း၊ ရတနာမိုင်၊ အောင်အေးချစ် စတဲ့ ဖိတ်ကြားထားတဲ့ သူတွေတက်ရောက်ခဲ့ကြပါတယ်။ Karaoke သီချင်းသစ်ကို ဟဲလေးကိုယ်တိုင်ရေးသားပြီး ဒါရိုက်တာ XZ က သရုပ်ဆောင် ထွန်းထွန်း၊ ဟဲလေး စတဲ့ သရုပ်ဆောင်တွေနဲ့ သေချာ အကုန်အကျခံပြီး ရိုက်ကူးပုံဖော်ထားကြတာဖြစ်ပါတယ်။
More Stories
ချစ်စရာသားဦးရတနာကို အောင်မြင်စွာ မွေးဖွားခဲ့တဲ့ သွန်းဆက်
ပရိသတ်ချစ်ခင်မှုများစွာ ရရှိလာတဲ့ သရုပ်ဆောင်သွန်းဆက်ကတော့ ချစ်စရာသားဦးရတနာကို ရန်ကုန်မြိုမှာ အောင်မြင်စွာ မွေးဖွားခဲ့ပါတယ်။ " ဒီကမ္ဘာကနေ ကြိုဆိုပါတယ်။ ငါတိုရဲ့ မင်းသားလေး Timmy။ ကျွန်တော်တိုရဲ့ ချစ်စရာကောင်းသောမင်းသား Timothy @ Timmy" လို သရုပ်ဆောင်...
ရိုမန့်ဒရာမာဇာတ်လမ်းပုံစံ“မက်မက်မောမောမုန်း” ရုပ်ရှင်ဇာတ်ကားကြီးမိတ်ဆက်ကန်တော့ပွဲပေးပွဲကျင်းပ
Love TV က ရိုမန့်ဒရာမာဇာတ်လမ်းပုံစံ “မက်မက်မောမောမုန်း” ရုပ်ရှင်ဇာတ်ကားကြီး မိတ်ဆက်ကန်တော့ပွဲပေးပွဲအခမ်းအနားကို ဩဂုတ်လ ၆ ရက် နံနက် ၈ နာရီခွဲမှာ ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်ရှိ ကျိုက္ကဆံဘုရားမှာ ကျင်းပခဲ့ပါတယ်။ “ဒီဇာတ်ကားက ပရိသတ်အကြိုက်တွေ့စေမယ့် ရိုမန့်ဒရာမာဇာတ်လမ်းပုံစံမျိုးပါ။...
မိခင်မေတ္တာကို ဖော်ကျူးထားတဲ့ ဒရာမာဇာတ်လမ်းပုံစံ “ဂုဏ်” ရုပ်ရှင်ဇာတ်ကားကြီး Premiere Show ပွဲအခမ်းအနား ကျင်းပ
ပိုးပိုး ရုပ်ရှင်ထုတ်လုပ်ရေးက မိခင်မေတ္တာကို ဖော်ကျူးထားတဲ့ ဒရာမာဇာတ်လမ်းပုံစံ “ဂုဏ်” ရုပ်ရှင်ဇာတ်ကားကြီး Premiere Show ပွဲအခမ်းအနားကို ဇူလိုင် ၂၉ ရက် ညနေပိုင်းက ရန်ကုန်မြို့ သမ္မတအဆင့်မြင့်ရုပ်ရှင်ရုံမှာ ကျင်းပခဲ့ပါတယ်။ “ဒီဇာတ်ကားက အမေတွေအားလုံးအတွက် ရည်ညွှန်းပြီးတော့...
ငွေကြေးနဲ့ပတ်သက်ပြီး ပညာပေးဇာတ်လမ်းပုံစံ“အိပ်မက်တွေက ဈေးကြီးတယ် ”ရုပ်ရှင်ဇာတ်ကားကြီး Family Show ပွဲ ကျင်းပ
ငွေကြေးနဲ့ပတ်သက်ပြီး ပညာပေးဇာတ်လမ်းပုံစံ “အိပ်မက်တွေက ဈေးကြီးတယ်” ရုပ်ရှင်ဇာတ်ကားကြီး Family Show ပွဲအခမ်းအနားကို ယနေ့ ဇူလိုင် ၂၁ ရက် ညနေ ၆ နာရီက ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်ရှိ နဝဒေးရုပ်ရှင်ရုံမှာ ကျင်းပခဲ့ပါတယ်။ “ဒီဇာတ်ကားထဲမှာ...
ဇူလိုင် ၁၈ ရက်မှာ ရုံတင်ပြသမယ့် ဟာသဇာတ်လမ်းပုံစံ “လူပျိုထောင်း” ရုပ်ရှင်ဇာတ်ကားကြီး Premiere Show ပွဲအခမ်းအနားကျင်းပ
TMW Film Productionက ပရိသတ်တွေ ဘဝအမောပြေစေမယ့် ဟာသဇာတ်လမ်းပုံစံ“လူပျိုထောင်း” ရုပ်ရှင်ဇာတ်ကားကြီး Premiere Show ပွဲအခမ်းအနားကို ဇူလိုင် ၁၄ ရက် ညနေပိုင်းက ရန်ကုန်မြို့ သမ္မတအဆင့်မြင့်ရုပ်ရှင်ရုံမှာ ကျင်းပခဲ့ပါတယ်။ “ဒီဇာတ်ကားက လူပျိုလေးထောင်းတဲ့ လူပျိုထောင်းကတော့...
ဒရာမာဇာတ်လမ်းပုံစံ “ခ… ခရေကုံး မလေးပြုံး” ရုပ်ရှင်ဇာတ်ကားကြီး စာနယ်ဇင်းမိတ်ဆက်
Bawat Film Production ရဲ့ ပထမခြေလှမ်းအဖြစ်ရိုက်ကူးမယ့် ဒရာမာဇာတ်လမ်းပုံစံ “ခ… ခရေကုံး မလေးပြုံး” ရုပ်ရှင်ဇာတ်ကားကြီး စာနယ်ဇင်းမိတ်ဆက်ပွဲအခမ်းအနားကို ဇူလိုင် ၁၂ ရက် နေ့လယ်ပိုင်းက ရန်ကုန်မြို့ Sedona Hotel ကျင်းပခဲ့ပါတယ်။ “ခ...