ဆင်းရဲမွဲတေမှုလျှော့ချရေးအတွက် ကိုယ်ချင်းစာစိတ်ဖြင့်အလုပ်လုပ်ကြရန် နစက ဥက္ကဋ္ဌမှာကြား

မြန်မာနိုင်ငံ၏ ဆင်းရဲမွဲတေမှုလျော့ချရေးနှင့်ပတ်သက်၍ ဇူလိုင် ၂ ရက်ကပြုလုပ်သည့် နိုင်ငံ တော်၏စီးပွားရေးတိုးတက်စေရေးလုပ်ငန်းညှိ နှိုင်းအစည်းအဝေးတွင် နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ မှာကြားခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံ၏ ဆင်းရဲမွဲတေမှုအညွှန်းကိန်းသည် ပိုမိုမြင့်တက်လာသည်ဟုသုံးသပ်မှုများရှိခဲ့ပြီး ဆင်းရဲမွဲတေမှုနှင့်ပတ်သက်၍ စီးပွားရေးလုပ်ငန်းများအောင်မြင်မှုမရှိခြင်းနှင့် သဘာဝဘေးအန္တရာယ်ကြောင့်အလုပ်မလုပ်နိုင်သဖြင့် ဆင်းရဲမွဲတေခြင်းဟူ၍ ဖြစ်နိုင်ချေနှစ်ရပ်ရှိသည်ဟု ပြောသည်။

” မြန်မာနိုင်ငံမှာရှိတဲ့ လူဦးရေရဲ့(၇၀)ရာခိုင်နှုန်းဟာ ကျေးလက်နေသူတွေ၊ (၃၀)ရာခိုင်နှုန်းဟာ မြို့ပေါ်နေသူတွေဖြစ်ပါတယ်။ အဲဒီထဲက (၅၀)ရာခိုင်နှုန်းကျော်ခန့်ဟာ စိုက်ပျိုးမွေးမြူရေးနဲ့သစ်တောကဏ္ဍတွေမှာ တစ်နည်းနည်းနဲ့ လုပ်ကိုင်နေကြသူတွေဖြစ်ပါတယ်”ဟု နစက ဥက္ကဋ္ဌက ပြောသည်။

ထို့ကြောင့် မိမိတို့အနေဖြင့် ကျေးလက်နေပြည်သူ များအဓိကထားလုပ်ကိုင်သည့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အောင်မြင်အောင်ဆောင်ရွက်ပေးပါက ဆင်းရဲမွဲတေမှုလျှော့ချရေးတွင် များစွာအထောက်အကူဖြစ်စေနိုင်မည်ဖြစ်ကာ ဆင်းရဲမွဲတေမှုလျှော့ချရေးနှင့်ပတ်သက်၍ ကိုယ်ချင်းစာစိတ်ဖြင့် လုပ်ငန်းများအောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်ပေးရမည်ဟု မှာကြားသည်။

” စိုက်ပျိုးရေးလုပ်ငန်းတွေအပြင် မွေးမြူရေးလုပ်ငန်းတွေကိုလည်း အောင်မြင်အောင်ဆောင်ရွက်သွားကြဖို့လိုပါတယ်။ မြန်မာနိုင်ငံရဲ့နေရာတိုင်းမှာ ကြက်၊ ဝက်၊ ဆိတ်၊ သိုး၊ နွား၊ ငါး တွေကို အောင် မြင်စွာမွေးမြူနိုင်တဲ့အခြေအနေရှိတာကြောင့် မိမိတို့ဒေသအလိုက် လူဦးရေအလိုက် နေ့စဉ် အသားငါး၊ ဥအမျိုးမျိုးနဲ့ အသီးအနှံလိုအပ်ချက်တွေဖြည့်ဆည်းပေးနိုင်ဖို့စိုက်ပျိုးမွေးမြူရေးလုပ်ငန်းတွေကို တိုးချဲ့ဆောင်ရွက်ဖို့လိုပါတယ်”ဟု နစက ဥက္ကဋ္ဌက မှာ ကြားသည်။

ထိုသို့ ဆောင်ရွက်ခြင်းဖြင့် ကျေးလက်နေပြည်သူများ၏လူမှုစီးပွားဘဝများဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကာ မည်သည့်စိုက်ပျိုးမွေးမြူရေးလုပ်ငန်းမဆို ကျေးလက်ကိုဗဟိုပြု၍ ဆောင်ရွက်ကြသည်ဖြစ်၍ ကျေးလက်နေပြည်သူများဝင်ငွေများပြားလာမည်ဖြစ်ပြီး ဆင်းရဲမွဲတေမှုညွှန်းကိန်းများလည်းကျဆင်းလာနိုင်မည်ဟု နစက ဥက္ကဋ္ဌက ပြောကြားခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၃-၇-၂၀၂၅) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်
Next post (၃-၇-၂၀၂၅) ရက်နေ့​ ပြည်တွင်းရွှေစျေး၊ ငွေလဲလှယ်နှုန်းနှင့်စက်သုံးဆီဈေးနှုန်းများ