
ယာယီသမ္မတ ဦးမြင့်ဆွေ၏ နိုင်ငံတော်အဆင့်ဈာပန အခမ်းအနားကို ဩဂုတ် ၁၁ ရက်၌ပြုလုပ်မည်
ယာယီသမ္မတ ဦးမြင့်ဆွေ၏နိုင်ငံတော်အဆင့် ဈာပန အခမ်းအနားကို ဩဂုတ် ၁၁ ရက်၊ နေ့လယ် ၁ နာရီခွဲအချိန်တွင် စတင်ပြုလုပ်မည်ဖြစ်သည်ဟု သိရသည်။ စျာပနအစီအစဉ်အရ ယာယီသမ္မတ ဦးမြင့်ဆွေ၏ ရုပ်ကလာပ်ကို အမှတ် (၂) တပ်မတော်ဆေးရုံကြီး ခုတင် (၁,၀၀၀)မှ တပ်မတော်စစ်သင်္ချိုင်းကို ပို့ဆောင်မီးင်္သဂြိုဟ်သွားမည်လည်း ဖြစ်သည်။
နိုင်ငံတော်အဆင့်ပြုလုပ်မည့် ယာယီသမ္မတ ဦးမြင့်ဆွေ၏ ဈာပနအခမ်းအနားကို နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော ဦးဆောင်ပြုလုပ်မည်လည်း ဖြစ်သည်။ အခမ်းအနားကျင်းပရေးဦးစီးကော်မတီ ဒုတိယဥက္ကဋ္ဌ (၁)သည် ပြည်ထဲရေးဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်ဖြစ်ပြီး ဒုတိယဥက္ကဋ္ဌ (၂)သည် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီးကျော်စွာလင်းလည်း ဖြစ်သည်။

လုပ်ငန်းကော်မတီ (၁၁) ခုအထိ ဖွဲ့စည်းထားပြီး ကော်မတီဝင်များထဲ ပြည်ထောင်စုဝန်ကြီးများနှင့် ဒုတိယဝန်ကြီးများလည်းပါဝင်ထားသည််ကို သိရသည်။
More Stories
မြန်မာနိုင်ငံတော် ယာယီသမ္မတ ကမ္ဘာ့အနုမြူသတင်းပတ်ဖိုရမ်တက်ရောက်ရန် ရုရှားနိုင်ငံသမ္မတ၏ဖိတ်ကြားချက်အရ ရုရှားနိုင်ငံသို့ထွက်ခွာ
မြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ရုရှားနိုင်ငံသမ္မတ မစ္စတာ ဗလာဒီမာ ပူတင်၏ ဖိတ်ကြားချက်အရ မော်စကိုမြို့တွင်ကျင်းပမည့် ကမ္ဘာ့အနုမြူသတင်းပတ်ဖိုရမ်တက်ရောက်ရန် အလုပ်သဘောခရီးစဥ်အဖြစ် ယနေ့ စက်တင်ဘာ ၂၄ ရက်နံနက်ပိုင်းက နေပြည်တော်လေဆိပ်မှ အထူးလေယာဥ်ဖြင့်ထွက်ခွာသွားခဲ့သည်။ ခရီးစဥ်အတွင်း၌...
ကမ္ဘာ့စက်ရုပ်ပြိုင်ပွဲမှာ မြန်မာကလေးငယ်အဖွဲက AI အသုံးပြု ရှာဖွေကယ်ဆယ်ရေး စက်ရုပ်ကားနဲ့ ပထမဆုရ
ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြိုမှာ စက်တင်ဘာ ၁၈ ရက်ကနေ စက်တင်ဘာ ၂၁ ရက်နေ့အထိ ကျင်းပခဲ့တဲ့ ကမ္ဘာ့စက်ရုပ်အိုလံပစ် အာရှပစိဖိတ် ပြိုင်ပွဲ (World Robot Olympiad Asia Pacific Open Championship) ပွဲမှာ...
ပြည်ထောင်စုတစ်ဝန်းယှဥ်ပြိုင်မည့်ပါတီများ မဲဆန္ဒနယ်အားလုံး၏ လေးပုံတစ်ပုံကိုမဖြစ်မနေဝင်ပြိုင်ရမည်
နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီသည် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကိုပြင်ဆင်သည့် ဥပဒေကို စက်တင်ဘာလ(၂၁)ရက် ရက်စွဲဖြင့် ပြဋ္ဌာန်းလိုက်ကြောင်း သိရသည်။ အဆိုပါ ပြင်ဆင်ပြဋ္ဌာန်းသည့် နစက လက်ထက်က ပြဋ္ဌာန်းခဲ့သည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို ပြင်ဆင်ထားသည့် ဥပဒေ၏ ပုဒ်မ(၁၂)...
ရွေးကောက်ပွဲ၌ မိမိတို့ရွေးချယ်မည့် ရွေးကောက်ခံကိုယ်စားလှယ်များသည် နိုင်ငံကောင်းအောင်ဆောင် ရွက်နိုင်မည့်သူများဖြစ်ရန်လို
မြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ စက်တင်ဘာ ၁၉ ရက်မွန်းလွဲပိုင်းက တနင်္သာရီတိုင်း၊ မြိတ်မြို့ရှိ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိရပ်ဖများအားတွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင် ရာများဆွေးနွေးပြောကြားစဥ် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ " ဆန္ဒမဲပေးတဲ့အခါမှာ မိမိတို့ရွေးချယ်မယ့် ရွေး...
ထားဝယ်လေဆိပ်အား အဆင့်မြှင့်တင်ရန် ဆောင်ရွက်နေပြီး ဘုတ်ပြင်း၊ ကော့သောင်း စသည့် ကျွန်းပတ်လေကြောင်းခရီးစဉ််များ တိုးချဲ့ပြေးဆွဲပေးမည်ဖြစ်ကြောင်း ယာယီသမ္မတ ပြောကြား
ထားဝယ်လေဆိပ်အား အဆင့်မြှင့်တင်တိုးချဲ့နိုင်ရေး ဆောင်ရွက်နေပြီး ဘုတ်ပြင်း၊ ကော့သောင်း စသည့် ကျွန်းပတ်လေကြောင်းခရီးစဉ််များ တိုးချဲ့ပြေးဆွဲပေးနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယမန်နေ့တွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ရှိ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများနှင့်...
နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော တရုတ်-အာဆီယံစီးပွားရေးခေါင်းဆောင်များဖိုရမ် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်မိန့်ခွန်း ပြောကြား
“အာဆီယံကို ဉာဏ်ရည်တုနည်းပညာဖြင့် ချိတ်ဆက်၍ ဒစ်ဂျစ်တယ်အသွင် ကူးပြောင်းခြင်းမှတစ်ဆင့် ဖွံ့ဖြိုးတိုးတက်မှု အနာဂတ်ကို မျှဝေခြင်း” ဆောင်ပုဒ်ဖြင့် တရုတ်-အာဆီယံစီးပွားရေးခေါင်းဆောင်များဖိုရမ်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းတွင် နန်နင်းမြို့ရှိ Grand Metropark Hotel ၌ ကျင်းပရာ နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော...