
သန်းခေါင်စာရင်းကောက်ယူခြင်းနှင့် ပတ်သက်ပြီး နစက ဥက္ကဋ္ဌက မနက်ဖြန် နံနက် ၈ နာရီတွင် မိန့်ခွန်းပြောကြားမည်
လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းနှင့် ပတ်သက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က စက်တင်ဘာ ၁ ရက်(မနက်ဖြန်) နံနက် ၈ နာရီတွင် နိုင်ငံပိုင်မီဒီယာများမှ တစ်ဆင့် မိန့်ခွန်းပြောကြားမည်ဖြစ်ကြောင်း နစကသတင်းထုတ်ပြန်ရေးအဖွဲ့မှ အသိပေးကြေညာထားသည်။

“နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်းအထိမ်းအမှတ် ပြည်သူသို့ ပြောကြားသည့်မိန့်ခွန်းအား ၂၀၂၄ ခုနှစ် စက်တင်ဘာ ၁ ရက်နေ့ နံနက် ၈ နာရီ ၊ မွန်းတည့် ၁၂ နာရီ၊ ညနေ ၄ နာရီနှင့် ည ၈ နာရီအချိန်များတွင် MRTV – HD Channel । MRTV – News Channel – MWD – HD Channel । MWD Variety Channel၊ မြန်မာ့အသံရေဒီယို၊ သဇင် FM နှင့် MRTV App: အပါအဝင် Online တို့မှ ထုတ်လွှင့်သွားမည်ဖြစ်သည်” ဟု SAC သတင်းထုတ်ပြန်ရေးအဖွဲ့မှ အသိပေးကြေညာထားသည်။
More Stories
ရွှေဈေးဆွဲတင်နေသူများနှင့် ကတိပျက်ကွက်သည့် အွန်လိုင်းရွှေရောင်းသူများကို တာဝန်ရှိသူများက ခေါ်ယူစစ်ဆေးနေ
ရွှေဈေးနှုန်းဆွဲတင်သူများနှင့် အွန်လိုင်းမှ ရွှေအရောင်းအဝယ်ပြုလုပ်ပြီး မလျော်ဘဲ ကတိပျက်သူများအား တိုင်ကြားထားမှုများရှိသောကြောင့် တာဝန်ရှိသူများက ခေါ်ယူမေးမြန်းစစ်ဆေးနေကြောင်း ရန်ကုန်ဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း (YGEA) ဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောကြားသည်။ ဈေးနှုန်းဆွဲတင်သူများနှင့် အွန်လိုင်းမှရွှေရောင်းဝယ်သူတချို့ကို တာဝန်ရှိသူများက ခေါ်ယူမေးမြန်းစစ်နေကြောင်း သတင်းများ ထွက်ပေါ်နေမှုနှင့်...
သစ်ပင်များအားအကြောင်းမဲ့ခုတ်ထွင်ခြင်းမပြုလုပ်စေရေးအတွက် By Law များဖြင့်ထိန်းသိမ်းရန် နစက ဥက္ကဋ္ဌမှာကြား
ပြင်ဦးလွင်ဒေသတွင် သစ်ပင်ပန်းမန်များဖြင့်အစဉ်အမြဲသာယာလှပစေရေးနှင့်ပတ်သက်၍ နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ဇွန် ၁၁ ရက်နံနက်ပိုင်းက မန္တ လေးတိုင်း၊ ပြင်ဦးလွင်မြို့ဒေသရေဖူလုံစွာရရှိရေး၊ ပညာရေးကဏ္ဍမြင့်မားရေးနှင့် သန့်ရှင်းသာယာလှပရေးဆောင်ရွက်ထားရှိမှုတို့ကိုကြည့်ရှုစစ်ဆေးစဥ် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပြင်ဦးလွင်ဒေသတွင် သစ်ပင်ပန်းမန်များဖြင့်အစဉ်အမြဲသာယာလှပစေရေးနှင့် သစ်ပင်များအားအ ကြောင်းမဲ့ခုတ်ထွင်ခြင်းများ မပြုလုပ်စေရေးအ...
ကျောင်းနေအရွယ်ကလေးများအားလုံး ပညာသင်ကြားနိုင်ရေးအတွက်စည်းရုံးဆောင်ရွက်ရန် နစက ဥက္ကဋ္ဌမှာကြား
လူသားအရင်းအမြစ်ကောင်းများရရှိစေရေးနှင့်ပတ်သက်၍ နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ငလျင်ဒဏ်သင့်ခဲ့သည့် စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့၊ အ.ထ.က(၁)အား ဇွန် ၁၀ ရက်ကကြည့်ရှုစစ်ဆေးစဥ် မှာကြားခဲ့ခြင်းဖြစ်သည်။ နိုင်ငံတော်အနေဖြင့် ပညာရည်မြင့်မားရေးအတွက် KG + 9 အထိ အခမဲ့ပညာရေးစနစ်ဖြင့်...
ပြင်ဦးလွင်၌ သောက်သုံးရေဖူလုံရေးအတွက် ကာလတိုအတွင်းထိရောက်လျင်မြန်သော အစီအမံ (Quick Win Plan)ဖြင့်ဆောင်ရွက်ရန် နစက ဥက္ကဋ္ဌမှာကြား
မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်နှင့် ပြင်ဦးလွင်မြို့နယ်တို့၌ သောက်သုံးရေးဖူလုံစွာရရှိရေးနှင့် ပတ်သက်၍ ဇွန် ၉ ရက်နံနက်ပိုင်းက အမျိုးသားအထိမ်းအမှတ်ဥယျာဉ်တွင်ကျင်းပသည့် ရေရရှိရေး၊ စိုက်ပျိုးရေးနှင့် စိမ်းလန်းစိုပြေရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ မှာကြားခဲ့ခြင်းဖြစ်သည်။ ပြင်ဦးလွင်ခရိုင်နှင့် မြို့နယ်အတွင်း...
UEC သို့ နိုင်ငံရေးမှတ်ပုံတင်ခွင့် လျှောက်ထားသည့်ပါတီ ၇၇ ပါတီရှိပြီး လက်ရှိအချိန်ထိ မှတ်ပုံတင်ခွင့်ပြုသည့်ပါတီ ၅၆ ပါတီ ရှိ
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) သို နိုင်ငံရေးမှတ်ပုံတင်ခွင့် လျှောက်ထားသည့်ပါတီ ၇၇ ပါတီရှိပြီး လက်ရှိအချိန်ထိ မှတ်ပုံတင်ခွင့်ပြုသည့်ပါတီ ၅၆ ပါတီ ရှိပြီဖြစ်ကြောင်း UEC က ထုတ်ပြန်ခဲ့ပါတယ်။ ယခုနှစ် အထွေထွေရွေးကောက်ပွဲများကို ဒီဇင်ဘာလအတွင်း ကျင်းပရန်ရှိသဖြင့် နိုင်ငံရေးပါတီ...
ရွေးကောက်ပွဲအား FPTP နှင့် PR စနစ်နှစ်မျိုးလုံးကို အသုံးပြုဆောင်ရွက်မည်ဖြစ်ပြီး လက်ရှိစာရင်းအရ မြို့နယ်ပေါင်း ၂၆၇ ခုတွင် ကျင်းပရန်ရှိကြောင်း UEC ဖြေကြား
ယခု ၂၀၂၅ နှစ်ကုန်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား မဲအများဆုံးရသူအနိုင်စနစ် (FPTP) နှင့် အချိုးကျကိုယ်စားပြုစနစ် (PR) နှစ်မျိုးလုံးကို အသုံးပြုဆောင်ရွက်မည်ဖြစ်ပြီး လက်ရှိစာရင်းများအရ မြိုနယ်ပေါင်း ၂၆၇ မြို့နယ်တွင် ကျင်းပရန်ရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က...