နေပြည်တော်တွင် ဇလပ်ဝါပလာဇာ ဖွင့်လှစ်ခဲ့
၂၀၂၄ ခုနှစ် ၊ သြဂုတ်လ ၃၀ ရက်
နေပြည်တော်၊ ဥတ္တရသီရိမြို့၊ မန္တလေးလမ်းနှင့်ဇလပ်ဝါလမ်းထောင့်တွင် ဇလပ်ဝါပလာဇာ ကို ယနေ့ သြဂုတ်လ ၃၀ ရက် နံနက်က ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ယင်းပလာဇာတွင် စားသောက်ကုန်၊ လူသုံးကုန်၊ ဆေးနှင့်ဆေးပစ္စည်း၊ ကျောက်မျက်ရတနာ၊ အဝတ်အထည်၊ စာရေးကိရိယာ၊ နိုင်ငံခြားအစားအစာနှင့်ရိုးရာအစားအသောက်များ၊ Cosmetic ဆိုင်ရာများ၊ အမှတ်တရ လက်ဆောင်ပစ္စည်းအရောင်းဆိုင် များ၊ ကျန်းမာရေးအထောက်အကူပြုစက်ပစ္စည်းများ၊ အီလက်ထရော နစ်ပစ္စည်းများကို တစ်နေရာတည်း၌ ပြီးပြည့်စုံစွာ ဝယ်ယူနိုင်မည် ဖြစ်ကြောင်း သိရသည်။

ယင်းအပြင် ခေတ်မီကလေး ကစားကွင်းများ ပါဝင် ကာ အခမ်းအနားများပြုလုပ်နိုင်သည့်ခန်းမ လည်းပါဝင်ပြီး နေ့စဉ် နံနက် ၉ နာရီမှ ည ၉ နာရီအထိ ပိတ်ရက်မရှိ ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။ ယင်းပလာဇာနှင့်အတူ မြန်မာ့စီးပွားရေးဦးပိုင် အများနှင့် သက်ဆိုင်သောကုမ္ပဏီလီမိတက် (ရုံးချုပ်) အဆောက်အဦကိုလည်း ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
More Stories
၂၀၂၅ ခုနှစ်၊ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တန်ဆောင်တိုင်ပွဲတော် မီးပုံးပျံလွှတ်တင်ပူဇော်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ
၂၀၂၅ ခုနှစ်၊ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တန်ဆောင်တိုင်ပွဲတော် မီးပုံးပျံလွှတ်တင်ပူဇော်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေပိုင်းတွင် မာရဝိဇယဗုဒ္ဓဥယျာဉ်တော်အတွင်းရှိ ရေပန်းရင်ပြင်တော်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ အခမ်းအနားသို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ၊ ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး...
အခြေခံဥပဒေမှ ပြင်ဆင်၍ရသည်များကို ပြင်ဆင်ပေးသွားမည်ဖြစ်ပြီး တိုင်းပြည်ခွဲထွက်ရေးကို တပ်မတော်အနေဖြင့် လုံးဝလက်မခံကြောင်း ယာယီသမ္မတပြောကြား
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေမှ ပြင်ဆင်၍ ရသည်များကိုပြင်ဆင်ပေးသွားမည်ဖြစ်ကြောင်း နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင်ကိုယ်စားလှယ်အဖွဲ့များနှင့် တွေ့ဆုံစဥ် ပြောကြားခဲ့သည်။ အဆိုပါ ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင်ကိုယ်စားလှယ်အဖွဲ့များသည် ယာယီသမ္မတ...
မိမိတို့နိုင်ငံတွင် ယခုအချိန်ကစပြီး ပိုမိုကောင်းမွန်တိုးတက်သည့် အခြေအနေကောင်းများ ရရှိခံစားနိုင်မည်ဟု ယုံကြည်ကြောင်း ယာယီသမ္မတပြောကြား
ဒီပါဝလီမီးထွန်းပွဲတော်ကြောင့် မိမိတို့နိုင်ငံတွင် ယခုအချိန်ကစပြီး ပိုမိုကောင်းမွန်တိုးတက်သည့် အခြေအနေကောင်းများ ရရှိခံစားနိုင်မည်ဟု ယုံကြည်ကြောင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတဗိုလ်ချုပ်မှူးကြီး နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကပြောကြားသည်။ အောက်တိုဘာ ၁၇ ရက်၊ ညနေပိုင်းက ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊...
ရွေးကောက်ပွဲအား ပထမအကြိမ်တွင် ၁၀၂ မြို့နယ်၊ ဒုတိယအကြိမ်တွင် မြို့နယ် ၁၀၀ နှင့် ကျန်မြို့နယ်များကို တတိယအကြိမ်တွင် ပြုလုပ်မည်ဖြစ်ပြီး ထပ်မံကျန်ရှိသည့် မြို့နယ်များအား ကြားဖြတ်ရွေးကောက်ပွဲ ပြုလုပ်ချိန်တွင် ကျင်းပပေးမည်ဟု ယာယီသမ္မတ ပြောကြား
ရွေးကောက်ပွဲအား သုံးကြိမ်ပြုလုပ်သွားမည်ဖြစ်ပြီး ပထမအကြိမ်တွင် ၁၀၂ မြို့နယ်၊ ဒုတိယအကြိမ်တွင် မြို့နယ် ၁၀၀ နှင့် ကျန်မြို့နယ်များကို တတိယအကြိမ်တွင် ပြုလုပ်မည်ဖြစ်ပြီး ယင်းအနက် ထပ်မံကျန်ရှိသည့် မြို့နယ်များအား လာမည့်အစိုးရနှင့် ရွေးကောက်ပွဲကော်မရှင်တို့က ဦးဆောင်ပြီး ကြားဖြတ်ရွေးကောက်ပွဲ ပြုလုပ်ချိန်တွင်...
(၂၆) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားသို့ ယာယီသမ္မတ တက်ရောက် အမှာစကားပြောကြားပြီး ဆုများချီးမြှင့်ပေး
(၂၆) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမ္မာန် သဘင်ဆောင်ခန်းမတွင် ကျင်းပရာ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားပြီး...
မြန်မာနိုင်ငံတော် ယာယီသမ္မတ ကာဇက်စတန်နိုင်ငံမှတစ်ဆင့် တရုတ်နိုင်ငံသို့ ဆက်လက်ထွက်ခွာ
ကာဇက်စတန်နိုင်ငံသို့ တရားဝင်အလုပ်သဘောခရီးစဥ်ရောက်ရှိနေသည့် မြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ စက်တင်ဘာ ၂၉ ရက်နံနက်ပိုင်းက ကာဇက်စတန်နိုင်ငံမှတစ်ဆင့် တရုတ်နိုင်ငံ၊ ကူမင်းမြို့လေဆိပ်သို့ အထူးလေယာဥ်ဖြင့်ဆက်လက်ထွက်ခွာခဲ့သည်။ တရုတ်နိုင်ငံသို့ဆက်လက်ထွက်ခွာမည့် မြန်မာနိုင်ငံတော် ယာယီသမ္မတအား...
