(၁၆)သင်း ရှုံးထွက်အဆင့်ထိ ရောက်ရှိသွားပြီဖြစ်တဲ့ အမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲ
ဇူလိုင်လ ၄ ရက်
သြစတြေးလျ နဲ့ နယူးဇီလန် နိုင်ငံတို့က အိမ်ရှင်အဖြစ် ပူးတွဲ ကျင်းပနေတဲ့ ၂၀၂၃ အမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲကြီးကတော့ ယမန်နေ့မှာပဲ အုပ်စုပွဲစဉ်တွေ အားလုံး ပြီးဆုံးသွားခဲ့ပြီ ဖြစ်ပါတယ်။

အုပ်စုပွဲတွေ ပြီးဆုံးချိန်မှာ ဆွစ်ဇာလန် ၊ နော်ဝေ ၊ သြစတြေးလျ ၊ နိုင်ဂျီးရီးယား ၊ ဂျပန် ၊ စပိန် ၊ အင်္ဂလန် ၊ ဒိန်းမတ် ၊ နယ်သာလန် ၊ အမေရိကန် ၊ ပြင်သစ် ၊ ဂျမေကာ ၊ ဆွီဒင် ၊ တောင်အာဖရိက ၊ ကိုလံဘီယာ နဲ့ မော်ရိုကိုတို့က နောက်တစ်ဆင့် တက်လှမ်းခဲ့ပေမယ့်လည်း ဂျာမနီ ဘရာဇီးလ် ကနေဒါတို့လို အသင်းကြီးတွေကတော့ အုပ်စုအဆင့်နဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။

(၁၆)သင်း ရှုံးထွက်အဆင့်မှာတော့ – ဆွစ်ဇာလန် နဲ့ စပိန် ၊ နယ်သာလန် နဲ့ တောင်အာဖရိက၊ ဂျပန် နဲ့ နော်ဝေ၊ ဆွီဒင် နဲ့ အမေရိကန်၊ သြစတြေးလျ နဲ့ ဒိန်းမတ်၊ ပြင်သစ် နဲ့ မော်ရိုကို၊ အင်္ဂလန် နဲ့ နိုင်ဂျီးရီးယား၊ ကိုလံဘီယာ နဲ့ ဂျမေကာတို့ တွေ့ဆုံမှာဖြစ်ပြီး ဒီလ (၅)ရက်နေ့ကနေ (၈)ရက်နေ့အထိ ယှဉ်ပြိုင်စေမှာ ဖြစ်ပါတယ်။
More Stories
အခြေခံကျောင်းများတွင် ဘောလုံးပြိုင်ပွဲများ ထွန်းကားရေး၊ ဘောလုံးကွင်းများ ဖော်ထုတ်ပြုပြင်မွမ်းမံရေး ဆွေးနွေး
နိုဝင်ဘာလ ၂၅ ရက် ပညာရေးဝန်ကြီးဌာန၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်း၍ Football for Schools နှင့် ကျောင်းဘောလုံးပြိုင်ပွဲများ ပူးပေါင်းကျင်းပရေး တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရပါတယ်။ ယမန်နေ့ နိုဝင်ဘာလ (၂၃) ရက်က...
အာရှယူ-၁၇ အမျိုးသားခြေစစ်ပွဲ ဝင်ကြေးအခမဲ့ စီစဉ်ထား
နိုဝင်ဘာလ ၂၁ ရက် ၂၀၂၆ အာရှယူ-၁၇ အမျိုးသား ခြေစစ်ပွဲကို နိုဝင်ဘာ (၂၂)ရက် မှ (၃၀)ရက်အထိ ကျင်းပမည်ဖြစ်ပြီး အဆိုပါပွဲစဉ်များကို ဝင်ကြေးအခမဲ့ စီစဉ်ထားကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က အသိပေးထားပါတယ်။ အိမ်ရှင်အဖြစ်ကျင်းပမည့် အဆိုပါ ခြေစစ်ပွဲကို...
အရှေ့တောင်အာရှ အားကစားပြိုင်ပွဲဝင်မည့် မြန်မာအားကစားအဖွဲ့များ အောင်နိုင်ရေးအတွက် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက ငွေကျပ်သိန်း ၁၀၀ လှူဒါန်း
နိုဝင်ဘာလ ၂၁ ရက်နေ့ (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲမှာ မြန်မာနိုင်ငံကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်ကြမယ့် အားကစားအဖွဲ့များရဲ့ အားကစားအောင်နိုင်ရေးအတွက် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက အလှူငွေကျပ်သိန်း ၁၀၀ ပေးအပ်လှူဒါန်းပွဲအခမ်းအနားကို နိုဝင်ဘာ ၂၀ ရက်၊ မွန်းလွဲပိုင်းက နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း...
ကမ္ဘာ့စက်ရုပ်ပြိုင်ပွဲမှာ မြန်မာကလေးငယ်အဖွဲ့က AI အသုံးပြု ရှာဖွေကယ်ဆယ်ရေး စက်ရုပ်ကားနဲ့ ပထမဆုရ
စက်တင်ဘာလ ၂၃ ရက် ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့မှာ စက်တင်ဘာ ၁၈ ရက်ကနေ စက်တင်ဘာ ၂၁ ရက်နေ့အထိ ကျင်းပခဲ့တဲ့ ကမ္ဘာ့စက်ရုပ်အိုလံပစ် အာရှပစိဖိတ်ပြိုင်ပွဲ (World Robot Olympiad Asia Pacific Open...
(၁၉)ကြိမ်မြောက် အရှေ့တောင်အာရှ ကာယဗလနှင့်ကာယကြံ့ခိုင်မှု အားကစားပြိုင်ပွဲမှာ မြန်မာနိုင်ငံက ရွှေတံဆိပ် ၃ ခုအပါအဝင် စုစုပေါင်းဆုတံဆိပ် ၉ ခုရရှိ
ဩဂုတ်လ ၂၂ ရက် (၁၉)ကြိမ်မြောက် အရှေ့တောင်အာရှကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစားပြိုင်ပွဲနှင့် (၅၇)ကြိမ်မြောက် အာရှကာယဗလနှင့် ကာယကြံ့ခိုင်မှုပြိုင်ပွဲတွင် ဝင်ရောက်ယှဥ်ပြိုင်လျှက်ရှိသော မြန်မာအားကစားအဖွဲအနေဖြင့် ရွှေတံဆိပ် ၃ ခု၊ ငွေတံဆိပ် ၂ ခုနှင့် ကြေးတံဆိပ် ၃ ခုစုစုပေါင်းဆုတံဆိပ်...
မြန်မာ E Sports သမိုင်းတွင် ပထမဆုံးသော ကမ္ဘာ့ချန်ပီယံဆုကို Yangon Galacticos အသင်းက PUGB ESports ဖလားနှင့် ဆွတ်ခူးရယူနိုင်ခဲ့
ဩဂုတ် ၄ ရက် မြန်မာနိုင်ငံကိုယ်စားပြု E Sports အသင်းတစ်သင်းဖြစ်တဲ့ Yangon Galacticos အသင်းဟာ 2025 PUBG MOBILE WORLD CUP (PMWC 2025) ချန်ပီယံဆုကို မြန်မာနိုင်ငံအတွက် ပထမဆုံးအဖြစ်...
