// | DailyBriefNews နတ်မောက်မြို့နယ်၊ ဖက်တောရေကျေးရွာမှ နေအိမ် ၄၀ ခန့်ကို လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးခဲ့သည်ဟု သတင်းတု၊ သတင်းအမှားများ မဟုတ်မမှန်ရေးသား ဖြန့်ဝေလျက်ရှိ -

နတ်မောက်မြို့နယ်၊ ဖက်တောရေကျေးရွာမှ နေအိမ် ၄၀ ခန့်ကို လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးခဲ့သည်ဟု သတင်းတု၊ သတင်းအမှားများ မဟုတ်မမှန်ရေးသား ဖြန့်ဝေလျက်ရှိ

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ ဖက်တောရေကျေးရွာကို လုံခြုံရေး တပ်ဖွဲ့ဝင်များက ဇွန်လ ၁၃ ရက်နေ့တွင် မီးရှို့ဖျက်ဆီးခဲ့သည့်အတွက် နေအိမ် ၄၀ ခန့် မီးလောင်ပျက်စီးခဲ့သည်ဟု မဟုတ်မမှန် စွပ်စွဲရေးသားထားသည့် သတင်းတု၊ သတင်း အမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာများက ပြည်သူများ အထင်အမြင်လွဲမှားစေရန် ဝါဒဖြန့်လှုံ့ဆော်နေသည် ကို တွေ့ရှိရသည်။

အဆိုပါသတင်းနှင့်ပတ်သက်၍ လုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ ဖက်တောရေကျေးရွာနှင့် အနီးဝန်းကျင်ကျေးရွာများကို PDF အမည်ခံအကြမ်းဖက်သမား များက အတင်းအဓမ္မ ငွေကြေးကောက်ခံခြင်းနှင့် လူသစ်စုဆောင်းခြင်းများ လုပ်ဆောင် လျက်ရှိသည့်အတွက် ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်လျက်ရှိကြောင်း တာဝန် သိပြည်သူတစ်ဦး၏ သတင်းပေးပို့မှုအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဇွန်လ ၁၁ ရက်နေ့ တွင် နယ်မြေလုံခြုံရေး ဆောင်ရွက်ခဲ့ရာ ဖက်တောရေကျေးရွာနှင့် မီတာ ၅၀၀ ခန့် အကွာ တွင် အကြမ်းဖက်သမားများ၏ ယာယီတဲစခန်း ၂ ခုအား တွေ့ရှိပြီး ဝင်ရောက်ရှင်းလင်း ရာ အကြမ်းဖက်သမားများမှ လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့သည့်အတွက် အပြန်အလှန် ပစ်ခတ်မှုများဖြစ်ပွားခဲ့ကြောင်း၊ ထို့နောက် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့် အကြမ်းဖက်သမားများ ထိခိုက်ဒဏ်ရာများစွာဖြင့် ဆုတ်ခွာထွက်ပြေး သွားခဲ့ပါသည်။

ဆက်လက်၍ အကြမ်းဖက်သမားများ၏ ယာယီတဲစခန်းအတွင်းမှ လက်လုပ်မိုင်း များနှင့် ဖောက်ခွဲဖျက်ဆီးရေးဆက်စပ် ပစ္စည်းအချို့ကို တွေ့ရှိရသည့်အတွက် ပြည်သူများ အန္တရာယ်မဖြစ်ပွားရေးအတွက် စနစ်တကျ ဖောက်ခွဲဖျက်ဆီး ခဲ့ရကြောင်းနှင့် ဖက်တောရေ ကျေးရွာကို လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးခဲ့သည့်မှာ မှန်ကန်မှုမရှိကြောင်း သတင်းရရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၁၆-၆-၂၀၂၄) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ
Next post တေးသံရှင်ဒေါ်ချိုဝေလွင် ( ခ ) ဒေါ်ခင်ချိုချို ကွယ်လွန်