// | DailyBriefNews (၂-၆-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ် -

(၂-၆-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်

(၂-၆-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်ကို ဖော်ပြပေးလိုက်ပါတယ်။

ပြည်တွင်းသတင်းများ

၁။ သီတဂူဆရာတော်ကြီးအား အိန္ဒိယနိုင်ငံယဉ်ကျေးမှုဆက်ဆံရေးကော်မတီက ဗုဒ္ဓဘာသာထွန်းကား ပြန့်ပွားရေးအတွက်နိုင်ငံတကာဆု ဆပ်ကပ်လှူဒါန်း

၂။ ဗီယက်နမ်အလှူရှင်များက ရွှေတိဂုံစေတီရင်ပြင်တော်တွင် သံဃာတော် (၅၅၅၅) ပါး ဆွမ်းဆန်တော်နှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်း

၃။ မြန်မာနိုင်ငံတစ်ဝန်းလုံးသို မုတ်သုံလေဝင်ရောက်ခဲ့ပြီးဖြစ်ကာ မွန်နှင့်ကရင်ပြည်နယ်တိုတွင် ဇွန်လဒုတိယအပတ်အတွင်း ရေကြီးရေလျှံမှု သတိပြုရဖွယ်ရှိ

၄။ ဘင်္ဂလားဒေ့ရှ်ပိုင်နက်အတွင်းသို မြန်မာနိုင်ငံသားများ တရားမဝင် ဝင်ရောက်ခွင့်ပြုမည်မဟုတ်ကြောင်း ဘင်္ဂလားဒေ့ရှ်ပြည်ထဲရေးဝန်ကြီး ပြော

၅။ နယ်ဒါးမြ၏ ကော်သူးလေအာမီဌာနချုပ်မှ ဗိုလ်ကြီးစောအင်္ဂလိပ်က လက်နက် ၃၀ ကျော်နှင့် လက်အောက်ခံလူများ ခေါ်ဆောင်၍ BGF ထံ ခိုလှုပူးပေါင်း

၆။ TNLA ၏ ဘောင်ကျော်လွန်ပြီး ပြုမူပြောဆိုသည့်လုပ်ရပ်မှန်သမျှသည် မလိုလားအပ်သည့် စစ်ရေးအရ ဖြေရှင်းမှုများကို ဖိတ်ခေါ်ရာရောက်သည့်အတွက် ကန့်ကွက်ရှုတ်ချကြောင်း SSPP/SSA ထုတ်ပြန်

၇။ ပေါက်ခေါင်း နှင့် သဲကုန်းမြိုနယ်တိုရှိ ကျေးရွာအုပ်ချုပ်ရေးမှူး(၂)ဦး သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခံရ

၈။ ဇွန်လ ၁ ရက်နေ့ ငွေလဲလှယ်နှုန်း၊ ရွှေဈေးနှုန်းနှင့် စက်သုံးဆီဈေးနှုန်းများမှာ ရွှေ ၁၆ ပဲရည် တစ်ကျပ်သား ၄,၁၄၀,၂၀၀ ကျပ်၊ ဒေါ်လာစျေးနှုန်း အဝယ် ၂၁၀၀ ကျပ်၊ အရောင်း ၂၁၀၀ ကျပ်၊ Octane 92 – ၂၅၆၅ ကျပ်၊ Octane 95 – ၂၆၆၅ ကျပ်၊ Diesel – ၂၃၃၀ ကျပ်၊ Premium Diesel – ၂၃၈၀ ကျပ်

နိုင်ငံတကာသတင်းများ

၁။ အစိုးရကိုဖြုတ်ချရန် ကြိုးပမ်းမှုဖြင့် ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ ၁၄ ဦးတွင် အပြစ်ရှိကြောင်း ဟောင်ကောင်တရားရုံး ဆုံးဖြတ်

၂။ ဇွန် ၁ ရက်မှစပြီး ရွှေ့ပြောင်းလုပ်သားများကို ဝင်ခွင့်ပိတ်ပင်ကြောင်း မလေးရှား ကြေညာ

၃။ ရုရှားနိုင်ငံ မပါဝင်ဘဲ ယူကရိန်းငြိမ်းချမ်းရေးဆွေးနွေးပွဲကို တက်ရောက်ရန် ခက်ခဲလိမ့်မည်ဟု တရုတ် ပြောကြား

၄။ အစ္စရေး အမြောက်ကျည်တစ်ခုပေါ်မှာ “သူတိုကို အဆုံးသတ်လိုက်ပါ” ဆိုတဲ့ စာသားရေးခဲ့မှုကြောင့် နစ်ကီဟာလေ ဝေဖန်ခံနေရ

၅။ လက်ရှိအချိန်မှာ ရုရှားနဲ့ ငြိမ်းချမ်းရေးရယူနိုင်ဖို မဖြစ်နိုင်သေးကြောင်း ယူကရိန်းသမ္မတ ထပ်မံပြောဆို

၆။ ဒုံးကျည်အများအပြားစမ်းသပ်ပစ်လွှတ်မှုက တောင်ကိုရီးယားကို သတိပေးမှုတစ်ခုဖြစ်ကြောင်း မြောက်ကိုရီးယားအစိုးရပြော

အားကစားသတင်းများ

၁။ MNL U-20 Youth League 2024 ပြိုင်ပွဲ ယမန်နေ့က စတင် ကျင်းပ

၂။ စိန့်လူးဝစ်စီးတီးနဲ့ပွဲစဉ်မှာ ပါဝင်ဖို့ မက်ဆီ ကြံ့ခိုင်မှုပြည့်ဝနေတယ်လို့ အသိပေးလာတဲ့ အင်တာမီယာမီ

၃။ အာဆင်နယ်ကိုငြင်းဆန်ပြီး ဘာစီလိုနာနဲ့ ရီးရဲလ်မက်ဒရစ်သို့သာပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေတဲ့ ဇူဘီမန်ဒီ

၄။ ဘာစီလိုနာသို့ပြောင်းရွှေ့ရန် ပျက်ပြယ်သွားပြီးနောက် ဂျူဗင်တပ်စ်သို့ပြောင်းရွှေ့ဖို့နီးစပ်လာတဲ့ ဂရင်းဝုဒ်

၅။ အယ်လ်ဟီလယ်ကို ရှုံးနိမ့်ခဲ့ပြီးနောက် ငိုကြွေးခဲ့ရတဲ့ ရော်နယ်ဒို

အနုပညာသတင်းများ

၁။ စိုင်းစိုင်းခမ်းလှိင်၊ အောင်ထက်တို တက်ရောက်ခဲ့တဲ့ ဂီတမြိုရဲ့ Music City Summer Camp 2024 နွေရာသီသင်တန်းဆင်းပွဲ

၂။ ရုံတင်ပြသဖို ကြိုးစားနေတဲ့ “လှတောသားကွ ဖျားသွားမယ်” ရုပ်ရှင်ဇာတ်ကားမိတ်ဆက်ပွဲ ကျင်းပ

၃။ အနုပညာအရမ်းဝါသနာပါလို အိမ်ကိုအတိုက်အခံလုပ်တော်လှန်လို အများကြီးလည်း ဒုက္ခတွေခံခဲ့ရတာတွေရှိတယ်ဆိုတဲ့ ရှယု

Leave a Reply

Your email address will not be published. Required fields are marked *

Previous post NLD ပါတီနာယက ဦးတင်ဦး ကွယ်လွန်
Next post (၂-၆-၂၀၂၄) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ