// | DailyBriefNews Roတဲ့ဆင်းန်တွေရိုက်လေ့ရိုက်ထမရှိတော့ ဆောင်တော်ကူး ဇာတ်လမ်းတွဲမှာ စိုးရိမ်စိတ်ဖြစ်မိခဲ့တယ်ဆိုတဲ့ မင်းတော်ဝင် -

Roတဲ့ဆင်းန်တွေရိုက်လေ့ရိုက်ထမရှိတော့ ဆောင်တော်ကူး ဇာတ်လမ်းတွဲမှာ စိုးရိမ်စိတ်ဖြစ်မိခဲ့တယ်ဆိုတဲ့ မင်းတော်ဝင်

ပရိသတ်ချစ်ခင်မှုရရှိထားတဲ့ သရုပ်ဆောင် မင်းတော်ဝင်ကတော့ ဆောင်တော်ကူး ဇာတ်လမ်းတွဲမှာ Ro တဲ့ ဆင်းန်တွေ ရိုက်လေ့ရိုက်ထမရှိတော့ နည်းနည်း စိုးရိမ်စိတ်ဖြစ်မိခဲ့တယ်လို့ ဆိုပါတယ်။

“ဆောင်တော်ကူးမှာ မင်းထင်ဆိုတဲ့ ရွှေသမီးရဲ့ မောင်တစ်ယောက်နေရာက သရုပ်ဆောင်ထားတာပါ။ ဇာတ်လမ်းလေး လူသားဆန်တဲ့ဇာတ်လေးပေါ့။ ယုတ်မာသူတွေဆီမှာလည်း ယုတ်မာလောက်တဲ့အကြောင်း အရာလေးတွေ ခိုင်လုံတယ် ဆိုတော့ ဇာတ်ကြိုက်လို့ လက်ခံ ရိုက်ဖြစ်တာပါ။ ကိုယ့်အမဖြစ်သူ နဲ့ တူမလေးအပေါ်မှာ အထိုးနှက်ခံရတာ စွပ်စွဲခံရတာ တွေကို ကိုယ်က ကာကွယ်ပေးဖြစ်တယ်။ ရွှေသမီးဆိုရင် ကိုယ်က ငယ်အောင်လုပ်ရတာဆိုတော့ အခက်တော့တွေ့တာပေါ့ ” လို့ သရုပ်ဆောင် မင်းတော်ဝင်ကပြောပါတယ်။

“အဓိက မိန်းကလေးတွေက တဒင်္ဂ အမှားလေးတွေရှိတတ်ကြတယ်။ ဒီ တဒင်္ဂအမှားလေးက ဘဝတစ်ခုလုံး ဒုက္ခရောက် သွားနိုင်တယ်။ လောဘတွေ ဒေါသတွေ မောဟအပြင် အတ္တတွေကြောင့် ဘဝတစ်လျှောက်လုံးက မငြိမ်းချမ်းနိုင်ဘူးပေါ့။ ဒီအကြောင်းလေးကို အဓိကပြထားပါတယ်။ လီလီကျော်ခိုင်ကို ကျွန်တော်က ကြိုက်ရတာပေါ့နော်။ Ro တဲ့ ဆင်းန်တွေ ကျွန်တော် ရိုက်လေ့ရိုက်ထ မရှိတော့ ကိုယ့်အတွက် နည်းနည်း စိုးရိမ်စိတ်ဖြစ်မိခဲ့တယ်။ လီလီကျော်ခိုင်မှာ ဒီကားမှာ ကိုယ့်ရဲ့ ဆရာမကြီးပေါ့။ ကိုယ်ကြိုက်တော့ ချဉ်းကပ်ရတာလေ။ ကိုယ်တိုင်က Ro ရတာ နည်းနည်းကြိုးစားယူရတယ်” လို့ သူက ဆက်ပြောပါတယ်။

လက်ရှိ ပရိသတ်စိတ်ဝင်စားမှုမြင့်တက်လာတဲ့ Mahar Application က ပြသနေတဲ့ ဆောင်တော်ကူး ဇာတ်လမ်းတွဲမှာတော့ သရုပ်ဆောင်အနေနဲ့ ကောင်းပြည့် ၊ တိုင်ရွန် ချာလီ ၊ ရွှေသမီး ၊ စင်ဒီမြတ် ၊ လီလီကျော် ခိုင် ၊ ယမုံ စတဲ့သူတွေနဲ့အတူ ပါဝင်ထားကြပါတယ်။ ဒီကားကို ဒါရိုက်တာ ပွင့်သိင်္ဂီဇော်က ပရိသတ်စိတ်ဝင်စားစရာ ကောင်းတဲ့ ဇာတ်လမ်း၊ ဇာတ်အိမ်နဲ့ ရသစုံပါဝင်အောင် ပုံဖော်ရိုက်ကူးထားတာလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၅-၅-၂၀၂၄) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ
Next post (၆-၅-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်