မန္တလေးမြို့ရှိ မဟာအောင်မြေလဝကရုံးတွင် ဗုံးပေါက်ကွဲ မှုကြောင့် ကိုးဦးဒဏ်ရာရရှိ
မန္တလေးမြို့ရှိ မဟာအောင်မြေလဝကရုံးတွင် ဗုံးပေါက်ကွဲမှုကြောင့် ကိုးဦးဒဏ်ရာရရှိမှု မတ် ၅ ရက် နေ့လယ် ၁၂ နာရီခွဲခန့်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြည်ကြီးတံခွန်မြို့နယ်၊ ကျွဲဆည်ကန် (၁) လမ်းရှိ မဟာအောင်မြေမြို့နယ် လဝကရုံးအား လက်လုပ်မိုင်းဖြင့် ပစ်ပေါက်ခဲ့ခြင်းဖြစ်သည်။



ကျွဲဆည်ကန်(၁)လမ်းအတိုင်း အမျိုးသားနှစ်ဦး မောင်းနှင်လာသော ဆိုင်ကယ်ပေါ်မှ လက်လုပ်မိုင်းဖြင့် ပစ်ပေါက်ခဲ့သဖြင့် ပေါက်ကွဲမှုဖြစ်ပေါ်ခဲ့ကာ ကိုးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နှစ်ဦးမှာ အသက်အန္တရာယ်စိုးရိမ်ရကြောင်း သိရသည်။
More Stories
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦး ကျိုင်းတုံတပ်နယ်၊ မိုင်းခတ်နှင့် မိုင်းယန်းတပ်နယ်များသို့သွားရောက်၍ အရာရှိ၊ စစ်သည်၊ မိသားစုများကို သီးခြားစီတွေ့ဆုံ
ဧပြီ ၂၄ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းအူး ကျိုင်းတုံတပ်နယ်၊ မိုင်းခတ်နှင့် မိုင်းယန်းတပ်နယ်များသို့ သွားရောက်ပြီး အရာရှိ၊ စစ်သည်၊ မိသားစုများကို သီးခြားစီတွေ့ဆုံခဲ့ကြောင်း သိရပါတယ်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးဟာ ဧပြီလ နှစ်ဆယ့်နှစ်ရက်က ကျိုင်းတုံတပ်နယ်များမှ အရာရှိ၊ စစ်သည်၊...
အရေးပေါ်အခြေအနေကြေညာထားသည့် တိုင်းနှင့် ပြည်နယ်(၉)ခုမှ တိုင်းမှူးများအနေဖြင့် စစ်အုပ်ချုပ်ရေးအာဏာကျင့်သုံးနိုင်
ဧပြီ ၂၄ နိုင်ငံတော်သမ္မတရုံးမှ အရေးပေါ်အခြေအနေကြေညာထားသည့် တိုင်းနှင့်ပြည်နယ်(၉)ခုမှ တိုင်းမှူးများအနေဖြင့် စစ်အုပ်ချုပ်ရေးအာဏာကျင့်သုံးနိုင်သည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ စစ်အုပ်ချုပ်ရေးအ မိန့်အမှတ် ၂ /၂ဝ၂၆ ဖြင့် ယမန်နေ့ ဧပြီ ၂၃ ရက်က ထုတ်ပြန်ခဲ့ပါတယ်။ အရေးပေါ်အခြေအနေကြေညာထားသည့် မြို့နယ်များ၏...
အရေးပေါ်အခြေအနေကြေညာထားသည့် မြို့နယ်များ ၏ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးတာဝန်များကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အားအပ်နှင်း
ဧပြီ ၂၄ ဥပဒေကဲ့သိုအာဏာတည်သောအမိန့် (၁ /၂ဝ၂၆)ဖြင့် အရေးပေါ်အခြေအနေကြေညာထားသည့် တိုင်းနှင့်ပြည်နယ်(၉)ခုမှမြိုနယ်များ၏ အုပ်ချုပ်ရေးနှင့် တရား စီရင်ရေးတာဝန်များကို တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်အားအပ်နှင်းခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံးမှ ဥပ ဒေကဲ့သိုအာဏာတည်သောအမိန့်အမှတ် ၂ /၂ဝ၂၆ ဖြင့် ယနေ့ ဧပြီ...
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ ထိုင်းနိုင်ငံ၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့က လာရောက်ဂါရဝပြုတွေ့ဆုံ
ဧပြီ ၂၃ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ ထိုင်းနိုင်ငံ၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Sihasak Phuangketkaew ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲက ယနေ့ နံနက်ပိုင်းမှာ နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရဲ့ ဧည့်ဆောင်တော်မှာ...
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာနိုင်ငံတော်၏ (၁၁) ဦးမြောက် နိုင်ငံတော် သမ္မတဖြစ်လာ
ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အဖြစ်မှ အနားယူသွားသည့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မြန်မာနိုင်ငံတော်၏ (၁၁) ဦးမြောက် နိုင်ငံတော်သမ္မတဖြစ်လာပြီ ဖြစ်သည်။ ၎င်းအား ပြည့်သူ့လွှတ်တော်က ဒုတိယသမ္မတအဖြစ် ရွေးချယ်ခဲ့ခြင်းဖြစ်ပြီး ယနေ့ ဧပြီလ (၃) ရက်တွင် ပြည်ထောင်စုလွှတ်တော်၌...
ရေတပ်သင်္ဘောကျင်းဌာနချုပ်၏ တန်(၄၀,၀၀၀)ရေလုံလွန်းကျင်းစတင်ဖွင့်လှစ်
ရန်ကုန်တိုင်း၊ သန်လျင်တပ်နယ်ရှိ တပ်မတော်(ရေ)၊ ရေတပ်သင်္ဘောကျင်းဌာနချုပ်၏ တန်(၄၀,၀၀၀)ရေလုံလွန်းကျင်းကို မတ် ၈ ရက်ကစတင်ဖွင့်လှစ်ရာ နိုင်ငံတော် ယာယီသမ္မတ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တက်ရောက်ခဲ့ကြောင်း သိရသည်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ တန်(၄၀,၀၀၀)ရေလုံလွန်းကျင်း ကမ္ပည်းကျောက်စာတိုင်အားစက်ခလုပ်နှိပ်ဖွင့်လှစ်ပေးပြီး တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ကြကာ Shipyard...
