
နေပြည်တော်လေဆိပ်သို့ ပျံသန်းဝင်ရောက်လာသော ဒရုန်းများအား လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့က ပစ်ချဟန့်ထား
နေပြည်တော်လေဆိပ်နှင့် ဇေယျာသီရိမြို့နယ်ဝန်းကျင်သို့ ပျံသန်းဝင်ရောက် လာသော ဒရုန်းများအား လေကြောင်းရန် ကာကွယ်ရေးတပ်ဖွဲ့က ပစ်ချဖျက်ဆီးခဲ့ရကြောင်း သိရသည်။


ယနေ့ ဧပြီလ(၄)ရက် နံနက် (၁၀)နာရီခွဲအချိန်၌ နေပြည်တော်လေဆိပ်အရှေ့ဘက် မှ ဒရုန်းယာဉ်(၄)စင်း ပျံသန်းလာရာ လေဆိပ်ရှိ လေကြောင်းရန် ကာကွယ် ရေးတပ်ဖွဲ့များက ပစ်ချဖျက်ဆီးခဲ့ရသည်။
အလားတူ ဇေယျာသီရီမြို့နယ် အရှေ့ တောင်ဘက်မှ ဒရုန်းယာဉ် (၃)စင်း ပျံသန်းဝင်ရောက်လာမှုကိုလည်း လေကြောင်းရန် ကာကွယ်ရေးတပ်ဖွဲ့က ပစ်ချဖျက်ဆီးခဲ့ရကြောင်း သိရသည်။ အဆိုပါ ဖြစ်စဉ်တွင် လူနှင့်အဆောက်အဦးများ ထိခိုက်ပျက်ဆီး ခြင်းမရှိဘဲ လုံခြုံရေးတပ်ဖွဲ့များက လုံခြုံရေးဆိုင်ရာကိစ္စရပ်များဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ နေပြည်တော်လေဆိပ်အားခေတ္တပိတ်ထားပြီး လေယာဥ်ခရီးစဥ်များ နှောင့်နှေးနေကြောင်း သတင်းများထွက်ပေါ်နေလျှက်ရှိသည်။
More Stories
ဝန်ကြီးများရုံးသည် ရှေးဟောင်းသမိုင်းဝင်အ ဆောက်အဦးဖြစ်၍ မူလလက်ရာအတိုင်းစဉ်ဆက်မပြတ်ထိန်းသိမ်းဆောင်ရွက်ရမည်
ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ပုဂ္ဂိုလ်များလုပ်ကြံခံခဲ့ရသည့် ရန်ကုန်မြို့၏ အထင်ကရနေရာဖြစ်သော ဗိုလ်တထောင်မြို့နယ်ရှိ ဝန်ကြီးများရုံး(အတွင်းဝန်ရုံး)၌ ခင်းကျင်းပြသထားရှိမှုများနှင့် ပြုပြင်ထိန်းသိမ်းထားရှိမှုများကို နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ သြဂုတ် ၄ ရက်နံနက်ပိုင်းက ကြည့်ရှုစစ်ဆေးခဲ့သည်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ခင်းကျင်းပြသထားသည့် သမိုင်းမှတ်တမ်းအထောက်အထား စာရွက်စာတမ်းများနှင့် ဓာတ်ပုံများထိန်းသိမ်းထားရှိမှုနှင့်...
ဘုရင့်နောင်မင်းတရားကြီးတည်ဆောက်ထားသည့် ကြီးကျယ်ခမ်းနားသော“ကမ္ဘောဇသာဒီ”ရွှေနန်းတော်
ဘုရင့်နောင်မင်းတရားကြီးသည် မြန်မာသက္ကရာဇ် ၉၁၅ (အေဒီ ၁၅၅၃ )ခုနှစ်တွင် ဟံသာဝတီဒေသ၌ အကျယ်အဝန်း (၃၄၀၀) စတုရန်းမီတာရှိကာ မြို့ရိုးပတ်လည် တစ်ဖက်တစ်ချက်စီတွင် မြို့တံခါး(၅) ပေါက်ပါရှိပြီး မြို့တံခါးပေါင်း(၂၀)ဖြင့် ကြီးကျယ်ခမ်းနားလှသည့် "ကမ္ဘောဇသာဒီ"ရွှေနန်းတော်သစ်ကြီးကိုတည်ဆောက်ခဲ့သည်။ အဆိုပါ "ကမ္ဘောဇသာဒီ"ရွှေနန်းတော်သစ်ကြီး၏ ရှေးဟောင်းယဉ်ကျေးမှုဆိုင်ရာ...
နစက နိုင်ငံတော်တာဝန်ယူစဥ် ကမ္ဘာ့အင်အားကြီး (၄)နိုင်ငံအနက်(၃)နိုင်ငံနှင့် ထိပ်သီးအဆင့်တွေ့ဆုံဆွေးနွေးမှုများဆောင်ရွက်ခဲ့
နိုင်ငံတော်တာဝန်အား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ တာဝန်ယူထားစဥ် နိုင်ငံတကာဆက်ဆံရေးကိုလွှမ်းမိုးထားသည့် ကမ္ဘာ့အင်အားကြီး(၄) နိုင်ငံအနက် တရုတ်၊ ရုရှား၊ အိန္ဒိယနိုင်ငံတို့နှင့် ထိပ်သီးအဆင့်တွေ့ဆုံဆွေးနွေးမှုများဆောင်ရွက်နိုင်ခဲ့သည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေမှ ဇူလိုင် ၃၁ ရက်နံနက်ပိုင်းက နေပြည်တော်၌ကျင်းပသည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေး (၃/၂၀၂၅)တွင် ဆွေးနွေးတင်ပြခဲ့ခြင်းဖြစ်သည်။...
နစက၏၄ နှစ်ကျော်ကာလ တာဝန်ထမ်းဆောင်မှုနှင့်ပတ်သက်ပြီး လုပ်ဖေါ်ကိုင်ဖက်များအားကျေးဇူးတင်ကြောင်း နစက ဥက္ကဋ္ဌ ဂုဏ်ပြုပြောကြား
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဂုဏ်ပြုတွေ့ဆုံပွဲကို ယနေ့ ဇူလိုင် ၃၀ ရက်နံနက်ပိုင်းက နေပြည်တော်၌ကျင်းပရာ နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီး ချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တက်ရောက်ခဲ့သည်။အစိုးရအဖွဲ့ကလည်း အွန်လိုင်းနှင့်ကော လူကိုယ်တိုင်ပါ စုံလင်စွာတက်ရောက်ကြသည်။ ဥပဒေအရ မနက်ဖြန် ဇူလိုင် (၃၁)တွင် နစကအနေဖြင့် ကာလုံသို့...
ရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ရန်အတွက် သေဒဏ်အထိချမှတ်နိုင်သည့် ဥပဒေပြဌာန်း
ရွေးကောက်ပွဲကာလအတွင်း ပြဋ္ဌာန်းထားသည့် ဥပဒေပါ ပြစ်မှုတစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ရာ၌ တစ်ဦးတစ်ယောက်ကို သေဆုံးမှုဖြစ်စေလျှင် ပြစ်မှုကျူးလွန်ရာတွင် ပါဝင်သူအသီးသီးကို သေဒဏ်ချမှတ်ရမည့် “ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ရေးဥပဒေ” အား ၂၀၂၅ ခုနှစ် ဇူလိုင် ၂၉ ရက် ရက်စွဲပါ...
ငလျင်ကာလအလွန် နည်းပညာဆိုင်ရာဆွေးနွေးပွဲကို နေပြည်တော်တွင်ကျင်းပ
ယနေ့ ဇူလိုင်လ ၂၈ ရက်တွင် “ငလျင်ကာလအလွန်တည်ဆောက်ပြုပြင်ရေးလုပ်ငန်းများအတွက် နည်းပညာဆိုင်ရာ ပြန်လည်သုံးသပ်ခြင်းနှင့် အနာဂတ်တွင် ကြုံတွေ့လာနိုင်သည့် နည်းပညာဆိုင်ရာစိန်ခေါ်မှုများအတွက် ကြိုတင်ပြင်ဆင်ခြင်း” ငလျင်ကာလအလွန် နည်းပညာဆိုင်ရာဆွေးနွေးပွဲ အခမ်းအနားကို နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်တွင် ကျင်းပခဲ့သည်။ အခမ်းအနားတွင် နစကဥက္ကဌ နိုင်ငံတော်ဝန်ကြီးချုပ်...