
MNDAA တပ်ဖွဲ့ဝင်များ ဗုဒ္ဓဘာသာကို စော်ကားသည့် ဓာတ်ပုံများ ထပ်မံပျံ့နှံ့
MNDAA တပ်ဖွဲ့ဝင်များ ဗုဒ္ဓဘာသာကို စော်ကားသည့် ဓာတ်ပုံများ လူမှုကွန်ရက်စာမျက်နှာနှင့် တယ်လီဂရမ်စာမျက်နှာ အချို့တွင် ထပ်မံပျံ့နှံ့လျက်ရှိသည်ကို တွေ့ရသည်။ လောက်ကိုင်မြို့ လေးမျက်နှာဘုရားရှိ ဆင်းတုတော်အချို့ပေါ်တွင် MNDAA တပ်ဖွဲ့ဝတ်စုံ ဝတ်ဆင်ထားသူနှစ်ဦးက မတ်တပ် ရပ်နေသည့်ပုံများ မတ် ၃၀ ရက်တွင် တယ်လီဂရမ်စာမျက်နှာ အချို့တွင် ပျံ့နှံ့လာခြင်းဖြစ်သည်။


လောက်ကိုင်မြို့တွင် ပွိုင့် ၂၂၀၂ တောင်ကုန်းပေါ်ရှိ ဗုဒ္ဓဘာသာဝင်တို့၏ အထွဋ်အမြတ် စေတီတစ်ဆူအား MNDAA အဖွဲ့ဝင်တစ်ဦးက ဖြိုဖျက်နေသည့် ရုပ်သံဖိုင် လူမှုကွန်ရက်တွင် ပျံ့နှံ့ထွက်ပေါ်လာပြီးနောက်တွင် ယခုအကြိမ်ဓာတ်ပုံများ ထပ်မံ ထွက်ပေါ်လာခြင်းလည်းဖြစ်သည်။
More Stories
ရွှေဈေးဆွဲတင်နေသူများနှင့် ကတိပျက်ကွက်သည့် အွန်လိုင်းရွှေရောင်းသူများကို တာဝန်ရှိသူများက ခေါ်ယူစစ်ဆေးနေ
ရွှေဈေးနှုန်းဆွဲတင်သူများနှင့် အွန်လိုင်းမှ ရွှေအရောင်းအဝယ်ပြုလုပ်ပြီး မလျော်ဘဲ ကတိပျက်သူများအား တိုင်ကြားထားမှုများရှိသောကြောင့် တာဝန်ရှိသူများက ခေါ်ယူမေးမြန်းစစ်ဆေးနေကြောင်း ရန်ကုန်ဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း (YGEA) ဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောကြားသည်။ ဈေးနှုန်းဆွဲတင်သူများနှင့် အွန်လိုင်းမှရွှေရောင်းဝယ်သူတချို့ကို တာဝန်ရှိသူများက ခေါ်ယူမေးမြန်းစစ်နေကြောင်း သတင်းများ ထွက်ပေါ်နေမှုနှင့်...
သစ်ပင်များအားအကြောင်းမဲ့ခုတ်ထွင်ခြင်းမပြုလုပ်စေရေးအတွက် By Law များဖြင့်ထိန်းသိမ်းရန် နစက ဥက္ကဋ္ဌမှာကြား
ပြင်ဦးလွင်ဒေသတွင် သစ်ပင်ပန်းမန်များဖြင့်အစဉ်အမြဲသာယာလှပစေရေးနှင့်ပတ်သက်၍ နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ဇွန် ၁၁ ရက်နံနက်ပိုင်းက မန္တ လေးတိုင်း၊ ပြင်ဦးလွင်မြို့ဒေသရေဖူလုံစွာရရှိရေး၊ ပညာရေးကဏ္ဍမြင့်မားရေးနှင့် သန့်ရှင်းသာယာလှပရေးဆောင်ရွက်ထားရှိမှုတို့ကိုကြည့်ရှုစစ်ဆေးစဥ် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပြင်ဦးလွင်ဒေသတွင် သစ်ပင်ပန်းမန်များဖြင့်အစဉ်အမြဲသာယာလှပစေရေးနှင့် သစ်ပင်များအားအ ကြောင်းမဲ့ခုတ်ထွင်ခြင်းများ မပြုလုပ်စေရေးအ...
ကျောင်းနေအရွယ်ကလေးများအားလုံး ပညာသင်ကြားနိုင်ရေးအတွက်စည်းရုံးဆောင်ရွက်ရန် နစက ဥက္ကဋ္ဌမှာကြား
လူသားအရင်းအမြစ်ကောင်းများရရှိစေရေးနှင့်ပတ်သက်၍ နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ငလျင်ဒဏ်သင့်ခဲ့သည့် စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့၊ အ.ထ.က(၁)အား ဇွန် ၁၀ ရက်ကကြည့်ရှုစစ်ဆေးစဥ် မှာကြားခဲ့ခြင်းဖြစ်သည်။ နိုင်ငံတော်အနေဖြင့် ပညာရည်မြင့်မားရေးအတွက် KG + 9 အထိ အခမဲ့ပညာရေးစနစ်ဖြင့်...
ပြင်ဦးလွင်၌ သောက်သုံးရေဖူလုံရေးအတွက် ကာလတိုအတွင်းထိရောက်လျင်မြန်သော အစီအမံ (Quick Win Plan)ဖြင့်ဆောင်ရွက်ရန် နစက ဥက္ကဋ္ဌမှာကြား
မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်နှင့် ပြင်ဦးလွင်မြို့နယ်တို့၌ သောက်သုံးရေးဖူလုံစွာရရှိရေးနှင့် ပတ်သက်၍ ဇွန် ၉ ရက်နံနက်ပိုင်းက အမျိုးသားအထိမ်းအမှတ်ဥယျာဉ်တွင်ကျင်းပသည့် ရေရရှိရေး၊ စိုက်ပျိုးရေးနှင့် စိမ်းလန်းစိုပြေရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ မှာကြားခဲ့ခြင်းဖြစ်သည်။ ပြင်ဦးလွင်ခရိုင်နှင့် မြို့နယ်အတွင်း...
UEC သို့ နိုင်ငံရေးမှတ်ပုံတင်ခွင့် လျှောက်ထားသည့်ပါတီ ၇၇ ပါတီရှိပြီး လက်ရှိအချိန်ထိ မှတ်ပုံတင်ခွင့်ပြုသည့်ပါတီ ၅၆ ပါတီ ရှိ
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) သို နိုင်ငံရေးမှတ်ပုံတင်ခွင့် လျှောက်ထားသည့်ပါတီ ၇၇ ပါတီရှိပြီး လက်ရှိအချိန်ထိ မှတ်ပုံတင်ခွင့်ပြုသည့်ပါတီ ၅၆ ပါတီ ရှိပြီဖြစ်ကြောင်း UEC က ထုတ်ပြန်ခဲ့ပါတယ်။ ယခုနှစ် အထွေထွေရွေးကောက်ပွဲများကို ဒီဇင်ဘာလအတွင်း ကျင်းပရန်ရှိသဖြင့် နိုင်ငံရေးပါတီ...
ရွေးကောက်ပွဲအား FPTP နှင့် PR စနစ်နှစ်မျိုးလုံးကို အသုံးပြုဆောင်ရွက်မည်ဖြစ်ပြီး လက်ရှိစာရင်းအရ မြို့နယ်ပေါင်း ၂၆၇ ခုတွင် ကျင်းပရန်ရှိကြောင်း UEC ဖြေကြား
ယခု ၂၀၂၅ နှစ်ကုန်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား မဲအများဆုံးရသူအနိုင်စနစ် (FPTP) နှင့် အချိုးကျကိုယ်စားပြုစနစ် (PR) နှစ်မျိုးလုံးကို အသုံးပြုဆောင်ရွက်မည်ဖြစ်ပြီး လက်ရှိစာရင်းများအရ မြိုနယ်ပေါင်း ၂၆၇ မြို့နယ်တွင် ကျင်းပရန်ရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က...