အစ္စရေးထောက်လှမ်းရေး စစ်ဆင်ရေးနှင့်ဆက်နွယ်နေသူ လူ(၄)ဦးကို ကွပ်မျက်ခဲ့တဲ့ အီရန်အစိုးရ

ဇန်နဝါရီလ ၂၉ ရက်
အီရန်အစိုးရသည် အစ္စရေးထောက်လှမ်းရေးစစ်ဆင်ရေးနှင့် ဆက်နွယ်နေသော လူ(၄)ဦးကို ဇန်နဝါရီလ(၂၉)ရက် တွင် သေဒဏ်ချမှတ်လိုက်ကြောင်း သိရပါတယ်။
အီရန်တရားရုံးချုပ်သည် အဆိုပါလူ(၄)ဦး၏ အယူခံဝင်မှုကို ပယ်ချခဲ့ပြီးနောက် ယခုကဲ့သို သေဒဏ်ချမှတ်လိုက် ခြင်းဖြစ်ကြောင်း အီရန်နိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့ပါတယ်။
၎င်းတို(၄)ဦးသည် အီရန်ကာကွယ်ရေးဝန်ကြီးဌာန အတွက် စက်ပစ္စည်းများထုတ်လုပ်ပေးသည့် Isfahan မြိုအခြေစိုက်စက်ရုံတစ်ခုတွင် ဗုံးခွဲမှုများလုပ်ဆောင်ရန် အတွက် အီရတ်နိုင်ငံ ကာဒစ်စတန်ဒေသမှ အီရန်ပိုင်နက်အတွင်းသို တရားမဝင် ဝင်ရောက်ခဲ့သည်ဟု စွပ်စွဲခံထားရ သူများဖြစ်ကြောင်းလည်း သတင်း သိရပါတယ်။
၎င်းတို(၄)ဦးသည် အစ္စရေးထောက်လှမ်းရေးအေဂျင်စီ မော့ဆတ်ကိုယ်စား အဆိုပါစစ်ဆင်ရေးကို ၂ဝ၂၂ ခုနှစ် နွေရာသီကာလတွင် လုပ်ဆောင်ရန် ရည်ရွယ်ထားခဲ့သော်လည်း အီရန်ထောက်လှမ်းရေးအေဂျင်စီက ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း အစီရင်ခံစာများအရ သိရှိရပါတယ်။
