၁၀ ရက်တာ မင်္ဂလာပွဲကျင်းပနေသော ဘရူနိုင်းမင်းသား
ပြီးခဲ့တဲ့နှစ်အောက်တိုဘာမှာ အသက် ၃၂ နှစ်အရွယ် ဘရူနိုင်းမင်းသား အဒူမာတင်ဟာ ဘရူနိုင်းဆူလ်တန်ရဲ့ အထူးအကြံပေးပုဂ္ဂိုလ် ပီဟင် ဒါတို ဟာဂျီ အီဆာရဲ့မြေး အေနီရှာ ရိုဆာနာ ဘင်တီ အာဒမ် နဲ့ လက်ထပ်တော့မယ်လို့ ကြေညာခဲ့တာပါ။ သူ့ရဲ့တော်ဝင်မင်္ဂလာပွဲကို ဇန်နဝါရီ ၇ ရက်နေ့က စတင်ခဲ့ပြီး ၁၀ ရက်ကြာ ကျင်းပမှာဖြစ်ပါတယ်။






လက်ရှိမှာတော့ ၁၀ရက်တာ မင်္ဂလာပွဲကျင်းပလို့မပြီးသေးပေမဲ့ သူတို့စုံတွဲရဲ့မင်္ဂလာအခမ်းအနားကပုံတွေ၊ သတို့သမီးရဲ့ ပုံတွေက လူမှုကွန်ယက်မှာပျံ့နှံ့နေပါပြီ။ သတို့သမီးအေနီရှာရဲ့ပုံတွေကို မင်္ဂလာပွဲဓာတ်ပုံဆရာမူအာချ် ရိုစ်မန်းက အင်စတာ ဂရမ်ကတဆင့် မျှဝေပေးထားပါတယ်။ ဇန်နဝါရီ ၁၁ ရက်နေ့က အစ္စလာမ်ဓလေ့မင်္ဂလာပွဲကို ကျင်းပခဲ့ပါတယ်။ တော်ဝင် မင်္ဂလာပွဲကြီးနဲ့ ပျော်ပွဲရွှင်ပွဲတွေကို ဇန်နဝါရီ ၁၇ ရက်အထိ ဆက်လက်ကျင်းပသွားမှာပါ။
More Stories
ထိုင်းစစ်တပ်က သံချပ်ကာယာဉ်များ၊ M777 နှင့် HIMARS ဒုံးကျည်စနစ်များ ဝယ်ယူပေးရန်အပြင် ဒရုန်းစစ်ဆင်ရေးဗဟိုဌာနထူထောင်ရေးပါ တောင်းဆို
ဩဂုတ်လ ၂၅ ရက်၊ ၂၀၂၆ ထိုင်းတော်ဝင်စစ်တပ်သည် ပြောင်းလဲလာသော လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုများကို တုံ့ပြန်ရန်နှင့် စစ်ဆင်ရေး အသင့်ပြင်ဆင်ထားရှိမှု မြှင့်တင်ရန်အတွက် ဘီးတပ်သံချပ်ကာယာဉ်များ၊ M777 ၁၅၅ မီလီမီတာ ဟောင်ဝစ်ဇာ အမြောက်များနှင့် HIMARS ဒုံးပစ်လောင်ချာ...
ရုရှားနှင့် ဗြိတိန် ဆက်ဆံရေး တင်းမာမှု မြင့်တက်လာပြီး လန်ဒန်ရှိ ရုရှားသံအမတ်ကြီး လန်ဒန်မှ ထွက်ခွာမည်
ဩဂုတ်လ ၂၅ ရက်၊ ၂၀၂၆ ယူကရိန်းစစ်ပွဲတွင် ဗြိတိန်၏ ပါဝင်ပတ်သက်မှု ပိုမိုနက်ရှိုင်းလာခြင်းကြောင့် ရုရှားနှင့် ဗြိတိန်နိုင်ငံတို့အကြား နှစ်နိုင်ငံ ဆက်ဆံရေး တင်းမာမှုများ အရှိန်အဟုန်ဖြင့် မြင့်တက်လာနေပါတယ်။ ရုရှားနိုင်ငံအတွင်းပိုင်း ပစ်မှတ်များကို တိုက်ခိုက်ရန် ဗြိတိန်က ယူကရိန်းသို့...
ထိုင်း-မြန်မာနယ်စပ်သို့ ပြန်ပေးဆွဲရန် ကြိုးပမ်းသည့် ထိုင်းအမျိုးသား ၂ ဦးကို ဖမ်းဆီးရမိ
ဩဂုတ်လ ၂၄ ရက်၊ ၂၀၂၆ တရုတ်အမျိုးသမီးတစ်ဦးအား ဘန်ကောက်မြို့မှ တိုက်ခိုက်ဖမ်းဆီး၍ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့သို့ ပြန်ပေးဆွဲရန် ကြိုးပမ်းခဲ့သည့် ထိုင်းအမျိုးသား ၂ ဦးကို ကမ်ဖန်ဖက် (Kamphaeng Phet) မြို့၌ ဩဂုတ် ၂၃...
SCALP ဒုံးကျည်ဆိုင်ရာ လျှို့ဝှက်ချက်များ ထုတ်ပြန်ခွင့်ပြုရန် ဗြိတိန် သဘောတူ
ဩဂုတ်လ ၂၄ ရက်၊ ၂၀၂၆ SCALP တာဝေးပစ် ခရုဇ်ဒုံးကျည်တွင် အသုံးပြုသည့် ဗြိတိန်လုပ် အစိတ်အပိုင်းများဆိုင်ရာ လျှို့ဝှက်ချက်များကို ဒုံးကျည်ထုတ်လုပ်သူ MBDA ထံ ထုတ်ပြန်ခွင့်ပြုရန် ဗြိတိန်က သဘောတူညီခဲ့ကြောင်း ဝန်ကြီးချုပ် အန်ဒီ ဘာနမ်က...
တရုတ်နိုင်ငံက Chang’e-7 လစူးစမ်းယာဉ် လွှတ်တင်မှုကို တစ်လခန့် ရွှေ့ဆိုင်း
ဩဂုတ်လ ၂၄ ရက်၊ ၂၀၂၆ တရုတ်နိုင်ငံရဲ့ Chang’e-7 လ စူးစမ်းရေး အာကာသယာဉ်ကို သယ်ဆောင်သွားမယ့် Long March 5 Y14 ဒုံးပျံ ပစ်လွှတ်မှုကို တစ်လခန့် ရွှေ့ဆိုင်းလိုက်ကြောင်း ထိုင်းနိုင်ငံ နိုင်ငံတော်...
အီတလီတွင် တရုတ်နိုင်ငံလုပ် လျှပ်စစ်စွမ်းအင်သုံး ကားများ လူကြိုက်များမှု အရှိန်အဟုန်ဖြင့် တိုးတက်လာ
ဩဂုတ်လ ၂၂ ရက်၊ ၂၀၂၆ အီတလီနိုင်ငံ၏ မော်တော်ကားဈေးကွက်တွင် တရုတ်နိုင်ငံလုပ် လျှပ်စစ်စွမ်းအင်သုံး ကားများ၊ အထူးသဖြင့် BYD အမှတ်တံဆိပ် မော်တော်ကားများ အရောင်းရဆုံးအဖြစ် လူကြိုက်များမှု အရှိန်အဟုန်ဖြင့် တိုးတက်လာနေကြောင်း သိရပါတယ်။ အီတလီ မော်တော်ကားလုပ်ငန်းအသင်း...
