န-စ-က နှင့် မြောက်ပိုင်းအဖွဲ့တို့ ယာယီ အပစ်ရပ်စဲရေး သဘောတူညီမှု ရရှိခဲ့ကြောင်း နစက သတင်းထုတ်ပြန်
မြန်မာတပ်မတော်နှင့် မြန်မာပြည်မြောက်ပိုင်းမှ လက်နက်ကိုင်အဖွဲ့များ တရုတ်နိုင်ငံရဲ့ ညှိနှိုင်းပေးမှုကြောင့် သဘောတူညီချက်နဲ့ ရရှိခဲ့ကြကြောင်း ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ပြောကြားချက်အရ သိရှိရပါတယ်။
တရုတ်နိုင်ငံကူမင်းမြို့မှာ ရှမ်းပြည်နယ်(မြောက်ပိုင်း) ငြိမ်းချမ်းရေးအတွက် မြန်မာနိုင်ငံငြိမ်းချမ်းရေးညှိနှိုင်းမှုအဖွဲ့နှင့် ရှမ်း(မြောက်) ညီနောင်မဟာမိတ်အဖွဲ့(၃)ဖွဲ့ဖြစ်တဲ့ MNDAA၊ TNLA နှင့် AA ကိုယ်စားလှယ်တွေ ဆွေးနွေးခဲ့ကြရာမှာ တရုတ်နိုင်ငံရဲ့ ညှိနှိုင်းဆောင်ရွက်ပေးမှုဖြင့် ယာယီအပစ်အခတ်ရပ်စဲရေးသဘောတူညီခဲ့ကြပြီး ဆက်လက်ပြီး ဆွေးနွေးသွားဖို့လည်းရှိကြောင်း၊ ပစ်ခတ်တိုက်ခိုက်မှုခိုင်မာဖို့အတွက်လည်း ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။နယ်စပ်ဒေသ ကုန်သွယ်ရေးဂိတ်များ ပြန်လည်ဖွင့်လှစ်နိုင်ငံရေး တရုတ်-မြန်မာ နှစ်နိုင်ငံ ဆက်လက်ညှိနှိုင်း ဆောင်ရွက် သွားမှာ ဖြစ်ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားထားပါတယ်။
More Stories
ရေတပ်သင်္ဘောကျင်းဌာနချုပ်၏ တန်(၄၀,၀၀၀)ရေလုံလွန်းကျင်းစတင်ဖွင့်လှစ်
ရန်ကုန်တိုင်း၊ သန်လျင်တပ်နယ်ရှိ တပ်မတော်(ရေ)၊ ရေတပ်သင်္ဘောကျင်းဌာနချုပ်၏ တန်(၄၀,၀၀၀)ရေလုံလွန်းကျင်းကို မတ် ၈ ရက်ကစတင်ဖွင့်လှစ်ရာ နိုင်ငံတော် ယာယီသမ္မတ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တက်ရောက်ခဲ့ကြောင်း သိရသည်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ တန်(၄၀,၀၀၀)ရေလုံလွန်းကျင်း ကမ္ပည်းကျောက်စာတိုင်အားစက်ခလုပ်နှိပ်ဖွင့်လှစ်ပေးပြီး တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ကြကာ Shipyard...
လာမည့် မတ်လအတွင်း လွှတ်တော်ခေါ်ယူ၍ အနိုင်ရရှိသည့် အစိုးရအဖွဲ့ကို လုပ်ငန်းစဉ်များအတိုင်း နိုင်ငံတော်တာဝန်ကို လွှဲပြောင်းပေးမည်
ရွေးကောက်ပွဲ အပိုင်း(၁) နှင့် (၂)ရလဒ်များကို စာရင်းဇယားများဖြင့် ပွင့်လင်းမြင်သာစွာကြေညာပေးမည်ဖြစ်ပြီး လာမည်မတ်လအတွင်း လွှတ်တော်ခေါ်ယူအနိုင်ရရှိသည့် အစိုးရအဖွဲ့ကို လုပ်ငန်းစဉ်များအတိုင်း နိုင်ငံတော်တာဝန်ကို လွှဲပြောင်းပေးမည်ဖြစ်ကြောင်း နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဥက္ကဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီးမင်အောင်လှိုင် ကပြောသည်။ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် မှာ တပ်နယ်မိသားစုများနှင့်...
အရှည်(၈၇၆)ပေရှိ သံလွင်တံတား(တာဆန်း)ကို နိုင်ငံတော် ယာယီသမ္မတဖွင့်လှစ်ပေး
ရှမ်းပြည်နယ်(တောင်ပိုင်း)နှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)တို့ကိုဆက်သွယ်ထားသည့် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းပန်မြို့နယ်၊ တာဆန်းကျေးရွာအနီးရှိ သံလွင်မြစ်ကူးတံတား(တာဆန်း)ကို ဇန်နဝါရီ ၂၀ ရက်နံနက်ပိုင်းက နိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။ နိုင်ငံတော်ယာယီသမ္မတမှ သံလွင်တံတား(တာဆန်း)က မ္ပည်းမော်ကွန်းအား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးပြီး ကော်မရှင်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊...
နိုင်ငံရေးအရ ပေးထားသည့်ကတိများအတိုင်းဆက်လက်အကောင်အထည်ဖော် ဆောင်သွားမည်ဟု ယာယီသမ္မတပြော
အစိုးရအဖွဲ့အနေဖြင့် နိုင်ငံရေးအရ ပေးထားသည့်ကတိများအတိုင်းဆက်လက်အကောင်အထည်ဖော်ဆောင်သွားမည်ဖြစ် ကြောင်း ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။ ဇန်နဝါရီလ ၁၉ ရက် နံနက်ပိုင်းက ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ရှိဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် မြို့မိမြို့ဖများအား...
ကျိုင်းယင်းဆရာတော်ကြီးအားချီးမြှင့်ထားသည့် “စည်သူ”ဘွဲ့တံဆိပ်တော်နှင့် အဆောင်အယောင်များကို နိုင်ငံ တော် ယာယီသမ္မတမှ လက်ရောက်ဆက်ကပ်
ပြီးခဲ့သည့် ဇန်နဝါရီ ၄ ရက်(လွတ်လပ်ရေးနေ့)က နိုင်ငံ တော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ပြည်ထောင်စုစည်သူသင်္ဂဟဘွဲ့ဖြစ်သော "စည်သူ"ဘွဲ့အား ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့၊ ကျိုင်းယင်းကျောင်းတိုက်၏ ဦးစီးပဓာနနာယက သက်တော်ရှည်မဟာထေရ်မြတ်ကြီးအား ချီးမြှင့်ခဲ့သည်။ ထိုသို့...
တပ်မတော်သို့ ဝင်ရောက်တာဝန်ထမ်းဆောင်ကြသူများသည် မိမိတို့သဘောဆန္ဒအလျောက် ဝင်ရောက်လာကြခြင်းဖြစ်
တပ်မတော်သို့ ဝင်ရောက်တာဝန်ထမ်းဆောင်ကြသူများသည် မိမိတို့၏ သဘောဆန္ဒအလျောက် ဝင်ရောက်လာကြခြင်းဖြစ်ကြောင်း နိုင်ငံတော်လုံခြုံရေး နှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင် ကပြောသည်။ တြိဂံဒေသတိုင်းစစ်ဌာနချုပ်နယ်မြေအတွင်း က တပ်နယ် ရှိ အရာရှိစစ်သည်မိသားစုများကို ဇန်နဝါရီ ၁၉ ရက်နေ့က...
