မော်လမြိုင်မြို့တွင် သံလွင်မြစ်တွင်းသွား အပျော်စီးသင်္ဘော ယနေ့ စတင်ခုတ်မောင်း
မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၊ စစ်ကဲကုန်းရပ်၊ ကမ်းနားလမ်း၊ ထားဝယ်တံတားတွင် သံလွင်မြစ်တွင်းသွား အပျော်စီး သင်္ဘောခရီးစဥ် ယနေ့(ဒီဇင်ဘာ ၂၉ ရက်) ညနေ (၅)နာရီမှစတင်ကာ ပြေးဆွဲသွားမည်ဖြစ်ပြီး booking များလက်ခံနေပြီ ဖြစ်ကြောင်း Harmony river cruise ထံမှ သိရပါသည်။






အပျော်စီးခရီးစဥ်တွင် သံလွင်မြစ်ကြောင်းတစ်လျှောက် ညနေ ၅ နာရီမှ ၇ နာရီ ထိ၂ နာရီကြာမြင့်မည်ဖြစ်ပြီး သံလွင်မြစ်၏ ဆည်းဆာအလှကို ကြည့်ရှုခံစားနိုင်မည်ဖြစ်ကြောင်း သိရသည်။
သံလွင်မြစ်အပျော်စီးသင်္ဘောစီးနင်းခအနေဖြင့် အစားအသောက်အပါအဝင် လူကြီးတစ်ဦးလျှင် နှစ်သောင်းကျပ်၊ကလေးတစ်ဦးလျှင် တစ်သောင်းခွဲကျပ်နှင့် အစားအသောက်မပါဝင်ဘဲ အပျော်တမ်းလိုက်လံစီးနင်းပါက တစ်ဦးလျှင် ကျပ်ငါးထောင်နှုန်းဖြင့် သတ်မှတ်ထားသည်။
အပျော်စီးသင်္ဘောပေါ်တွင် Life jacketsများ ပါဝင်မည်ဖြစ်ပြီး လူဦးရေ ၂၀၀ ခန့်အထိ စီးနင်းနိုင်ကြောင်း၊ အပျော်စီး ခရီးစဥ်ကို အပတ်စဥ် သောကြာ၊ စနေ၊ တနင်္ဂနွေနေ့တိုင်း ပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။
More Stories
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦး ကျိုင်းတုံတပ်နယ်၊ မိုင်းခတ်နှင့် မိုင်းယန်းတပ်နယ်များသို့သွားရောက်၍ အရာရှိ၊ စစ်သည်၊ မိသားစုများကို သီးခြားစီတွေ့ဆုံ
ဧပြီ ၂၄ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းအူး ကျိုင်းတုံတပ်နယ်၊ မိုင်းခတ်နှင့် မိုင်းယန်းတပ်နယ်များသို့ သွားရောက်ပြီး အရာရှိ၊ စစ်သည်၊ မိသားစုများကို သီးခြားစီတွေ့ဆုံခဲ့ကြောင်း သိရပါတယ်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးဟာ ဧပြီလ နှစ်ဆယ့်နှစ်ရက်က ကျိုင်းတုံတပ်နယ်များမှ အရာရှိ၊ စစ်သည်၊...
အရေးပေါ်အခြေအနေကြေညာထားသည့် တိုင်းနှင့် ပြည်နယ်(၉)ခုမှ တိုင်းမှူးများအနေဖြင့် စစ်အုပ်ချုပ်ရေးအာဏာကျင့်သုံးနိုင်
ဧပြီ ၂၄ နိုင်ငံတော်သမ္မတရုံးမှ အရေးပေါ်အခြေအနေကြေညာထားသည့် တိုင်းနှင့်ပြည်နယ်(၉)ခုမှ တိုင်းမှူးများအနေဖြင့် စစ်အုပ်ချုပ်ရေးအာဏာကျင့်သုံးနိုင်သည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ စစ်အုပ်ချုပ်ရေးအ မိန့်အမှတ် ၂ /၂ဝ၂၆ ဖြင့် ယမန်နေ့ ဧပြီ ၂၃ ရက်က ထုတ်ပြန်ခဲ့ပါတယ်။ အရေးပေါ်အခြေအနေကြေညာထားသည့် မြို့နယ်များ၏...
အရေးပေါ်အခြေအနေကြေညာထားသည့် မြို့နယ်များ ၏ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးတာဝန်များကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အားအပ်နှင်း
ဧပြီ ၂၄ ဥပဒေကဲ့သိုအာဏာတည်သောအမိန့် (၁ /၂ဝ၂၆)ဖြင့် အရေးပေါ်အခြေအနေကြေညာထားသည့် တိုင်းနှင့်ပြည်နယ်(၉)ခုမှမြိုနယ်များ၏ အုပ်ချုပ်ရေးနှင့် တရား စီရင်ရေးတာဝန်များကို တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်အားအပ်နှင်းခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံးမှ ဥပ ဒေကဲ့သိုအာဏာတည်သောအမိန့်အမှတ် ၂ /၂ဝ၂၆ ဖြင့် ယနေ့ ဧပြီ...
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ ထိုင်းနိုင်ငံ၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့က လာရောက်ဂါရဝပြုတွေ့ဆုံ
ဧပြီ ၂၃ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ ထိုင်းနိုင်ငံ၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Sihasak Phuangketkaew ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲက ယနေ့ နံနက်ပိုင်းမှာ နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရဲ့ ဧည့်ဆောင်တော်မှာ...
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာနိုင်ငံတော်၏ (၁၁) ဦးမြောက် နိုင်ငံတော် သမ္မတဖြစ်လာ
ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အဖြစ်မှ အနားယူသွားသည့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မြန်မာနိုင်ငံတော်၏ (၁၁) ဦးမြောက် နိုင်ငံတော်သမ္မတဖြစ်လာပြီ ဖြစ်သည်။ ၎င်းအား ပြည့်သူ့လွှတ်တော်က ဒုတိယသမ္မတအဖြစ် ရွေးချယ်ခဲ့ခြင်းဖြစ်ပြီး ယနေ့ ဧပြီလ (၃) ရက်တွင် ပြည်ထောင်စုလွှတ်တော်၌...
ရေတပ်သင်္ဘောကျင်းဌာနချုပ်၏ တန်(၄၀,၀၀၀)ရေလုံလွန်းကျင်းစတင်ဖွင့်လှစ်
ရန်ကုန်တိုင်း၊ သန်လျင်တပ်နယ်ရှိ တပ်မတော်(ရေ)၊ ရေတပ်သင်္ဘောကျင်းဌာနချုပ်၏ တန်(၄၀,၀၀၀)ရေလုံလွန်းကျင်းကို မတ် ၈ ရက်ကစတင်ဖွင့်လှစ်ရာ နိုင်ငံတော် ယာယီသမ္မတ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တက်ရောက်ခဲ့ကြောင်း သိရသည်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ တန်(၄၀,၀၀၀)ရေလုံလွန်းကျင်း ကမ္ပည်းကျောက်စာတိုင်အားစက်ခလုပ်နှိပ်ဖွင့်လှစ်ပေးပြီး တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ကြကာ Shipyard...
