ယခုနှစ်အတွင်း ဗုဒ္ဓဂယာဘုရားဖူးခရီးစဉ်သို့ မြန်မာပြည်တွင်း ခရီးသွား တစ်သောင်းကျော် သွားရောက်
ယခုနှစ်အတွင်း ဗုဒ္ဓဂါယာဘုရားဖူးခရီးစဉ်သို့ မြန်မာပြည်တွင်းခရီးသွား တစ်သောင်းကျော် သွားရောက်ခဲ့ကြောင်း ဗုဒ္ဓဂယာသို့ ဘုရားဖူးပို့ဆောင်ပေးနေသည့် ခရီးသွားအေဂျင်စီတစ်ခုမှ သိရသည်။ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ကိုဗစ်အပြီးက ခရီးသွားနည်းပါးပြီး၊ ကိုဗစ်မဖြစ်ခင်ကတော့ ခရီးသွား သုံးသောင်းခွဲကနေ ငါးသောင်းလောက်အထိ ပုံမှန်ရှိတယ်လို့ ဗုဒ္ဓဂယာသို့ ပို့ပေးနေသည့် ပြည်တွင်းခရီးသွားအေဂျင်စီတစ်ခုရဲ့ ပြောကြားချက်အရ သိရသည်။
ဗုဒ္ဓဂယာသည် အိန္ဒိယနိုင်ငံ ဗီဟားပြည်နယ်တွင်တည်ရှိပြီး အိန္ဒိယပြည်ထောင်စုအစိုးရက ဗုဒ္ဓဂယာကို ၁၉၄၉ ခုနှစ်၊ ဘုရားကျောင်းကန်အက်ဥပဒေအရ ၁၉၅၃ ခုနှစ် မေလ ၂၉ ရက်နေ့မှစ၍ အုပ်ချုပ်ရေးအဖွဲ့ဖြင့် အုပ်ချုပ်လျက်ရှိသည်။ မြန်မာနိုင်ငံမှ ခရီးသွားများသည် ဗုဒ္ဓဂယာ၊ ဗာရာဏသီ၊ သင်္ကဿနဂိုရ်၊ အာဂရာ(တပ်ချ်မဟာ+ခံတပ်)၊ နယူးဒေလီ၊ ဓာတ်တော်တိုက်၊ Akshardham Temple၊ သာဝတ္ထိ၊ ကပ္ပိလဝတ်၊ လုံမ္ဗိနီ၊ ကုသိနာရုံ၊ ဝေသာလီ စသည့်နေရာများသို့ သွားရောက်ကြကြောင်း သိရသည်။
