// | DailyBriefNews နိုင်ငံခြားသားများ တရားမဝင် မြေပိုင်ဆိုင်ထားမှုများကို ဒီဇင်ဘာလကုန်အထိ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စိစစ်ရန် ထိုင်းဝန်ကြီးချုပ် အမိန့်ပေး -

နိုင်ငံခြားသားများ တရားမဝင် မြေပိုင်ဆိုင်ထားမှုများကို ဒီဇင်ဘာလကုန်အထိ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စိစစ်ရန် ထိုင်းဝန်ကြီးချုပ် အမိန့်ပေး

အောက်တိုဘာလ ၂၀ ရက်၊ ၂၀၂၆

ထိုင်းနိုင်ငံအတွင်း အမည်ခံကိုယ်စားလှယ် (Nominee) များမှတစ်ဆင့် နိုင်ငံခြားသားများ တရားမဝင် ပိုင်ဆိုင်ထားသည်ဟု သံသယရှိရသည့် မြေကွက်များကို ဒီဇင်ဘာလကုန်အထိ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် စိစစ်ဖော်ထုတ်ကြရန်နှင့် ဥပဒေကြောင်းအရ ဂရန်များ ရုပ်သိမ်းခြင်း အပါအဝင် ထိရောက်စွာ အရေးယူသွားရန် ဝန်ကြီးချုပ် အနုတင် ချာဝီရကွန် က ပြည်နယ်အုပ်ချုပ်ရေးမှူးများနှင့် မြေယာအရာရှိများကို အမိန့်ပေးလိုက်ပါတယ်။

စုံစမ်းစစ်ဆေးမှုများအရ လက်ရှိတွင် သံသယဖြစ်ဖွယ် ပါဝင်ပတ်သက်သူ ၁၃,၀၈၈ ဦးရှိပြီး ယင်းအနက် ၁,၅၅၀ မှာ နိုင်ငံခြားသားများ တရားမဝင် ရှယ်ယာပါဝင်နေသည့် ကုမ္ပဏီများဖြစ်ကာ ၁၁,၅၃၈ မှာ ကိုယ်စားခံ ပိုင်ဆိုင်ပေးထားသူများ ဖြစ်ပါတယ်။

အာဏာပိုင်များအနေဖြင့် ဘတ် ၁၄ ဒသမ ၀၁ ဘီလီယံ ခန့်မှန်းတန်ဖိုးရှိ မြေဧရိယာ ၅,၄၆၇ ရိုင်ကို မဖြစ်မနေ ပြန်လည်ရောင်းချစေမည်ဖြစ်ပြီး၊ သံသယရှိ နိုင်ငံခြားသားများကို နေထိုင်ခွင့် ရုပ်သိမ်းခြင်း၊ ပြည်နှင်ဒဏ်ပေးခြင်းနှင့် ငွေကြေးခဝါချမှု၊ အခွန်ရှောင်မှုဆိုင်ရာ ဥပဒေများဖြင့် အရေးယူသွားမည်ဟု သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ဗြိတိန်အပါအဝင် ဥရောပ ၄ နိုင်ငံရှိ PJ ပတ်စ်ပို့ ကိုင်ဆောင်သူများ ခွင့်ပြန်ထောက်ခံစာ ယူရန်မလိုတော့
Next post သေဆုံးသွားပြီဆိုသည့် ကောလာဟလများ ထွက်ပေါ်လာပြီးနောက် အဝတ်အထည်နှင့် ဖိနပ်ပြပွဲသို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန် တက်ရောက်ခဲ့မှု ထုတ်ပြန်လာ