နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ ထိုင်းနိုင်ငံ စွမ်းအင်ဝန်ကြီး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ လာရောက်ဂါရဝပြုတွေ့ဆုံ

အောက်တိုဘာလ ၂၀ ရက်၊ ၂၀၂၆
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ ထိုင်းနိုင်ငံ စွမ်းအင်ဝန်ကြီး H.E. Mr. Akanat Promphan ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံး ဧည့်ဆောင်တော်၌ လာရောက်ဂါရဝပြုတွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံအကြား စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးနှင့် ဒေသတွင်း စွမ်းအင်လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြပါတယ်။

တွေ့ဆုံစဉ် နိုင်ငံတော်သမ္မတ၏ ထိုင်းနိုင်ငံ ချစ်ကြည်ရေးခရီးစဉ် အောင်မြင်ခဲ့မှု အခြေအနေများနှင့်အတူ နှစ်နိုင်ငံအကျိုးတူ စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး၊ သဘာဝဘေးအန္တရာယ် ကာကွယ်ရေးတို့တွင် ပူးပေါင်းဆောင်ရွက်သွားရေးတို့ကို ဆွေးနွေးခဲ့ကြပါတယ်။


ထို့ပြင် အရှေ့အလယ်ပိုင်းဒေသ ပဋိပက္ခများကြောင့် ဖြစ်ပေါ်လာသည့် စွမ်းအင်အကျပ်အတည်းများကို နှစ်နိုင်ငံ ပူးပေါင်းဖြေရှင်းရန်နှင့် ပူးပေါင်းဆောင်ရွက်မှုများမှတစ်ဆင့် ဒေသတွင်းသို့ စွမ်းအင် ဆက်လက်ဖြန့်ဖြူး ရောင်းချနိုင်ရေးတို့ကို ရင်းရင်းနှီးနှီး ဆွေးနွေးခဲ့ကြကြောင်း သိရပါတယ်။

