// | DailyBriefNews အမေရိကန်တွင် အဘိုးဖြစ်သူက ကိုယ်ဝန်ဆောင် သမီးနှင့် မြေးငယ်များ အပါအဝင် မိသားစုဝင် ၉ ဦးကို သတ်ဖြတ်ပြီး မိမိကိုယ်ကိုယ် အဆုံးစီရင် -

အမေရိကန်တွင် အဘိုးဖြစ်သူက ကိုယ်ဝန်ဆောင် သမီးနှင့် မြေးငယ်များ အပါအဝင် မိသားစုဝင် ၉ ဦးကို သတ်ဖြတ်ပြီး မိမိကိုယ်ကိုယ် အဆုံးစီရင်

အောက်တိုဘာလ ၁၄ ရက်၊ ၂၀၂၆

အမေရိကန်ပြည်ထောင်စု ပင်ဆယ်ဗေးနီးယားပြည်နယ်၊ ဧရီ (Erie) မြို့၌ အသက် ၄၅ နှစ်အရွယ် အမျိုးသားတစ်ဦးက မွေးဖွားရန် ရက်ပိုင်းမျှသာ လိုတော့သည့် ကိုယ်ဝန်ဆောင် သမီးဖြစ်သူ အိန်ဂျလီနာ စတုန်း (Angelina Stone)၊ မြေးငယ်များနှင့် မိသားစုဝင်များကို သေနတ်ဖြင့် လိုက်လံပစ်ခတ် သတ်ဖြတ်ပြီး မိမိကိုယ်ကိုယ် ပြန်လည်အဆုံးစီရင်သည့် အစုလိုက်အပြုံလိုက် လူသတ်မှုတစ်ခု ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်တွင် သံသယရှိသူသည် အိမ်အတွင်း၌ သေနတ်ဖြင့် ပစ်ခတ်ခဲ့ပြီးနောက် အိမ်ပြင်သို့ထွက်ကာ အကူအညီတောင်းခံရန် ရောက်ရှိလာသည့် အမျိုးသမီးနှစ်ဦးကိုပါ ထပ်မံပစ်ခတ်ခဲ့ပြီး အိမ်ထဲသို့ ပြန်ဝင်ကာ မိမိကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့ခြင်း ဖြစ်သည်။ သေဆုံးသူများတွင် မွေးဖွားရန် ရက်ပိုင်းအလို မမွေးဖွားရသေးသည့် သန္ဓေသားလေး “ခရီး (Kyrie)” အပါအဝင် အသက် ၅ နှစ်အရွယ် သားဖြစ်သူ အိုက်ဆီယာ (Isiah)၊ ၁ နှစ်အရွယ် သမီးဖြစ်သူ အာမာရီ အန်နာ (Amari’anna) တို့အပြင် ဆွေမျိုးများနှင့် သူငယ်ချင်းများ ပါဝင်ခဲ့သည်။

ဧရီမြို့ ရဲတပ်ဖွဲ့က အဆိုပါ ဖြစ်ရပ်သည် ၎င်းတို့၏ ရဲဌာန သမိုင်းတစ်လျှောက် အဆိုးရွားဆုံး အခင်းဖြစ်ပွားရာနေရာဖြစ်ကြောင်း ပြောကြားခဲ့ပြီး၊ ကျန်ရစ်သူ မိသားစုဝင်များက သေဆုံးသူများအတွက် GoFundMe မှတစ်ဆင့် နာရေးစရိတ် ရန်ပုံငွေများ ကောက်ခံလျက်ရှိကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post အမေရိကန်သမ္မတ ဒေါ်နယ်ဒ် ထရမ့်ပ်၏ ဒီဇယ်ဆီ ပံ့ပိုးပေးရေး သဘောတူညီချက်ကြောင့် အမေရိကန်-ယူကရိန်း ဆက်ဆံရေး ပိုမို တင်းမာလာ
Next post အဆိုတော် နီနီခင်ဇော်၏ “Rise Of the Phoenix” ဖျော်ဖြေပွဲတွင် တေးသီချင်း အပုဒ် ၄၀ ကျော်ဖြင့် သီဆိုဖျော်ဖြေမည်