// | DailyBriefNews သဘာဝဘေးဒဏ်ခံနိုင်ရည်ရှိသည့် အဆောက်အအုံများ တည်ဆောက်ရေးနှင့် ကြိုတင်ကာကွယ်ရေးကို အမျိုးသားရေးတာဝန်အဖြစ် ဆောင်ရွက်ရန် ဒုတိယသမ္မတ တိုက်တွန်း -

သဘာဝဘေးဒဏ်ခံနိုင်ရည်ရှိသည့် အဆောက်အအုံများ တည်ဆောက်ရေးနှင့် ကြိုတင်ကာကွယ်ရေးကို အမျိုးသားရေးတာဝန်အဖြစ် ဆောင်ရွက်ရန် ဒုတိယသမ္မတ တိုက်တွန်း

အောက်တိုဘာလ ၁၄ ရက်၊ ၂၀၂၆

သဘာဝဘေးအန္တရာယ်များကို ရင်ဆိုင်တုံ့ပြန်နိုင်ရေးနှင့် ထိခိုက်ဆုံးရှုံးမှုများ လျှော့ချနိုင်ရေးအတွက် တစ်အိမ်ချင်းစီမှ စတင်ကာ နိုင်ငံတော်အဆင့်အထိ ဘေးဒဏ် ကြံ့ကြံ့ခံနိုင်စွမ်းကို အဆင့်ဆင့် တည်ဆောက်သွားရန် ဒုတိယသမ္မတ ဦးညိုစောက တိုက်တွန်းပြောကြားခဲ့သည်။

အောက်တိုဘာ ၁၃ ရက် နံနက်ပိုင်းက နေပြည်တော်ရှိ MICC-I ၌ ကျင်းပသည့် ၂၀၂၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့ အထိမ်းအမှတ် အခမ်းအနားတွင် ပြောကြားခဲ့ခြင်းဖြစ်ပြီး၊ ယခုနှစ် ဆောင်ပုဒ်မှာ “Resilience Starts at Home – ဘေးဒဏ်ကြံ့ကြံ့ခံနိုင်ဖို့ နေအိမ်များမှစတင်စို့” ဖြစ်ကြောင်းနှင့် ဘေးအန္တရာယ် ကြံ့ကြံ့ခံနိုင်ရေးအတွက် စွမ်းဆောင်ရည် ပြည့်ဝမှုနှင့် အားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်မှုတို့ အရေးကြီးကြောင်း ဒုတိယသမ္မတက ထည့်သွင်းပြောကြားခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post နိုင်ငံတော်သမ္မတ ထားဝယ်မြို့ နယ်မြေခံတပ်မတော်ဆေးရုံ၌ ဆေးကုသမှုခံယူနေသူများအား သွားရောက်ကြည့်ရှုအားပေး
Next post အောက်တိုဘာ ၁၄ ရက်တွင် စတင်ထုတ်လွှင့်မည့် “ချမ်းမြေ့စေကြောင်း” ဇာတ်လမ်းတွဲ မိတ်ဆက်ပွဲ ကျင်းပ