ပြင်သစ်နိုင်ငံ၊ စထရာ့စ်ဘော့ဂ်မြို့တွင် အမေရိကန်သမ္မတ ထရမ့်ပ်၏ သရော်ရုပ်တု ပြသထား



အောက်တိုဘာလ ၇ ရက်၊ ၂၀၂၆
ပြင်သစ်နိုင်ငံ၊ စထရာ့စ်ဘော့ဂ်မြို့ရှိ ဥရောပပါလီမန် အဆောက်အအုံတွင် အမေရိကန်သမ္မတ ဒေါ်နယ်ဒ် ထရမ့်ပ်၏ ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ မူဝါဒများကို သရော်ထားသည့် “The Orange Plague” အမည်ရှိ သရော်ရုပ်တုတစ်ခုကို အောက်တိုဘာလ ၈ ရက်နေ့အထိ ပြသထားကြောင်း သိရပါတယ်။
အဆိုပါ အမြင့် ၂ ဒသမ ၅ မီတာရှိ ရုပ်တုကို ဒိန်းမတ်အနုပညာရှင် ဂျန်းဂယ်လ်စကီရော့ (Jens Galschiot) က ၂၃ ကာရက်ရွှေဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး၊ ဝန်ထုပ်ဝန်ပိုးများအောက် နစ်မြုပ်နေသည့် လူပုလေး၏ ကျောပေါ်တွင် အဝတ်မပါဘဲ ရွှေတုတ်ရှည်ကိုင်ကာ ထိုင်နေသည့် “တရားမျှတမှုမရှိခြင်း၏ ဘုရင်” (King of injustice) အဖြစ် ပုံဖော်ထားတာဖြစ်ပါတယ်။
ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရေး ကြိုးပမ်းမှုများကို ထရမ့်ပ်က ဟန့်တားအနှောင့်အယှက် ပေးနေခြင်းအား အပြစ်တင် သရော်ထားသည့် ထိုရုပ်တုကို ဒိန်းမတ် ဥရောပပါလီမတ်အမတ် ပါကလော့ဆန်၏ ဖိတ်ကြားမှုဖြင့် ပြသခဲ့ခြင်းဖြစ်ပြီး၊ ယခင်ကလည်း အခြားဥရောပမြို့များနှင့် ဘရာဇီးနိုင်ငံ COP30 ရာသီဥတုညီလာခံတို့တွင် ပြသခဲ့ဖူးသော်လည်း ထရမ့်ပ်ဘက်မှတစ်စုံတစ်ရာ မှတ်ချက်ပေးထားခြင်း မရှိကြောင်း သိရပါတယ်။
