// | DailyBriefNews Flydubai လေယာဉ်ပေါ်တွင် တွဲဖက်လေယာဉ်မှူးက လေယာဉ်မှူးအား ဓားဖြင့်ထိုးပြီး လေယာဉ်ကို ပျက်ကျစေရန် ကြိုးပမ်းမှုဖြစ်ပွား -

Flydubai လေယာဉ်ပေါ်တွင် တွဲဖက်လေယာဉ်မှူးက လေယာဉ်မှူးအား ဓားဖြင့်ထိုးပြီး လေယာဉ်ကို ပျက်ကျစေရန် ကြိုးပမ်းမှုဖြစ်ပွား

photo_2026-10-01_13-08-21

စက်တင်ဘာလ ၂ ရက်၊ ၂၀၂၆

ဒူဘိုင်းမှ တဲလ်အဗစ်သို့ ပျံသန်းလာသော Flydubai လေကြောင်းလိုင်းမှ လေယာဉ်တစ်စီးပေါ်တွင် အိုမန်နိုင်ငံသား တွဲဖက်လေယာဉ်မှူးက အိန္ဒိယနိုင်ငံသား လေယာဉ်မှူး စမစ် မာ့ချ် ချဟာ ကို ဓားဖြင့်ထိုးကာ လေယာဉ်ကို ပျက်ကျစေရန် ကြိုးပမ်းသည့် ဖြစ်စဉ်တစ်ခု စက်တင်ဘာလ ၃၀ ရက်နေ့က ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။

တိုက်ခိုက်မှုကြောင့် အသက် ၃၉ နှစ်အရွယ် လေယာဉ်မှူး၏ ဦးခေါင်းနှင့် လက်တို့တွင် ဓားဒဏ်ရာများ ပြင်းထန်စွာ ရရှိခဲ့ပြီး လေယာဉ်မှာလည်း နှစ်မိနစ်အတွင်း ပေ ၁၇,၀၀၀ ခန့် ထိုးစိုက်ကျဆင်းသွားခဲ့ပါတယ်။ သို့သော်လည်း ဒဏ်ရာရရှိထားသည့် လေယာဉ်မှူးက မသေမီ နောက်ဆုံးစွမ်းအားဖြင့် မောင်းခန်းတံခါးကို ပွင့်စေရန် ခလုတ်နှိပ်ပေးနိုင်ခဲ့တာကြောင့် အစ္စရေး ခရီးသည်များ ဝင်ရောက်လာပြီး တွဲဖက်လေယာဉ်မှူးကို ဝိုင်းဝန်းဖမ်းဆီး ထိန်းချုပ်နိုင်ခဲ့ကြပါတယ်။

လေယာဉ်ပေါ်ပါလာသည့် အစ္စရေး သွားဆရာဝန် ဒေါက်တာ ရှိုတာ မူဆာယက်ဗ် က ဒဏ်ရာရ လေယာဉ်မှူးအား အရေးပေါ် သွေးတားပေးခြင်းနှင့် ဆေးကုသမှုများ ပြုလုပ်ပေးနိုင်ခဲ့တာကြောင့် အသက်ဘေးမှ လွတ်မြောက်ခဲ့ပါတယ်။

ဖြစ်စဉ်ဖြစ်ပွားပြီးနောက် လေယာဉ်ကို ဆော်ဒီအာရေဗျနိုင်ငံ၊ တာဘတ်မြို့သို့ ဘေးကင်းစွာ အရေးပေါ် ဆင်းသက်နိုင်ခဲ့ပြီး ခရီးသည်များအား ကယ်ဆယ်ရေး လေယာဉ်ဖြင့် တဲလ်အဗစ်သို့ ဆက်လက် ပို့ဆောင်ပေးခဲ့ပါတယ်။ အစ္စရေး ဝန်ကြီးချုပ် နေတန်ယာဟု ကလည်း လေယာဉ်မှူး စမစ် မာ့ချ် ချဟာ အား “တကယ့်သူရဲကောင်း” ဟု ဂုဏ်ပြုပြောကြားခဲ့ကြောင်း သတင်းရရှိပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ၆၁ ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ အောက်တိုဘာ ၈ ရက်တွင် စတင်ကျင်းပမည်
Next post မလေးရှားမှ အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား ၁,၄၇၆ ဦးအား စစ်ရေယာဉ်များဖြင့် ပြန်လည်ခေါ်ဆောင်