// | DailyBriefNews အမျိုးသားအဆင့် ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာ ၂၀၃၀ နှင့် ဥပဒေအတည်ပြုနိုင်ရေး e-Government ဦးဆောင်ကော်မတီ အစည်းအဝေးပြုလုပ် -

အမျိုးသားအဆင့် ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာ ၂၀၃၀ နှင့် ဥပဒေအတည်ပြုနိုင်ရေး e-Government ဦးဆောင်ကော်မတီ အစည်းအဝေးပြုလုပ်

စက်တင်ဘာလ ၁ ရက်၊ ၂၀၂၆

အမျိုးသားအဆင့် ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာ ၂၀၃၀ နှင့် ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေး ဥပဒေတို့အား အတည်ပြုပြဋ္ဌာန်းနိုင်ရေးအတွက် e-Government ဦးဆောင်ကော်မတီ ညှိနှိုင်းအစည်းအဝေး (၁/၂၀၂၆) ကို စက်တင်ဘာလ ၃၀ ရက် မွန်းလွဲပိုင်းတွင် နေပြည်တော်၌ ကျင်းပခဲ့ရာ e-Government ဦးဆောင်ကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးညိုစော တက်ရောက် အသေးစိတ် ဆွေးနွေးမှာကြားခဲ့ပါတယ်။

အဆိုပါ အစည်းအဝေးတွင် အစိုးရတစ်ရပ်လုံး အတိုင်းအတာဖြင့် Digital Government သို့ ကူးပြောင်းနိုင်ရေးအတွက် ပြည်သူ့ကဏ္ဍနှင့် ပုဂ္ဂလိကကဏ္ဍ ပူးပေါင်းဆောင်ရွက်သည့် Public-Private Partnership (PPP) မူဘောင်များ ဖော်ဆောင်ရေး၊ Single Window နှင့် One-Stop Digital Services Platform များဖြင့် ဝန်ဆောင်မှုပေးနိုင်ရေး၊ သတင်းအချက်အလက်နှင့် ဆိုက်ဘာလုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို ဦးစားပေး ဆွေးနွေးခဲ့ကြပါတယ်။

ထို့ပြင် ပြည်သူများ ယုံကြည်စိတ်ချစွာ အသုံးပြုနိုင်သည့် Digital Government စနစ် တည်ဆောက်ရေးအတွက် ဌာနဆိုင်ရာများနှင့် အဖွဲ့အစည်းများအားလုံး စနစ်တကျ ဟန်ချက်ညီ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ကြရန် ဒုတိယသမ္မတက တိုက်တွန်းပြောကြားခဲ့ပြီး၊ တက်ရောက်လာသည့် ကော်မတီဝင်များနှင့် တိုင်းဒေသကြီး/ပြည်နယ် ဝန်ကြီးချုပ်များကလည်း e-Government လုပ်ငန်းစဉ်များ အောင်မြင်ရေးအတွက် ဝိုင်းဝန်းအကြံပြု ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post နိုင်ငံရေးပါတီများကို ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပူးပေါင်းဆောင်ရွက်သူများအဖြစ် သတ်မှတ်မည်ဟု ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ပြောကြား
Next post DMZ အတွင်း မိုင်းပေါက်ကွဲမှုအတွက် တောင်းပန်ရန် တောင်ကိုရီးယား၏ တောင်းဆိုမှုကို မြောက်ကိုရီးယား ပယ်ချ