// | DailyBriefNews ပါကစ္စတန်စစ်တပ်က အာဖဂန်နစ္စတန်ကို လေကြောင်းတိုက်ခိုက်မှုပြုလုပ်၊ အရပ်သားအများအပြား သေဆုံး -

ပါကစ္စတန်စစ်တပ်က အာဖဂန်နစ္စတန်ကို လေကြောင်းတိုက်ခိုက်မှုပြုလုပ်၊ အရပ်သားအများအပြား သေဆုံး

အောက်တိုဘာလ ၁ ရက်၊ ၂၀၂၆

ပါကစ္စတန်စစ်တပ်သည် အောက်တိုဘာလ ၁ ရက်တွင် အာဖဂန်နစ္စတန်နိုင်ငံ ဟဲလ်မန်းပြည်နယ်နှင့် အရှေ့ပိုင်း ကူနားပြည်နယ်တို့အား လေကြောင်းမှ တိုက်ခိုက်ခဲ့သဖြင့် အမျိုးသမီးများနှင့် ကလေးငယ်များ အပါအဝင် အရပ်သား ၉ ဦး သေဆုံးကာ ၁၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း တာလီဘန်အစိုးရက ပြောကြားလိုက်ပါတယ်။

တာလီဘန်အစိုးရ ပြောရေးဆိုခွင့်ရှိသူ ဇာဘီဟူလာ မူဂျာဟစ်၏ ပြောကြားချက်အရ အဆိုပါ လေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သား ထိခိုက်သေဆုံးမှုများအပြင် နေအိမ် ၃ လုံးလည်း ပျက်စီးခဲ့ရကြောင်း သိရပါတယ်။

ပါကစ္စတန်အစိုးရဘက်ကမူ တိုက်ခိုက်ခဲ့သည့် နေရာအသေးစိတ်ကို ထုတ်ဖော်ပြောကြားခြင်း မရှိသော်လည်း အာဖဂန်နစ္စတန်နယ်စပ်အတွင်းရှိ စစ်သွေးကြွများကို ပစ်မှတ်ထား၍ ကြိုတင်ပြင်ဆင် ချိန်ဆတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အတည်ပြုထုတ်ပြန်ထားပါတယ်။

source:AFP

Leave a Reply

Your email address will not be published. Required fields are marked *

Previous post NUG ၏ PRF ထောက်ပို့အဖွဲ့ဝင် ၂၁ ဦး ဖမ်းဆီးခံရမှု Wave Money Agent စာရင်းများနှင့် ဖုန်းအချက်အလက်များကြောင့်ဟု PRF ထုတ်ပြန်
Next post နိုင်ငံရေးပါတီများကို ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပူးပေါင်းဆောင်ရွက်သူများအဖြစ် သတ်မှတ်မည်ဟု ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ပြောကြား