ကျိုက္ခမီဆုတောင်းပြည့်ဘုရားကြီး၏ နှစ်စဥ်ကျင်းပပြုလုပ် သော ဗုဒ္ဓပူဇနိယပွဲတော် ကျင်းပမည်
မွန်ပြည်နယ် ကျိုက္ခမီဆုတောင်းပြည့်ရေလယ်ဆံတော်ရှင်မြတ်ဘုရားကြီး၏ နှစ်စဥ်ကျင်းပပြုလုပ်သော ဗုဒ္ဓပူဇနိယပွဲတော် အား ၁၃၈၅-ခု သီတင်းကျွတ်လဆန်း(၉)ရက်နေ့မှ သီတင်းကျွတ်လဆန်း(၁၃)ရက်နေ့ထိ (၂၃-၁၀-၂၀၂၃) မှ (၂၇-၁၀-၂၀၂၃) ရက်နေ့ထိကို အသံမစဲ မဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲကို ကျင်းပပြုလုပ်သွားမှာဖြစ်ကြောင်း ဂေါပကအဖွဲ့ထံမှ သိရှိရပါသည်။
သီတင်းကျွတ်လပြည့်နေ့ နံနက်ပိုင်းချိန်တွင်လည်းရေလယ်ဘုရားကုန်းတော်ပေါ်ရှိ သာသနာ့ဗိမာန်တော်ကြီး၌ အဘိဓမ္မာအခါတော်နေ့အခမ်းအနားကို ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး ဆွမ်းအိုးမျှောပွဲကို လပြည့်နေ့နံနက်၃နာရီချိန်မှစ၍ ရပ်ဝေး/ရပ်နီးများမှမိမိတို့အစီအစဥ်ဖြင့်လာရောက်ကာဆွမ်းအိုးမျှောပွဲကိုလည်းပြုလုပ်သွားမည်ဖြစ်ပါသည်။
ထို့ပြင် သီတင်းကျွတ်လပြည့်ကျော်(၁)ရက်နေ့မှစတင်၍ သီတင်းကျွတ်လပြည့်ကျော်(၅)ရက်နေ့ (၃၀-၁၀-၂၀၂၃)မှ (၃-၁၁-၂၀၂၃) ထိ ဇာတ်သဘင်ပွဲ (ဗလာပွဲ)များကို ရေလယ်ဘုရားကုန်းတော်ပေါ်နှင့် မြို့လယ်ကျောက်တိုင်တို့တွင် ကပြသွားမှာဖြစ်ပြီး၊ ရုံပွဲကိုလည်း ရေလယ်ဘုရားကုန်းတော်ပေါ်သီရိဇေယျာဇာတ်ရုံကြီးမှာ ကပြသွားမှာဖြစ်ပါသည်။

ခြင်းလုံးပညာရှင်အမျိုးသမီးများ၏ ခြင်းလုံးအလှခတ်၊ ရွဲလုံးအလှကစားပြမှုများဖြင့်လည်း(အခမဲ့) ဖြင့် ထည့်သွင်းကျင်းပ သွားမည်ဖြစ်ကာ အလွတ်တမ်းဘောလုံးပြိုင်ပွဲအဖြစ် ဘောလုံးအသင်း(၈) သင်းတို့မှ ယှဥ်ပြိုင်ကစားသွားမည် ဖြစ်သည်။
ကျိုက္ခမီ ဆုတောင်းပြည့်ရေလယ်ဘုရား၏ ဗုဒ္ဓပူဇနိယပွဲတော်၌ စျေးဆိုင်ခန်းများဖွင့်လှစ်ရောင်းချလိုပါက အောက်တိုဘာ (၁၅) ရက်မှစတင်ကာ ဆိုင်ခန်းလျှောက်လွာများကို ဂေါပကအဖွဲ့ရုံးတွင်လာရောက်၀ယ်ယူနိုင်ပြီး အောက်တိုဘာ (၂၁) ရက်တွင် စျေးဆိုင်ခန်းများကို အကွက်ရိုက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း ပွဲတော်ကျင်းပရေးကော်မတီမှ သိရသည်။
More Stories
မြန်မာနိုင်ငံတော်ယာယီသမ္မတထံ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီး သံအမတ်ခန့်အပ်လွှာပေးအပ်
မြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ မြန်မာနိုင်ငံဆိုင်ရာ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီးက ၎င်း၏ သံအမတ်ခန့်အပ်လွှာကိုပေးအပ်ခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံတော် ယာယီသမ္မတမှ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီး သံအမတ်ခန့်အပ်လွှာအား ဒီဇင်ဘာ ၁၇ ရက်နံနက်ပိုင်းက နေပြည်တော်ရှိ အမျိုးသားကာကွယ်ရေးနှင့်...
မြန်မာ့တပ်မတော်(လေ) ကို လက်ရှိတွင် မြန်မာ့ဝေဟင်ပိုင်နက်တစ်ခုလုံး အလှမ်းမီ စိုးမိုးနိုင်ရန် ဖြန့်ကျက်ချထားနိုင်ပြီဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ပြောကြား
မြန်မာ့တပ်မတော်(လေ)ကို အင်အားတောင့်တင်းခိုင်မာသည့် လေတပ်တစ်ခုအဖြစ် အဆင့်ဆင့် တည်ဆောက်ပေးလျက်ရှိရာ လက်ရှိတွင် မြန်မာ့ဝေဟင်ပိုင်နက်တစ်ခုလုံးကို အလှမ်းမီ စိုးမိုးနိုင်ရန် ဖြန့်ကျက်ချထားနိုင်ပြီဖြစ်ကြောင်း နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တပ်မတော်(လေ) ဖွဲစည်းတည်ထောင်မှု (၇၈) နှစ်မြောက် နှစ်ပတ်လည်နေ့...
နိုင်ငံတော် ယာယီသမ္မတနှင့် ဇနီးတို့မှ သက်ကြီးဂီတပညာရှင်များ ပူဇော်ကန်တော့ပွဲကို အလှူငွေကျပ်သိန်း (၁၀၀)လှူဒါန်း
မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို)၏ (၁၅)ကြိမ်မြောက် သက်ကြီးဂီတပညာရှင်များ ပူဇော်ကန်တော့ပွဲကို ဒီဇင်ဘာ ၁၅ ရက်မွန်းလွဲပိုင်းက ရန်ကုန်မြို့၌ကျင်းပရာ နိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဇနီးတို့မှ အလှူငွေကျပ်သိန်း (၁ဝဝ)လှူဒါန်းခဲ့ကြောင်း သိရသည်။ အဆိုပါ နိုင်ငံတော် ယာယီသမ္မတနှင့်...
NCA စာချုပ်သည် နိုင်ငံအတွက်အရေးတကြီးလိုအပ်နေသည့်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် အခြေခံကျပြီး အဓိကလုပ်ဆောင်ရမည့်အချက်ဖြစ်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ပြော
NCA စာချုပ်သည် နိုင်ငံအတွက်အရေးတကြီးလိုအပ်နေသည့်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် အခြေခံကျပြီး အဓိကလုပ်ဆောင်ရမည့်အချက်ဖြစ်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပြောကြားခဲ့ကြောင်း သိရသည်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ဒီဇင်ဘာ ၁၂ ရက်နံနက်ပိုင်းက ရန်ကုန်မြို့ရှိ တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(မှော်ဘီ)စစ်ရေးပြကွင်း၌ကျင်း ပသည့် ဘွဲ့ရအမျိုးသမီးဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၁၂)၏ သင်တန်းဆင်းဂုဏ်ပြုစစ်ရေးပြအခမ်းအ နားသို့တက်ရောက်၍ မိန့်ခွန်းပြောကြားရာ၌ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ကြောင်း...
ရွေးကောက်ပွဲကျင်းပပြီးစီးချိန်တွင် လွှတ်တော်ခေါ်ယူ၍ အသစ်ဖွဲ့စည်းမည့်အစိုးရအား နိုင်ငံတော်၏တာဝန်များကို လွှဲပြောင်းပေးအပ်မည်ဖြစ်ကြောင်း နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ပြောကြား
ရွေးကောက်ပွဲကျင်းပပြီးစီးချိန်တွင် လွှတ်တော်ခေါ်ယူ၍ အသစ်ဖွဲ့စည်းမည့်အစိုးရအား နိုင်ငံတော်၏တာဝန်များကို လွှဲပြောင်းပေးအပ်မည်ဖြစ် ကြောင်း ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။ ဒီဇင်ဘာ ၁၁ ရက်က ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးနှင့် ခရိုင် အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများအား တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမ၌ တွေ့ဆုံ၍ ဒေသဖွံဖြိုး တိုးတက်ရေးဆိုင်ရာများ ဆွေးနွေးပြောကြားရာတွင် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထိုသို့ထည့်သွင်း ပြောကြားခြင်းဖြစ်သည်။ ရွေးကောက်ပွဲနှင့်ပတ်သက်၍ ယခု ဒီဇင်ဘာ ၂၈ ရက်တွင် ရွေးကောက်ပွဲကို ကျင်းပသွားမည်ဖြစ်ပြီး အပိုင်းသုံးပိုင်းခွဲ၍ ကျင်းပသွားမည် ဖြစ်ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း ရွေးကောက်ပွဲရာနှုန်းပြည့် အောင်မြင်စွာကျင်းပနိုင်ရေး ဆောင်ရွက်သွားကြရန်လိုကြောင်း၊ လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲပေးပိုင်ခွင့်ရှိသူ အားလုံး မဲပေးနိုင်ရန် အရေးကြီးသကဲ့သို့ ၂၀၂၀ ပြည့်နှစ်တွင်ကျင်းပခဲ့သည့် ရွေးကောက်ပွဲကဲ့သို့ မဲမသမာမှုများမဖြစ်ပေါ်စေရေးဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ မဲမသမာမှု များဖြစ်ပေါ်ခဲ့ခြင်းသည် မိမိတို့နိုင်ငံအတွက်ဆိုးရွားသည့် ဖြစ်ရပ်တစ်ခုပင်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ရွေးကောက်ပွဲတွင် မဲစာရင်းများမှားယွင်းမှုများကြောင့် တာဝန်ယူခဲ့သည့် အစိုးရဖြစ်သဖြင့် မိမိတို့ကျင်းပသည့် ရွေးကောက်ပွဲသည် မဲစာရင်းမှားယွင်းမှု မရှိရန်လိုကြောင်း၊ ရာနှုန်းပြည့်မှန်ကန်နိုင်မည် မဟုတ်သော်လည်း အတတ်နိုင်ဆုံးမှန် ကန်အောင်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက ပြောကြားသည်။ ထို့ပြင် မဲစာရင်းတွင် ပါဝင်သူများ မဲပေးခွင့် မဆုံးရှုံးစေရေးဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ဆန္ဒမဲပေးခြင်း မပေးခြင်းသည် မဲဆန္ဒရှင်များ၏ဆန္ဒဖြစ်ပြီး မဲပေးနိုင်အောင်ဆောင်ရွက်ပေးရမည်မှာ အစိုးရ၏ တာဝန်ပင်ဖြစ်ကြောင်း၊ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးသည် နိုင်ငံ၏ဂုဏ်သိက္ခာဖြစ်၍ ရွေးကောက်ပွဲကျင်းပမည့်နေရာများအားလုံးတွင် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အားလုံးက ဝိုင်းဝန်းဆောင်ရွက်သွားရန်လိုကြောင်း နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက ပြောကြားသည်။ ရွေးကောက်ပွဲ ကျင်းပရာတွင် မဲမသမာမှုများပြုလုပ်၍မရနိုင်သည့် မြန်မာအီလက်ထရောနစ် မဲပေးစက်(MEVM)များဖြင့် မဲပေးနိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း၊ လွတ်လပ်ပြီးတရားမျှတသည့် ရွေး ကောက်ပွဲ၊ သိက္ခာရှိသည့်ရွေးကောက်ပွဲဖြစ်စေရေး အားလုံးကဝိုင်းဝန်း ဆောင်ရွက်သွားရန်လိုကြောင်း၊ ရွေးကောက်ပွဲကျင်းပပြီးစီးချိန်တွင် လွှတ်တော်ကိုခေါ်ယူ၍ အသစ်ဖွဲ့စည်းမည့်အစိုးရအား နိုင်ငံတော်၏တာဝန်များကိုလွှဲပြောင်းပေးအပ်သွားမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲသည် ဒီမိုကရေစီနိုင်ငံစနစ်အရ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)အရ မဖြစ်မနေ အောင်မြင်အောင်ဆောင်ရွက်သွားရမည့်လုပ်ငန်းရပ်ဖြစ်ကြောင်း၊ ထို့ကြောင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူများအနေဖြင့်လည်း ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ဝိုင်းဝန်းဆောင်ရွက်သွားရန်လိုကြောင်းယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက ပြောကြားသည်။ အဆိုပါ တွေ့ဆုံပွဲသို့ ကော်မရှင်အတွင်းရေးမှူး တွဲဖက်အမှူဆောင်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ခရီးစဉ်တွင် လိုက်ပါလာသည့် အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် တိုင်းဒေသကြီးနှင့် ခရိုင်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ရန်ကုန်မြို့ရှိ ရွှေပိတောက်ငါးစျေး၊ သီရိမင်္ဂလာစျေး နှင့် သမိုင်းချောင်းတို့ကို ယာယီသမ္မတ လိုက်လံကြည့်ရှု စစ်ဆေး
ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဒီဇင်ဘာ ၁၁ ရက်တွင် ရန်ကုန်မြို့ရှိ ရွှေပိတောက်ငါးစျေး၊ သီရိမင်္ဂလာစျေးနှင့် သမိုင်းချောင်းတို့ကို လိုက်လံကြည့်ရှု၍ ရေစီးရေလာကောင်းမွန်ရေးနှင့် ဈေးများစနစ်တကျ ဖြစ်စေရေးဆောင်ရွက်ထားရှိမှု အခြေအနေများကို စစ်ဆေးခဲ့ကြောင်း သိရသည်။ ထိုသို့စစ်ဆေးရာတွင်...
