// | DailyBriefNews ရန်ကုန်မြို့လယ်တွင် နံရံကပ်ပန်ကာ အပူလွန်ကဲရာမှ ဘာဂါဆိုင်နှင့် ဖုန်းပြင်ဆိုင် မီးလောင်မှုဖြစ်ပွား -

ရန်ကုန်မြို့လယ်တွင် နံရံကပ်ပန်ကာ အပူလွန်ကဲရာမှ ဘာဂါဆိုင်နှင့် ဖုန်းပြင်ဆိုင် မီးလောင်မှုဖြစ်ပွား

စက်တင်ဘာလ ၁၈ ရက်၊ ၂၀၂၆

ရန်ကုန်မြို့လယ်၊ ကျောက်တံတားမြို့နယ်၊ (၂) ရပ်ကွက်၊ မဟာဗန္ဓုလပန်းခြံလမ်းနှင့် အနော်ရထာလမ်းထောင့်ရှိ ဘာဂါဆိုင်တွင် စက်တင်ဘာလ ၁၇ ရက် နံနက် ၈ နာရီ ၁၈ မိနစ်ခန့်က နံရံကပ်ပန်ကာ မော်တာ အပူလွန်ကဲရာမှ မီးလောင်မှု ဖြစ်ပွားခဲ့သဖြင့် ဘာဂါဆိုင်နှင့် ဖုန်းပြင်ဆိုင်တို့ မီးလောင် ဆုံးရှုံးခဲ့ကြောင်း သိရပါတယ်။

ဖြစ်စဉ်မှာ ESPANYOL Burger ဆိုင်၏ ပထမထပ် ဝန်ထမ်းများနေသည့် အခန်းတွင် နံရံကပ်ပန်ကာ ဖွင့်ထားစဉ် မော်တာ အပူလွန်ကဲရာမှ မီးပွားထွက်၍ အောက်ရှိ အဝတ်အထည်များပေါ်သို့ ကျကာ စတင် မီးလောင်ကျွမ်းခဲ့ခြင်း ဖြစ်ပါတယ်။ အဆိုပါ မီးလောင်မှုကြောင့် ESPANYOL Burger ဆိုင်နှင့် ကိုမင်း ဖုန်းပြုပြင်ရေးနှင့် ငွေလွှဲငွေထုတ် ဝန်ဆောင်မှုလုပ်ငန်းတို့မှ အတွင်းပစ္စည်းများ မီးလောင် ဆုံးရှုံးခဲ့သော်လည်း လူထိခိုက်မှု မရှိခဲ့ပါ။

မီးလောင်မှုကို မီးငြှိမ်းသတ်ယာဉ် ၁၀ စီး၊ ရေသယ်ယာဉ် ၁၁ စီးတို့ဖြင့် ဝိုင်းဝန်း ငြှိမ်းသတ်ခဲ့ရာ နံနက် ၉ နာရီ ၆ မိနစ်ခန့်တွင် မီးငြိမ်းသွားခဲ့ပါတယ်။ ဖြစ်စဉ်နှင့် ပတ်သက်၍ အသက် ၃၉ နှစ်အရွယ် အမျိုးသားတစ်ဦးအား ကျောက်တံတားမြို့မရဲစခန်းက ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ထိုင်းနိုင်ငံတွင် မြန်မာလုပ်သားများအတွက် ပန်းရောင်မှတ်ပုံတင်ကတ်ပြား တရားမဝင် ပြုလုပ်ပေးသည့် ကွန်ရက်ကို ဖမ်းဆီးရမိ
Next post ဖိလစ်ပိုင်တွင် ကျောင်းတွင်း ပစ်ခတ်မှုဖြစ်ပွား၍ ပစ်ခတ်သူ အပါအဝင် ၃ ဦး သေဆုံး