// | DailyBriefNews စက်ရုံများ ကုန်ထုတ်လုပ်မှုလျာထားချက် ပြည့်မီကျော်လွန်အောင် ထုတ်လုပ်ရန် ပြည်ထောင်စုဝန်ကြီး တိုက်တွန်း -

စက်ရုံများ ကုန်ထုတ်လုပ်မှုလျာထားချက် ပြည့်မီကျော်လွန်အောင် ထုတ်လုပ်ရန် ပြည်ထောင်စုဝန်ကြီး တိုက်တွန်း

စက်တင်ဘာလ ၁၄ ရက်၊ ၂၀၂၆

ဝန်ကြီးဌာနကွပ်ကဲမှုအောက်ရှိ စက်ရုံများအနေနဲ့ သတ်မှတ်ထားတဲ့ ကုန်ထုတ်လုပ်မှုလျာထားချက်များ ပြည့်မီကျော်လွန်အောင် ထုတ်လုပ်ကြရန် စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံဖြိုးတိုးတက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက တိုက်တွန်းခဲ့ကြောင်း သိရပါတယ်။

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြိုနယ်ရှိ ကျိုက်ဝိုင်း MSME ဗဟိုဌာနမှာ ဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ ဦးစီးဌာနနဲ့တာဝန်ခံများအား တွေ့ဆုံစဉ် ထိုသို ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။

စက်ရုံများအနေနဲ့ ပစ္စည်းချင်းတူပါက အရည်အသွေးပိုမိုကောင်းမွန်ရန်၊ အရည်အသွေးချင်းတူပါက ဈေးနှုန်းပိုမိုသက်သာရန်နဲ့ ထုပ်ပိုးမှုပိုမိုကောင်းမွန်ရန် ကြိုးပမ်းဆောင်ရွက်ရမှာ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို စက်စွမ်းအားပြည့် လည်ပတ်နိုင်ရေး ပြင်ဆင်ထားရန်၊ ပြည်သူများအပေါ် တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်ဖြင့် ဆောင်ရွက်ရန်နဲ့ ရလဒ်အခြေပြု စီမံခန့်ခွဲမှုစနစ်ဖြင့် လုပ်ငန်းများ အကောင်အထည်ဖော်ရန်လည်း မှာကြားခဲ့ကြောင်းသိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၁၄.၉.၂၀၂၆) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ငွေလဲလှယ်နှုန်းနှင့်စက်သုံးဆီဈေးနှုန်းများ
Next post အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံ အဝေးပြေးလမ်းနှင့် ကုလားတန် စီမံကိန်းကိစ္စများ နေပြည်တော်၌ တွေ့ဆုံဆွေးနွေး