// | DailyBriefNews ကမ္ဘာကျော်အမွေအနှစ် ရှေးဟောင်းဘာသာရေးအဆောက်အအုံဖြစ်သော “အန်ကောဝပ်” ကျောင်းတော်ကို နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ကြည့်ရှုလေ့လာ -

ကမ္ဘာကျော်အမွေအနှစ် ရှေးဟောင်းဘာသာရေးအဆောက်အအုံဖြစ်သော “အန်ကောဝပ်” ကျောင်းတော်ကို နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ကြည့်ရှုလေ့လာ

စက်တင်ဘာလ ၁၂ ရက်၊ ၂၀၂၆

ကမ္ဘောဒီးယားနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် (State Visit) ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် စက်တင်ဘာလ ၁၂ ရက် မွန်းလွဲပိုင်းတွင် ဆီရမ်ရိပြည်နယ်ရှိ ကမ္ဘာ့အမွေအနှစ် အန်ကောဒေသအတွင်းမှ ကမ္ဘာကျော် “အန်ကောဝပ်” ကျောင်းတော်သို့ သွားရောက်ကြည့်ရှုလေ့လာခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတော်သမ္မတနှင့် အဖွဲ့သည် အန်ကောဝပ်ကျောင်းတော်အတွင်းရှိ ရှေးဟောင်းအဆောက်အအုံများ၊ ခမာဗိသုကာလက်ရာများ၊ ကျောက်ဆစ်ပန်းပု၊ နံရံပန်းချီနှင့် ရုပ်ကြွလက်ရာများကို လှည့်လည်ကြည့်ရှုခဲ့ကြပြီး ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ထားရှိမှု အခြေအနေများကိုလည်း လေ့လာခဲ့ကြပါတယ်။

အန်ကောဝပ်ကျောင်းတော်သည် ၁၂ ရာစုအစောပိုင်း ခမာဘုရင် Suryavarman II လက်ထက်တွင် ဟိန္ဒူဘာသာရေးကျောင်းတော်အဖြစ် စတင်တည်ဆောက်ခဲ့ပြီး နောက်ပိုင်းတွင် ဗုဒ္ဓဘာသာဆိုင်ရာ အဆောက်အအုံအဖြစ် ပြောင်းလဲအသုံးပြုခဲ့ခြင်း ဖြစ်ပါတယ်။အလယ်ဗဟိုရှိ မျှော်စင် ၅ ခု၊ ပတ်လည်ရေကန်ကြီးနှင့် Ramayana၊ Mahabharata ဇာတ်ကြောင်းပါ ကျောက်ဆစ်ရုပ်ကြွများကြောင့် ထင်ရှားသည့် အဆိုပါကျောင်းတော်ကို UNESCO က ၁၉၉၂ ခုနှစ်တွင် ကမ္ဘာ့အမွေအနှစ်စာရင်း၌ ထည့်သွင်းခဲ့ပြီး လက်ရှိတွင် ကမ္ဘောဒီးယားနိုင်ငံတော်အလံ၌ပင် ထည့်သွင်းဖော်ပြထားသည့် ထင်ရှားသော အမျိုးသားသင်္ကေတတစ်ခု ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၁၂.၉.၂၀၂၆) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ငွေလဲလှယ်နှုန်းနှင့်စက်သုံးဆီဈေးနှုန်းများ
Next post **နိုင်ငံတော်သမ္မတ ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ ကမ္ဘောဒီးယားနိုင်ငံမှ ပြန်လည်ထွက်ခွာ**