// | DailyBriefNews ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သမ္မတ ကမ္ဘောဒီးယားနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်အဖြစ် ရောက်ရှိ -

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သမ္မတ ကမ္ဘောဒီးယားနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်အဖြစ် ရောက်ရှိ

စက်တင်ဘာလ ၁၁ ရက်၊ ၂၀၂၆

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတသည် ကမ္ဘောဒီးယားနိုင်ငံ ဘုရင်မင်းမြတ် ပရယ်ဘတ် ဆမ်ဒက် ပရယ် ဘိုရိုနစ် နိုရိုဒွန် သီဟာမိုနီ၏ ဖိတ်ကြားချက်အရ ကမ္ဘောဒီးယားနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်အဖြစ် ယနေ့နံနက်ပိုင်းတွင် ဖနွမ်းပင်မြို့ရှိ Techo အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့ကြောင်း သိရပါတယ်။

လေဆိပ်၌ နိုင်ငံတော်သမ္မတ ဦးဆောင်သည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့အား ကမ္ဘောဒီးယားနိုင်ငံမှ အဆင့်မြင့် တာဝန်ရှိသူများ၊ မြန်မာသံအမတ်ကြီး၊ စစ်သံမှူးနှင့် သံရုံးမိသားစုဝင်များက ကော်ဇောနီတစ်လျှောက် ဂုဏ်ပြုတပ်ဖွဲ့ဖြင့် နွေးထွေးစွာ ကြိုဆိုခဲ့ကြပါတယ်။ ထို့ပြင် ကမ္ဘောဒီးယား ပြည်သူများကလည်း လေဆိပ်လျှောက်လမ်းများတစ်လျှောက် နှစ်နိုင်ငံအလံများ၊ ခေါင်းဆောင်များ၏ ဓာတ်ပုံများနှင့် ပန်းစည်းများကို ကိုင်ဆောင်ကာ သောင်းသောင်းဖြဖြ ဂုဏ်ပြုကြိုဆိုခဲ့ကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post Benjamin Sesko ၏ ခြေစွမ်းပြမှုနှင့်အတူ မန်ယူအသင်း၏ ချန်ပီယံလိဂ် ပွဲစဉ်တွင် အနိုင်ရ
Next post ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတအား ကမ္ဘောဒီးယားနိုင်ငံ နိုင်ငံတော်ယာယီအကြီးအကဲ ဆမ်ဒက်ဟွန်ဆင်က ဂုဏ်ပြုကြိုဆို