// | DailyBriefNews တက္ကသိုလ်ကျောင်းသားတို့သဘာဝ အလွဲများစွာပါဝင်သည့် “စာမျက်နှာ ၁၆” အချစ်ဟာသ ဇာတ်လမ်းတွဲ မိတ်ဆက်ပွဲ ကျင်းပ -

တက္ကသိုလ်ကျောင်းသားတို့သဘာဝ အလွဲများစွာပါဝင်သည့် “စာမျက်နှာ ၁၆” အချစ်ဟာသ ဇာတ်လမ်းတွဲ မိတ်ဆက်ပွဲ ကျင်းပ

စက်တင်ဘာလ ၁၁ ရက်၊ ၂၀၂၆

Lovely World Production မှ စီစဉ်ပြီး တက္ကသိုလ်ကျောင်းသားတို့ သဘာဝအလွဲများစွာဖြင့် ပုံဖော်ထားသည့် “စာမျက်နှာ ၁၆” အချစ်ဟာသ ဇာတ်လမ်းတွဲ မိတ်ဆက်ပွဲ အခမ်းအနားကို စက်တင်ဘာ ၁၀ ရက် နေ့လယ်ပိုင်းက ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်ရှိ ဝဇီရာရုပ်ရှင်ရုံ၌ ကျင်းပခဲ့ပါတယ်။

အဆိုပါ ဇာတ်လမ်းတွဲကို D.O.P အောင်စည်သူ၊ ဇာတ်လမ်းနှင့် ဇာတ်ညွှန်း ဆူးခက်မင်း၊ လက်ထောက်ဒါရိုက်တာ ဝင်းမြင့်ဦးတို့နှင့်အတူ ဒါရိုက်တာ သားညီ က ရန်ကုန်တက္ကသိုလ်အတွင်း လအတန်ကြာ သွားရောက်ပုံဖော် ရိုက်ကူးခဲ့ခြင်း ဖြစ်ပါတယ်။ သရုပ်ဆောင် ဟိန်းသီဟက “ဒီဇာတ်လမ်းတွဲလေးက တကယ်ကို အမှတ်တရပါပဲ။ ရန်ကုန်တက္ကသိုလ်ထဲမှာ ရိုက်ကူးတဲ့အချိန်မှာ ခုချိန်မှာ အဲဒီအနားကနေ ဖြတ်သွားတိုင်း ကျောင်းကြီးကို လွမ်းမိတဲ့ ခံစားချက်ထိဖြစ်ပါတယ်။ တက္ကသိုလ် နောက်ခံ အချစ်ဇာတ်ကားလေး ဖြစ်တဲ့အတွက် အားပေးကြပါဦး” ဟု ပြောကြားခဲ့ပါတယ်။

ယင်း ဇာတ်လမ်းတွဲတွင် ဟိန်းသီဟ၊ ဗီတာမင်၊ လင်းဘုန်းအိမ်၊ ဒိုပေါက်၊ သံသာညီ၊ စနိုးကြည်ဖြူ၊ ရွှေအင်ကြင်း၊ ခိုင်စု၊ Kညီ၊ မောင်ကင်း၊ ပေါင်မုန့်၊ တေဇာ၊ ဩဘာ၊ အာလူး၊ ပေသီး၊ ခန့်မင်းသူ၊ ရဲကြီး၊ ထက်ကောင်းကင်၊ ကောင်း၊ စိန်ပဲကြော်နှင့် အဖွဲ့၊ ဧည့်သည်သရုပ်ဆောင် အနှစ်၊ ယွန်းအိန္ဒြာစိုး တို့အပါအဝင် အနုပညာရှင်များစွာ ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ အပိုင်း ၁၆ ပိုင်းပါဝင်သည့် အဆိုပါ “စာမျက်နှာ ၁၆” ဇာတ်လမ်းတွဲကို လာမည့် စက်တင်ဘာ ၁၉ ရက်နေ့မှစ၍ စနေနှင့် တနင်္ဂနွေနေ့တိုင်း ည ၇ နာရီတွင် M Channel နှင့် BebeeTv တို့မှ စတင်ပြသသွားမည်ဖြစ်ကြောင်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ကမ္ဘောဒီးယားနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် စတင်ထွက်ခွာ
Next post ကြားဖြတ်ရွေးကောက်ပွဲတွင် အနိုင်ရပါက အမေရိကန်နိုင်ငံသားတိုင်းအား ဒေါ်လာ ၅,၀၀၀ စီ ပေးမည်ဟု သမ္မတ ဒေါ်နယ်ဒ် ထရမ့်ပ် ပြောကြား