// | DailyBriefNews “သင်္ကြန်မိုး” ဇာတ်ညွှန်းအဖွဲ့ဝင် စာရေးဆရာ၊ ဒါရိုက်တာ ဦးအောင်စိုးဦး ကွယ်လွန် -

“သင်္ကြန်မိုး” ဇာတ်ညွှန်းအဖွဲ့ဝင် စာရေးဆရာ၊ ဒါရိုက်တာ ဦးအောင်စိုးဦး ကွယ်လွန်

စက်တင်ဘာလ ၉ ရက်၊ ၂၀၂၆

ထင်ရှားသည့် “သင်္ကြန်မိုး” ရုပ်ရှင်ဇာတ်ကား၏ ဇာတ်ညွှန်းအဖွဲ့ဝင်တစ်ဦးဖြစ်သူ စာရေးဆရာ၊ ဒါရိုက်တာနှင့် ဥပဒေပညာရှင် ဦးအောင်စိုးဦးသည် စက်တင်ဘာ ၈ ရက် ည ၇ နာရီခွဲခန့်တွင် ကွယ်လွန်သွားခဲ့ကြောင်း သိရပါတယ်။

ကွယ်လွန်သူ ဦးအောင်စိုးဦးသည် မြန်မာစာဆရာကြီး ဂုဏ်ထူးဦးသိန်းနိုင်၏ အသက် ၉၀ ပြည့် “ဂုဏ်ထူးစာစောင်” စာအုပ်ကို ဦးဆောင်စီစဉ်ခဲ့ပြီး မကွယ်လွန်မီ စက်တင်ဘာ ၆ ရက်က ရန်ကုန်မြို့ ဝန်ကြီးများရုံး၌ ပြုလုပ်ခဲ့သည့် စာအုပ်မိတ်ဆက်ပွဲတွင် အဖွင့်အမှာစကား ပြောကြားခဲ့ပါသေးတယ်။

၎င်းသည် ၁၉၉၄ ခုနှစ်က ရိုက်ကူးခဲ့သည့် “နော်ရင်မွှေး” ရုပ်ရှင်ဇာတ်ကားကို ဒါရိုက်တာအဖြစ် ရိုက်ကူးခဲ့သူ ဖြစ်သည့်အပြင် မြန်မာမီဒီယာရှေ့နေများကွန်ရက် ဥက္ကဋ္ဌအဖြစ်လည်း တာဝန်ယူခဲ့ဖူးပါတယ်။ ထို့ပြင် စာရေးဆရာကြီး ပါရဂူ၏ စာပေ မူပိုင်ခွင့်များ ကာကွယ်ရေးအဖွဲ့တွင်လည်း တရားလွှတ်တော်ရှေ့နေအဖြစ် ပါဝင်ဆောင်ရွက်ခဲ့ကြောင်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ထိုင်းနိုင်ငံရှိ မူကြိုကျောင်းတစ်ခု၌ ဆရာမတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ၊ ကလေးငယ်များ ဘေးကင်းပြီး ကျူးလွန်သူမှာ ဆရာမ၏ ခင်ပွန်း ရဲအရာရှိဟုဆို
Next post အရှေ့အလယ်ပိုင်း ပဋိပက္ခကြောင့် ရေနံစိမ်းတစ်စည် ဒေါ်လာ ၁၀၀ ကျော်သို့ ပြန်လည်မြင့်တက်