ဗီယက်နမ်နိုင်ငံ သမ္မတ မစ္စတာ တိုလန်းနှင့် ဇနီးတို့က နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီးအား နိုင်ငံတော်အဆင့် ဂုဏ်ပြုကြိုဆို

စက်တင်ဘာလ ၅ ရက်၊ ၂၀၂၆
ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံသို့ တရားဝင်ခရီးစဉ် ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတနှင့် ဇနီးတို့အား စက်တင်ဘာ ၅ ရက် နံနက်ပိုင်းတွင် ဗီယက်နမ်နိုင်ငံ သမ္မတ မစ္စတာ တိုလန်းနှင့် ဇနီးတို့က အမျိုးသားလွှတ်တော် (National Assembly Building) ရှေ့ရင်ပြင်၌ နိုင်ငံတော်အဆင့် ဂုဏ်ပြုကြိုဆိုပွဲ အခမ်းအနားဖြင့် ဂုဏ်ပြုကြိုဆိုခဲ့ပါတယ်။

နိုင်ငံတော်သမ္မတနှင့် ဇနီးတို့ အခမ်းအနားကျင်းပရာနေရာသို့ ရောက်ရှိလာစဉ် ဗီယက်နမ်သမ္မတ မစ္စတာ တိုလန်းနှင့် ဇနီးတို့က လှိုက်လှဲနွေးထွေးစွာ ကြိုဆိုခဲ့ကြပါတယ်။

ထို့နောက် သမ္မတနှစ်ဦးသည် အလေးပြုခံစင်မြင့်ထက်၌ နေရာယူကြပြီး၊ ဂုဏ်ပြုတပ်ဖွဲ့က နှစ်နိုင်ငံ နိုင်ငံတော်သီချင်းများ တီးမှုတ်၍ ဂုဏ်ပြုအလေးပြုမှုကို ခံယူခဲ့ကြပါတယ်။ ယင်းသို့ တီးမှုတ်ဂုဏ်ပြုနေစဉ် ဗီယက်နမ်နိုင်ငံ ဂုဏ်ပြုအမြောက်တပ်ဖွဲ့မှ အမြောက် ၂၁ ချက် ပစ်ဖောက်၍ ဂုဏ်ပြုကြိုဆိုခဲ့ကြောင်း သိရပါတယ်။

