// | DailyBriefNews မြန်မာ-ဗီယက်နမ် ဘက်စုံပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေး (၁၀)နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားများ ပြုလုပ်မည် -

မြန်မာ-ဗီယက်နမ် ဘက်စုံပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေး (၁၀)နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားများ ပြုလုပ်မည်

ဩဂုတ်လ ၂၇ ရက်၊ ၂၀၂၆

နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေနှင့် နေပြည်တော်သို့ တရားဝင်ခရီးစဉ် ရောက်ရှိနေသည့် ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ လေဟွိုင်ချုံးတို့သည် (၁၀) ကြိမ်မြောက် မြန်မာ-ဗီယက်နမ် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု ပူးတွဲကော်မရှင်အစည်းအဝေးကို ဩဂုတ် ၂၆ ရက်တွင် နေပြည်တော် Park Royal ဟိုတယ်၌ ဦးဆောင်ကျင်းပခဲ့ပါတယ်။

အစည်းအဝေးတွင် ၂၀၂၇ ခုနှစ်၌ ကျရောက်မည့် မြန်မာ-ဗီယက်နမ် ဘက်စုံပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေး (၁၀)နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားများ ကျင်းပရန် စီစဉ်ဆောင်ရွက်မည့်အပြင် နိုင်ငံရေး၊ ကာကွယ်ရေး၊ စီးပွားရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု၊ သယ်ယူပို့ဆောင်ရေး၊ နည်းပညာ၊ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေးနှင့် ခရီးသွား ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်ရေးကိစ္စများကို ဆွေးနွေးခဲ့ကြပါတယ်။

ထို့ပြင် ဗီယက်နမ် ရင်းနှီးမြှုပ်နှံသူများအား ရတနာပုံဆိုင်ဘာစီးတီး အပါအဝင် မြန်မာနိုင်ငံ၏ နည်းပညာအထူးဇုန်များတွင် လာရောက်ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်ခဲ့ပြီး၊ အာဆီယံ၊ ACMECS နှင့် CLMV စသည့် ဒေသတွင်း/နိုင်ငံတကာ မူဘောင်များအောက်တွင် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားရန်နှင့် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာမျက်နှာစာတွင် မြန်မာနိုင်ငံ တန်းတူအခွင့်အရေး ရရှိရေးနှင့် ငြိမ်းချမ်းရေး ကြိုးပမ်းမှုများကို ဗီယက်နမ်ဘက်မှ ဆက်လက်ထောက်ခံသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ကာ အစည်းအဝေးအပြီးတွင် နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများသည် သဘောတူညီချက်မှတ်တမ်းအား လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ပုသိမ်ကြီးမြို့နယ်တွင် အရုဏ်ဆွမ်း ဘုန်းပေးခဲ့သည့် သံဃာ ၉၀ ကျော် အစာအဆိပ်သင့်မှုဖြစ်ပွား
Next post ထိုင်းရှိ မြန်မာလုပ်သားများအတွက် U-turn လုပ်ငန်းစဉ်နှင့် CI ထုတ်ပေးရေးဆိုင်ရာ မြန်မာ-ထိုင်း ဆွေးနွေး