// | DailyBriefNews တရုတ်သမ္မတ ရှီကျင့်ဖျင် လာမည့်စက်တင်ဘာလအတွင်း BRICS ထိပ်သီးအစည်းအဝေး တက်ရောက်ရန် အိန္ဒိယသို့ သွားရောက်ဖွယ်ရှိ -

တရုတ်သမ္မတ ရှီကျင့်ဖျင် လာမည့်စက်တင်ဘာလအတွင်း BRICS ထိပ်သီးအစည်းအဝေး တက်ရောက်ရန် အိန္ဒိယသို့ သွားရောက်ဖွယ်ရှိ

IMG_20260825_154820_413

ဩဂုတ်လ ၂၆ ရက်၊ ၂၀၂၆

တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ ရှီကျင့်ဖျင်သည် လာမည့် စက်တင်ဘာလအတွင်း ကျင်းပမည့် BRICS ထိပ်သီး အစည်းအဝေး ၂၀၂၆ သို့ တက်ရောက်ရန် အိန္ဒိယနိုင်ငံသို့ သွားရောက်ဖွယ်ရှိနေပြီး ယင်းမှာ ခုနစ်နှစ်နီးပါးကာလအတွင်း ၎င်း၏ ပထမဆုံး အိန္ဒိယခရီးစဉ် ဖြစ်လာမည် ဖြစ်ပါတယ်။

၂၀၂၀ ပြည့်နှစ်က Galwan နယ်စပ်ပဋိပက္ခကြောင့် နှစ်နိုင်ငံအကြား တင်းမာမှုများ ရှိခဲ့သော်လည်း လက်ရှိတွင် ဆက်ဆံရေးနှင့် သံတမန်ရေး ပြန်လည်ထူထောင်ရန် ကြိုးပမ်းနေချိန်၌ ယခုခရီးစဉ် ထွက်ပေါ်လာခြင်း ဖြစ်ပါတယ်။ ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် တရုတ်နိုင်ငံ တီယန်ကျင်းမြို့၌ ကျင်းပခဲ့သော ရှန်ဟဲပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) ထိပ်သီးအစည်းအဝေးစဉ်ကလည်း အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာ မိုဒီနှင့် သမ္မတ ရှီကျင့်ဖျင်တို့ ဘေးထွက်တွေ့ဆုံမှု ပြုလုပ်ခဲ့ကြပါတယ်။

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင် စက်တင်ဘာ ၁၂ ရက်နှင့် ၁၃ ရက်တို့၌ ကျင်းပမည့် အဆိုပါ BRICS ထိပ်သီးအစည်းအဝေးသို့ သမ္မတ ရှီကျင့်ဖျင်သည် ကိုယ်စားလှယ်အဖွဲ့နှင့်အတူ တက်ရောက်ရန် မျှော်လင့်ရပြီး တရုတ်အရာရှိများအနေဖြင့်လည်း ဟိုတယ်နှင့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရင်းမြစ်များ၏ ပြောကြားချက်အရ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post အွန်လိုင်းလောင်းကစားများ ထိရောက်စွာ တိုက်ဖျက်ရေး ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် မေးမြန်း
Next post ‘အမ် ဆိုင်ယာနိုက်’ ဟု နာမည်ကျော်သည့် ကွင်းဆက်လူသတ်သမားအမျိုးသမီးကို ထိုင်းတရားရုံးက ဒုတိယအကြိမ် သေဒဏ်စီရင်ချက်ချ