// | DailyBriefNews သန်လျင် စိန်ကုန်းဗလီ တရားမဝင် တိုးချဲ့ဆောက်လုပ်မှု ၉၀ ရာခိုင်နှုန်း ပြန်လည်ဖြိုဖျက်ပြီးစီး -

သန်လျင် စိန်ကုန်းဗလီ တရားမဝင် တိုးချဲ့ဆောက်လုပ်မှု ၉၀ ရာခိုင်နှုန်း ပြန်လည်ဖြိုဖျက်ပြီးစီး

ဩဂုတ်လ ၂၆ ရက်၊ ၂၀၂၆

သန်လျင်မြို့နယ်ရှိ စိန်ကုန်းဗလီအတွင်း တရားမဝင် အဆောက်အအုံများ တိုးချဲ့ဆောက်လုပ်မှုနှင့် ပတ်သက်၍ ဒဏ်ကြေးများ ချမှတ်ထားပြီး လက်ရှိတွင် ၉၀ ရာခိုင်နှုန်း ပြန်လည်ဖြိုဖျက်ပြီးစီးပြီဖြစ်ကြောင်း အစိုးရ သတင်းမှန်ထုတ်ပြန်ရေးအဖွဲ့၏ ပြန်လည်ဖြေကြားချက်အရ သိရပါတယ်။

အဆိုပါ တရားမဝင် ဆောက်လုပ်မှုများအတွက် သက်ဆိုင်ရာ ဌာနဆိုင်ရာ ဝန်ထမ်းများကို ငွေကြေး လာဘ်လာဘ ပေးထားသည်ဆိုသည့် လူမှုကွန်ရက်ပေါ်ရှိ သတင်းများနှင့် ပတ်သက်၍ မြေပြင် စစ်ဆေးမှုများပြုလုပ်ခဲ့ရာ ငွေကြေး ပေးဆောင်ခဲ့ခြင်းမရှိကြောင်း ပေါ်ပေါက်ခဲ့ပါတယ်။

ထို့အပြင် မြို့နယ်စည်ပင်အဖွဲ့က ၂၀၂၆ ခုနှစ် ဧပြီလမှ မေလအတွင်း စုစုပေါင်း ၄ ကြိမ်တိုင် တားမြစ်စာ ပေးပို့ခဲ့သော်လည်း ဆက်လက် ဆောက်လုပ်နေခဲ့သည့်အတွက် တရားရုံးတွင် တရားစွဲဆိုခဲ့ရာ သန်လျင်တရားရုံးက ဩဂုတ် ၈ ရက်တွင် ဒဏ်ငွေ ၁ သိန်းနှင့် ဩဂုတ် ၁၈ ရက်တွင် ဒဏ်ငွေ ၇၁ သိန်း ထပ်မံပေးဆောင်ရန် အမိန့်ချမှတ်ခဲ့ပါတယ်။ လက်ရှိတွင် အဆောက်အအုံများကို စေတနာ့ဝန်ထမ်း မိမိတို့သဘောဆန္ဒအတိုင်း ပြန်လည်ဖျက်ဆီးလျက်ရှိရာ ၉၀ ရာခိုင်နှုန်း ဖြိုဖျက်ပြီးဖြစ်ကြောင်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား
Next post အွန်လိုင်းလောင်းကစားများ ထိရောက်စွာ တိုက်ဖျက်ရေး ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် မေးမြန်း