// | DailyBriefNews ထိုင်းစစ်တပ်က သံချပ်ကာယာဉ်များ၊ M777 နှင့် HIMARS ဒုံးကျည်စနစ်များ ဝယ်ယူပေးရန်အပြင် ဒရုန်းစစ်ဆင်ရေးဗဟိုဌာနထူထောင်ရေးပါ တောင်းဆို -

ထိုင်းစစ်တပ်က သံချပ်ကာယာဉ်များ၊ M777 နှင့် HIMARS ဒုံးကျည်စနစ်များ ဝယ်ယူပေးရန်အပြင် ဒရုန်းစစ်ဆင်ရေးဗဟိုဌာနထူထောင်ရေးပါ တောင်းဆို

ဩဂုတ်လ ၂၅ ရက်၊ ၂၀၂၆

ထိုင်းတော်ဝင်စစ်တပ်သည် ပြောင်းလဲလာသော လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုများကို တုံ့ပြန်ရန်နှင့် စစ်ဆင်ရေး အသင့်ပြင်ဆင်ထားရှိမှု မြှင့်တင်ရန်အတွက် ဘီးတပ်သံချပ်ကာယာဉ်များ၊ M777 ၁၅၅ မီလီမီတာ ဟောင်ဝစ်ဇာ အမြောက်များနှင့် HIMARS ဒုံးပစ်လောင်ချာ စနစ်များ အပါအဝင် စစ်ဘက်ဆိုင်ရာ ကိရိယာသစ်များ ဝယ်ယူခွင့်ပြုရန် ကာကွယ်ရေးဝန်ကြီး အဒူးလ် ဘွန်သမ်ချာရိုအန်ထံ အဆိုပြု တောင်းဆိုလိုက်ပါတယ်။

ထို့ပြင် စစ်တပ်သည် လေကြောင်း စစ်ဆင်ရေး တပ်ဖွဲ့များကို ပြန်လည်ဖွဲ့စည်း၍ မောင်းသူမဲ့ လေကြောင်းစစ်ဆင်ရေး ဗဟိုဌာန (Unmanned Aerial Warfare Centre) သို့မဟုတ် ဒရုန်းတပ်ရင်း ထူထောင်ရန်နှင့် တပ်ဖွဲ့ဝင်များ မြှင့်တင်ရေးအတွက် အပိုဆောင်း ရန်ပုံငွေများကိုပါ တောင်းဆိုထားပါတယ်။

တစ်ချိန်တည်းမှာပင် ကာကွယ်ရေးဝန်ကြီးက ရှေ့တန်းစစ်ဆင်ရေးများအပြင် ပြည်တွင်းရော ပြည်ပပါ ဆောင်ရွက်နေသည့် သတင်းအချက်အလက် စစ်ဆင်ရေးများ (Information Warfare) သည်လည်း ပိုမိုကြီးမားသော စိန်ခေါ်မှုဖြစ်လာနေကြောင်း အလေးပေးပြောကြားခဲ့ပါတယ်။

လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့နေသည့် နားလည်မှုလွဲမှားစေသော သတင်းအမှားများကို တုံ့ပြန်နိုင်ရန်နှင့် အများပြည်သူသို့ စိတ်ချယုံကြည်ရသည့် သတင်းအချက်အလက်များ ပေးအပ်နိုင်ရန်အတွက် ထိုင်း-ကမ္ဘောဒီးယား အခြေအနေများတွင် သုံးခဲ့သည့် ပူးတွဲသတင်းအချက်အလက်ဗဟိုဌာန (JIC) ကဲ့သို့ တရားဝင် သတင်းရင်းမြစ် တစ်ခုတည်းမှတစ်ဆင့် စစ်ဘက်ဆိုင်ရာ ဆက်သွယ်ရေးများကို ပိုမိုအားကောင်းစွာ ပေါင်းစပ်ထုတ်ပြန်သွားရန်လည်း တိုက်တွန်းထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ရုရှားနှင့် ဗြိတိန် ဆက်ဆံရေး တင်းမာမှု မြင့်တက်လာပြီး လန်ဒန်ရှိ ရုရှားသံအမတ်ကြီး လန်ဒန်မှ ထွက်ခွာမည်
Next post အိန္ဒိယသမ္မတနိုင်ငံက တပ်မတော်ဆေးတက္ကသိုလ်အတွက် ဆေးပညာသင်ကြားရေးဆိုင်ရာ သင်ထောက်ကူပစ္စည်းများ ပေးအပ်လှူဒါန်း